ကိုယ်တောင့်တနေတာ
မင်းရင်ထဲက
စကားတစ်ခွန်းမဟုတ်ဘူး။
ကိုယ်တောင့်တနေတာ
မင်းရင်ထဲက
အပြုအမူတစ်ခုမဟုတ်ဘူး။
ကိုယ်တောင့်တနေတာ
မင်းရင်ထဲက
ဘာဆိုဘာမှမဟုတ်ဘူး။
ကိုယ်တောင့်တနေတာ
ဘဝမှာ ကျန်းမာချမ်းသာ
မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်
နေထိုင်ရဖို့ပါ။
လေးစားစွာဖြင့်
လရိပ်အိမ်
Showing posts with label ရင်တွင်းဖြစ်ကဗျာများ. Show all posts
Showing posts with label ရင်တွင်းဖြစ်ကဗျာများ. Show all posts
Sunday, October 19, 2014
Sunday, April 27, 2014
1+1=2
စာတွေမရေးဖြစ်တာ အရမ်းကြာသွားပြီနော်။
အလုပ်တဖက် ၊ ကျောင်းတဖက် ၊ ကျန်းမာရေးတဖက်နဲ့ နားချိန်မရှိလို့ပါ။
အလုပ်နားတဲ့ရက်ဆိုလဲ စာရေးဖို့ဘက်ကိုမရောက်နိုင်လို့ပါ။
တကယ်တမ်းတော့ မနားရတာပါ။
ရေးမဲ့စာတွေ ခေါင်းထဲရောက်လာပေမဲ့ ပြန်ချရေးဖို့ အချိန်မရှိလေတော့ လွင့်ပြယ်သွားတဲ့စာတွေကို ဖမ်းဆုပ်ပိုင်ခွင့်လေးတောင်မရှိတော့တဲ့ဘဝ။
တချို့နားတဲ့ရက်တွေမှာ ကွန်ပြူတာတောင်ကိုယ့်ကို ပြုံးပြုံးလေးနဲ့ကြည့်နေလေရဲ့။
................................................................................................................
တခါတလေမှာ လွမ်းတယ်
တခါတလေမှာ မုန်းတယ်
တခါတလေမှာ ချစ်နေသေးတယ်
တခါတလေမှာ မချစ်တော့ဘူး
လိမ်တာတွေကို ပြန်စဉ်းစားမယ်ဆိုရင်
ငါ့ဘဝထဲက အပြီးအပိုင်ထွက်လိုက်တော့
လေးစားစွာဖြင့်
လရိပ်အိမ်
Sunday, March 16, 2014
သူငယ်ချင်း
သူငယ်ချင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ
ပျော်ရွှင်ယုယမှုတွေရှိတယ်
ဟန်ဆောင်ပေါင်းသင်းမှုတွေရှိတယ်။
ကိုယ်ကျိုးအတွက်
ခုတုံးလုပ်တဲ့သူတွေရှိတယ်။
သူငယ်ချင်းဆိုတဲ့
စကားလုံးအောက်မှာ
ညှာတာကင်းမဲ့တဲ့
မျက်လုံးအစုံပေါင်းနဲ့
ဒုက္ခရောက်နေတာကို
မိန့်မိန့်ကြီးကြည့်နေတဲ့သူတွေရှိတယ်။
သူငယ်ချင်းဆိုတဲ့
မျက်ဝန်းတွေအောက်မှာ
ကိုယ်ဟာ ..........
ယောင်နနဖြစ်ခဲ့ရဖူးတယ်။
လေးစားစွာဖြင့်
လရိပ်အိမ်
Wednesday, November 20, 2013
အတွေးလေး
ဆောင်းကအေးပေမဲ့
နှလုံးသားက
မလောင်ကျွမ်းနေခဲ့ဘူး။
ဆောင်းကအေးသလို
နှလုံးသားက
အေးခဲနေခဲ့တာ
ကြာခဲ့ပါပြီ။
ရင်ထဲမှာ
အလွမ်းတွေလဲ
မသိုသိပ်ထားချင်တော့ဘူး။
ကိုယ့်ရဲ့နှလုံးသားလေး
ပုပ်သွားမှာစိုးလို့ပါ။
ဆေးတွေဆိုတာ
ကောင်းတဲ့အရာတော့မဟုတ်ဘူး။
တစ်စုံတစ်ယောက်ကြောင့်
မပုပ်မသိုးဆေးတွေ
ကိုယ့်ရဲ့နှလုံးသားလေးထဲ
အဝင်မခံချင်တော့တာပါ။
လေးစားစွာဖြင့်
လရိပ်အိမ်
P.S စာမရေးတာ တော်တော်ကြာသွားခဲ့တယ်။ မရေးချင်တာမဟုတ်ပါဘူး ၊ မအားလို့ပါ။ ကျန်းမာရေးမကောင်းပေမဲ့လဲ အသက်ရှင်နေသရွေ့ကြိုးစားနေရအုန်းမယ်။
Friday, July 12, 2013
အသည်းကွဲသွားသောသူများ
ဆန္ဒနဲ့ဘဝ
တထပ်တည်းကျလို့
ချစ်တဲ့သူ အချင်းချင်း
ဆုံတွေ့ရဖို့
ငါတို့နှလုံးသားတွေ
အကြိမ်ကြိမ်
ဘယ်လောက်များ
စတေးခံလိုက်ရပြီလဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
တထပ်တည်းကျလို့
ချစ်တဲ့သူ အချင်းချင်း
ဆုံတွေ့ရဖို့
ငါတို့နှလုံးသားတွေ
အကြိမ်ကြိမ်
ဘယ်လောက်များ
စတေးခံလိုက်ရပြီလဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
Tuesday, February 5, 2013
HAPPY BIRTHDAY FOR SOMEONE!
မင်းကို
သိပ်သတိရတယ်
မရနဲ့လို့ပြောရင်
ခုချိန်ထိ
ငါမလက်ခံနိုင်သေးဘူး
အဲဒီအတွက် ခွင့်လွှတ်ပေးပါ။
မမျှော်လင့်ထားတာကို
ရုတ်တရက် သိခွင့်ရမယ်လို့
ဘယ်တုန်းကမှ မမျှော်မှန်းထားခဲ့ဘူး။
တနေ့နေ့မှာ
ဒီလိုအဖြစ်မျိုးတွေ
ဖြစ်လာမှာကို
နင့်ဘက်က
ဘယ်နှစ်နှစ်လောက်တည်းက
ကြိုတွေးပြီးသားဖြစ်မှာပါ။
အရာရာတွေကို
ခုထိ
အိပ်မက်လို့ဘဲ
ထင်ချင်နေသေးတယ်။
နင့်နှလုံးသား
တိမ်ပေါ်မှာ မြူးတူးပျော်ပါးလို့
ငါ့နှလုံးသား
မြေမှာခလို့
နင်ပျော်ရင် ငါကျေနပ်ပါတယ်။
ကုမ်ရာသီဖွားချင်း
တူပေမဲ့
နင်မှငါ့ကို မချစ်ခဲ့ဘဲ
အဲဒီတော့
ငါရှုံးပြီးသားဘဲပေါ့နော်။
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်
နင်နဲ့အမြဲ
ခင်မင်ခွင့်
ရချင်သေးတယ်။
အဲဒီအတွက်
နင့်ဘက်က
သူ အထင်မလွဲအောင်
ရှင်းပြထားပါ လို့
ငါ တောင်းဆိုချင်တာပါ။
ဒီနေ့တနေ့လုံး
နင့်မွေးနေ့ကို
ငါ့မွေးနေ့လို့ ထင်နေခဲ့တာ
နင့်ကို ငါ ...........
သိပ်သတိရတာဘဲ။
ကလေး သိပ်ချစ်တတ်တဲ့ နင့်အတွက် နင်နဲ့နင်ချစ်တဲ့သူနဲ့ပေါင်းစည်းထားတဲ့ ကလေးလေးတစ်ယောက် အမြန်ဆုံးရပါစေနော်။ ( မွေးနေ့ဆုတောင်း )
လေးစားစွာဖြင့်
လရိပ်အိမ်
သိပ်သတိရတယ်
မရနဲ့လို့ပြောရင်
ခုချိန်ထိ
ငါမလက်ခံနိုင်သေးဘူး
အဲဒီအတွက် ခွင့်လွှတ်ပေးပါ။
မမျှော်လင့်ထားတာကို
ရုတ်တရက် သိခွင့်ရမယ်လို့
ဘယ်တုန်းကမှ မမျှော်မှန်းထားခဲ့ဘူး။
တနေ့နေ့မှာ
ဒီလိုအဖြစ်မျိုးတွေ
ဖြစ်လာမှာကို
နင့်ဘက်က
ဘယ်နှစ်နှစ်လောက်တည်းက
ကြိုတွေးပြီးသားဖြစ်မှာပါ။
အရာရာတွေကို
ခုထိ
အိပ်မက်လို့ဘဲ
ထင်ချင်နေသေးတယ်။
နင့်နှလုံးသား
တိမ်ပေါ်မှာ မြူးတူးပျော်ပါးလို့
ငါ့နှလုံးသား
မြေမှာခလို့
နင်ပျော်ရင် ငါကျေနပ်ပါတယ်။
ကုမ်ရာသီဖွားချင်း
တူပေမဲ့
နင်မှငါ့ကို မချစ်ခဲ့ဘဲ
အဲဒီတော့
ငါရှုံးပြီးသားဘဲပေါ့နော်။
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်
နင်နဲ့အမြဲ
ခင်မင်ခွင့်
ရချင်သေးတယ်။
အဲဒီအတွက်
နင့်ဘက်က
သူ အထင်မလွဲအောင်
ရှင်းပြထားပါ လို့
ငါ တောင်းဆိုချင်တာပါ။
ဒီနေ့တနေ့လုံး
နင့်မွေးနေ့ကို
ငါ့မွေးနေ့လို့ ထင်နေခဲ့တာ
နင့်ကို ငါ ...........
သိပ်သတိရတာဘဲ။
ကလေး သိပ်ချစ်တတ်တဲ့ နင့်အတွက် နင်နဲ့နင်ချစ်တဲ့သူနဲ့ပေါင်းစည်းထားတဲ့ ကလေးလေးတစ်ယောက် အမြန်ဆုံးရပါစေနော်။ ( မွေးနေ့ဆုတောင်း )
လေးစားစွာဖြင့်
လရိပ်အိမ်
Wednesday, December 26, 2012
ထွက်ပေါက်ခွင့်လေး ............. ပေးပါ
ပေါ့ပျက်ပျက်အချစ်တွေနဲ့
ငါ့နှလုံးသားကို
မလှည့်စားပါနဲ့တော့လား
သူ့အတွက်နဲ့ကျခဲ့ရတဲ့
မျက်ရည်တွေမနဲတော့ပါဘူး။
သင့်မှာ
နူးညံ့တဲ့ နှလုံးသားရှိရင်
ငါ့ ရင်ခွင်ထဲ
ခဏလောက်တော့
ဝင်ကြည့်ခဲ့ပါ။
နင်နဲ့ငါကြားက
ဆက်ဆံရေးတွေက
ဒီလောက်တောင်
စုတ်ပြတ်နေပြီလား။
ဆက်ဆံရေးက
စုတ်ပြတ်သတ်ရုံဘဲ
ဒါပေမဲ့
ငါ့နှလုံးသားက
ဖာထေးလို့မရအောင်
ပေါက်ပြဲနေပြီ။
နင့်နှလုံးသားက
အမြဲအနိုင်ရသူလေ။
ငါက နင့်ရဲ့နှလုံးသား
ဟိုး အောက်ဆုံးမှာ
ကျွံနေလို့
ခြေထောက်နဲ့ခွပြီး
ကျော်တက်ရမလား
ဓားနဲ့ခွဲပြီး
ထွက်လာရမလားလို့
စဉ်းစားနေမိတယ်။
နင့်ရဲ့
နှလုံးသားအောက်ဆုံးမှာ
ကျွံနေရတဲ့အကြောင်းက
ငါ့ပေါ်ကို ငါ့ထက်
သံယောဇဉ်ရှိတဲ့သူကို
နင့်နှလုံးသားထဲမှာ
ထည့်ထားလို့ပေါ့။
နှလုံးသားကို
သိမ်းပိုက်သွားသောသူများ
တဆိတ်လောက်တော့
ထွက်ပေါက်ခွင့်လေး ..... ပေးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်
Thursday, December 13, 2012
သူငယ်ချင်းနှင့်မိတ်ဆွေကွာခြားပုံ
တန်ဖိုးထားခြင်း၏နောက်ကွယ်တွင်.....ပိုစ့် ကိုဖြုတ်ထားပါတယ်။
ကိုယ့်အပေါ်ဒီလိုလုပ်ထားပေမဲ့ ကိုယ်က လူတစ်ယောက်ကို အပုတ်ချသလို ရေးထား ၊ သူ့ရဲ့အီးမေးကိုလဲ ကိုယ့်ဟာမှတ်ပြီး တင်လိုတင်(လူ့စည်းကမ်းကိုဖောက်ဖျက်နေသလို)ဖြစ်နေတဲ့အတွက်ကြောင့် မတင်ချင်တော့လို့ပါ။(ဖတ်ပြီးသွားသောသူများ ၊ သူ့ကိုသံယောဇဉ်ရှိနေသေးတယ်လို့တော့ မထင်စေချင်ပါ)
ကွန်မန့်ပေးခဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်။
ဒါကြောင့် ကိုဏီလင်းညို နဲ့အမေးအဖြေလုပ်ထားတာလေးရယ် ၊ ကဗျာလေးရယ် ကိုဘဲ ပြန်တင်လိုက်ပါတယ်။ ကွန်မန့်ပေးသွားသူများကိုလဲလေးစားတဲ့အနေနဲ့ကွန်မန့်တွေပြန်တင်ပေးလိုက်ပါတယ်။
မေးသူက ဘလော့ဂါလရိပ်အိမ်ဖြစ်ပြီး ဖြေသူက သက်တံဆယ်စင်းမှဘလော့ဂါစာရေးဆရာ ကိုဏီလင်းညို ဖြစ်ပါတယ်။
သူငယ်ချင်းနဲ့ မိတ်ဆွေ ဘာကွာလဲ။ ကျေးဇူးပြုပြီးဖြေပေးပါ။
သူငယ်ချင်းဆိုတာ... ငယ်ငယ်လေးကတည်းက အတူတူ ယှဉ်တွဲကြီးပြင်းပြီး ရင်းနှီးခင်မင်ခဲ့တဲ့သူလို့ ကျွန်တော်ထင်ပါတယ်...
မိတ်ဆွေကတော့ ကြီးမှ တွေ့ဆုံခင်မင်ကြတဲ့ သူမျိုးတွေလို့ ယူဆမိတယ်...
အဲ့ဒီတော့ ရင်းနှီးတဲ့ နက်ရှိုင်းမှုပမာဏတစ်ခုတော့ ကွာမယ်ထင်ပါတယ်...
ဒါဆို ဒီမိတ်ဆွေတွေကို သူငယ်ချင်းလိုပေါင်းလို့မရဘူးေ ပါ့ အဲလိုလား
အဲ့ဒီလိုလည်း မဟုတ်ပြန်သေးဘူးဗျ...
ရင်းနှီးတဲ့ နက်ရှိုင်းမှုပမာဏတစ်ခုရောက်ရင် သူငယ်ချင်းလုပ်လို့ရပြီပေါ့ အဲလိုလား
ဟုတ်တယ်...
ကျွန်တော်ဆိုလည်း...ငယ်သူငယ်ချ င်းတွေ ရှိခဲ့တယ်...။
ပြည်ပထွက်ဖြစ်တော့ ဝေးသွားတယ်...
သူတို့နဲ့ပြန်တွေ့တဲ့အချိန်မှာ အခြေအနေ၊ အတွေးခေါ်ယူဆပုံတွေ နည်းနည်း ကွာသွားတယ်...
ဒါပေမယ့် စိတ်ထဲမှာ သူတို့ကို နေရာပေးနေမိဆဲပဲ
ကြီးမှတွေ့ဖြစ်ကြပေမယ့်လည်း... တစ်ယောက်နဲ့တစ်ယောက်ကြားမှာ၊ နားလည်မှုတွေ အားကောင်းလာတာနဲ့အမျှ၊ သူငယ်ချင်းတွေလို ခင်မင်လာနိုင်တာပဲလေ...
ပြောရင်းနဲ့ ရှုပ်ကုန်ပြီထင်တယ်... :D
ဟင့်အင်း မရှုပ်ပါဘူး။ သဘောပေါက်သွားပြီ။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့
နောက်တစ်ခုမေးချင်တယ်။ ဒီလိုမိတ်ဆွေတွေကို ကိုယ့်ဘက်က သူငယ်ချင်းလို သဘောထားပေမဲ့ သူ့ဘက်က မိတ်ဆွေလိုသဘောထားတော့ နားလည်မှုတွေလွဲတတ်တာပေါ့ ဟုတ်လား
ကိုယ့်အပေါ်မှာ မနက်ရှိုင်းတဲ့ မိတ်ဆွေတွေကို ကိုယ်က သူငယ်ချင်းလို့ သဘောထားမိရင်... ထားမိတဲ့သူဟာ... စိတ်ပင်ပန်းရမှာ အမှန်ပါပဲ
ဟုတ်ကဲ့ခုလိုဖြေပေးတဲ့အတွက်
အများကြီး ကျေးဇူးတင်ပါတယ်ကိုဏီလင်းညို
လရိပ်ရေးထားတဲ့ ကဗျာ ပါ။
လူကြီးမိတ်ဆက်ပေးတိုင်း
သူငယ်ချင်း
မဖြစ်ရတော့ဘူးလား။
သူငယ်ချင်း မဟုတ်ရင်
နင်ကဘာကိုထင်တာလဲ။
ငါကတော့
လူကြီးမိတ်ဆက်ပေးတာ
သူငယ်ချင်းလို့ဘဲထင်ခဲ့တာ။
တကယ်တော့
ဒါဟာ
မိတ်ဆွေတဲ့။
ငါဟာ နင့်ရဲ့
သူငယ်ချင်း
မဟုတ်ဘူးဆိုတာ
သိပါပြီ။
သူ့ဘက်က
မိတ်ဆွေလဲ
မဟုတ်ဘူးဆိုဘဲ။
မိတ်ဆွေမကျ
သူငယ်ချင်းမကျသူနဲ့
ဆက်ဆံရတာ
ငါဘာဖြစ်သွားပြီလဲ။
ရင်ထဲမှာ တကယ်
ထိခိုက်မိပါတယ်။
လေးစားစွာဖြင့်
လရိပ်အိမ်
ကွန်မန့်တွေ
ရိုးမြေကျ said...
ရှည်ရှည်ရေးထားလိုက်တာ..၊
သူငယ်ချင်း လို့  သတ်မှတ်ရင်လည်းသူငယ်ချင်း
ပေါ့ ၊ သူဘယ်လိုပဲ ပြင်ပြင် ကိုယ်မပြင်ပဲ
အခင်အမင်မပျက်နေလို့ ရမယ်ထင်တာပဲ။
မရေးတာ ကြာသွားလို့  တွေးတာလည်း
ချာ သွားနိုင်ပါတယ်နော..။
မေမေကမပေါင်းရဘူးဆိုတာတောင်ခိုးပြီးပေါင်းတယ်
ခုမှပဲ မိတ်ဆွေနဲ့ သူငယ်ချင်းဆိုတာလေးခွဲခြားပြီးမြင်လိုက်ရတယ်
ဖုန်းနံပါတ်ပြောင်းသွားပြီနော် နောက်ရက်ပေးထားအုန်းမယ်
အရင်နံပါတ်ပျက်သွားလို့ပါ
ချစ်တဲ့ sis jasmine
ယောက်ကျားလေးအချင်းချင်းအနေနဲ့ကြည့်ရင် ဒါဟာဘာမှမဖြစ်လောက်တဲ့ကိစ္စ။
လရိပ်မှာလဲ မိန်းကလေးသူငယ်ချင်း အဲလိုတွေရှိတာဘဲ။ ဒါပေမဲ့ ကိုယ်ကဒီလိုဘဲအောင့်အီးသည်းညည်းခံပြီးပေါင်းတယ်။ ကိုယ့်ကိုလာကြောတာသိရက်နဲ့ပေါင်းတာ။ အခင်အမင်မပျက်ချင်လို့လေ။
ခုက အဲလိုမဟုတ်ဘူးလေ ၊ လရိပ်ကမိန်းကလေး ၊ သူက ယောက်ကျားလေးလေ။ ကိုယ်ကသူငယ်ချင်းလိုဘဲဆက်ဆံတာ ၊ သူ့ဘက်က သူငယ်ချင်းလိုလဲမဆက်ဆံ၊မိတ်ဆွေလိုလဲ မဆက်ဆံတော့ လရိပ်ကခံစားတတ်တဲ့သူဆိုတော့ ဒီလိုအပြုအမူမျိုးတွေ လရိပ်မခံစားနိုင်ဘူး။ လရိပ်က စာရေးဆရာမဟုတ်သေးတော့စာရေးဆရာလိုတော့ မရေးတတ်တာအမှန်ပါ။ လရိပ်ဝတ္ထုရေးနေတာမဟုတ်ပါဘူး။လေဘယ်မှာလဲ ဝတ္ထုလို့မတပ်ထားပါဘူး။ လရိပ်ရဲ့မကျေနပ်ချက်တွေကို ဒိုင်ယာရီအနေနဲ့ဘဲရေးတာပါ။ စာအုပ်ထဲမှာမဟုတ်ဘဲ အင်တာနတ်မှာ ပေါ်တင်ရေးတဲ့အတွက် ယောက်ကျားလေးတွေဘက်ကကြည့်ရင် ဒီကိစ္စဟာမရေးသင့်ဘူးလို့ထင်ကြမှာအမှန်ဘဲ။
"သူဘယ်လိုပဲ ပြင်ပြင် ကိုယ်မပြင်ပဲ အခင်အမင်မပျက်နေလို့ ရမယ်ထင်တာပဲ။" လို့မိန်းကလေးဘက်က(ညီမလေးတစ်ယောက်အနေနဲ့) မခံစားပေးနိုင်ဘဲနဲ့ပြောဖို့မသင့်ပါဘူး။ ကိုယ်က သူငယ်ချင်းလိုဘဲ ဆက်ဆံပေမဲ့ သူ့ဘက်က သူ့ကိုလိုက်နေတယ်လို့ထင်မှာ အမှန်ပါဘဲ။ လရိပ်မကြိုက်တဲ့ယောက်ကျားလေးတစ်ယောက်(ဆရာဝန်)ကို အဲဒီဆရာဝန်က အဲလိုအနေနဲ့ထင်ရင် လရိပ်သိက္ခာကျတယ်လို့ခံစားရပါတယ်။ အဲဒါကြောင့် လရိပ်ဘက်က သူ့ကို သူငယ်ချင်းအနေနဲ့စွန့်လွှတ်ပါတယ်။
ခင်မင်မှုတစ်ခုထဲနဲ့ ပြန်ရကောင်းစေရယ်လို့
မသတ်မှတ်ပဲ ကူညီပေးသူ ...
ကိုယ့်အကျိုးကို အမြဲလိုလားတတ်သူ ...
မိမိကွယ်ရာမှာ ဖြစ်စေ ဘယ်သောအခါမှ
ကိုယ့်မကောင်းကြောင်း မပြောတတ်သူ ... ဟာ
မိတ်ဆွေစစ်တစ်ယောက်ရဲ့ ရှိသင့်တဲ့
ဂုဏ်အင်္ဂါတွေနဲ့ ညီညွတ်သူလို့
ကျွန်တော် အကြမ်းဖျင်း မှတ်သားဖူးပါတယ် ။
မိတ်ဆွေစစ်တွေရဲ့ မေတ္တာအရိပ်ကိုသာ
ထာဝရ ရရှိ ပိုင်ဆိုင်နိုင်ပါစေ ညီမလေး ။
လရိပ်ခံစားချက်လေးသေချာဖတ်သွားတယ် သူငယ်ချင်းကောင်းနဲ့ ဆုံစည်းနိုင်ပါစေ
Tuesday, December 4, 2012
လိုက်လေ........ ဝေးလေ
ကိုယ့်ဘက်က စပြီးချစ်ရတဲ့
တစ်ယောက်သောသူကို
ဘယ်တော့မှလဲ မမျှော်နဲ့
ဘယ်တော့မှလဲ ချစ်ဖို့မကြိုးစားနဲ့။
သူတစ်ခုခုပြောတိုင်း
ကိုယ်ခံစားရတယ်။
ငါ နင့်ကို
တကယ်တော့
မချစ်ခဲ့တာ မဟုတ်ဘူး။
မသိစိတ်ကချစ်ခဲ့ပြီး
သိစိတ်မှာမုန်းနေမိတာ။
အမုန်းမရှိတဲ့
အချစ်မရှိတဲ့
နှလုံးသားမပါတဲ့သူ
ဖြစ်ချင်တယ်။
ဒါမှ
ငါ့နှလုံးသားမှာလဲ
ဒဏ်ရာဆိုတာ
မရှိတော့ဘူးပေါ့။
ဒဏ်ရာမရှိရင်
ခွဲစိတ်စရာလဲ
မလိုတော့ဘူး။
ခုတော့
ငါ့မှာ နှလုံးအတုနဲ့
အသက်ဆက်ရှင်နေရပါလား။
နှလုံးအတုနဲ့ဆိုရင်တော့
အချစ်တု အမုန်းတုတွေများ
ထွက်ပေါ်လာမလားဘဲ။
အချစ်စစ် အချစ်မှန်
မရှိအောင်
နင်လုပ်ခဲ့တာဘဲလေ
ခုချိန်မှာ
ငါဘာတတ်နိုင်မှာလဲ။
I Miss U လို့
မပြောဖြစ်တာ
ကြာခဲ့ပေမဲ့
ငါခုထိ နင့်ကို
လွမ်းဆဲပါဘဲ။
သတိရခြင်း
တမ်းတခြင်း
လွမ်းဆွတ်ခြင်းတွေ
ခံစားရခြင်းမှ
ကင်းလွတ်ခွင့်ရချင်တယ်။
အလွမ်းတွေရယ်
ချုပ်ငြိမ်းပေးပါတော့နော်။
လေးစားစွာဖြင့်
လရိပ်အိမ်
Friday, November 9, 2012
မျှော်လင့်ခြင်း
ဘဝ ပင်ပန်း ကြမ်းတမ်းလွန်းတော့
ကောင်းကင်ကိုလဲ မော့မကြည့်အားဘူး
ပူလောင်လွန်းတဲ့ဘဝအတွက်
လေပြေညင်းတွေ
ကြယ်စင်တွေ ကောင်းကင်မှာ
ရှိတာသူမသိခဲ့ဘူးလေ............
မျှော်လင့်မထားပဲ
အဲဒီပေါ်ရောက်သွားဖူးတယ်
ကြယ်စင်တွေက လှတယ်နော်
လေပြေအေးရယ်တန်ဖိုးရှိလိုက်တာ
လမင်းရဲ့အလင်းနဲ့လောကကိုအပေါ်ဆီးက
လှပစွာမြင်ခဲ့ဖူးတယ်...............
ကျနော်လေ ဘဝတောင်မေ့ခဲ့တယ်
ဟိုး~~~~အမြင့်ကြီ:ရောက်မှ
ဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်
အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်
မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်
လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်
မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
Tuesday, October 30, 2012
ဟက်ပီး သီတင်းကျွတ်
ကောင်းကင်ပေါ်က ကြယ်တစုမှာခင်ဗျားဟာ................. ကြယ်ကလေးတလုံးဖြစ်ရင်ကျနော်လည်း .............ကြယ်ကလေးတလုံးပေါ့ကြယ်ကလေးတွေပေါင်းစုနေတဲ့ ကောင်းကင်မှာမျိုးဆက်သစ်တခုရဲ့ လတစင်းကြယ်ကလေးတွေရဲ့ဝိုင်းရံမှုအားမာ န်နဲ့ လင်းလက်နေမှာပေါ့ကြယ်တွေစုံတဲ့ညမှာ လတစင်းသာမှာသေချာပါတယ်…။ လေးစားစွာဖြင့်လရိပ်အိမ်
Saturday, October 20, 2012
လုပ်ကြ ... လုပ်ကြ
ဖုန်းဆက်တိုင်း
မင်းပြောတယ်
ငါကထားသွားလို့
ဝမ်းနဲတယ်တဲ့။
ငါလဲ
ထားခဲ့ချင်လို့မှ
မဟုတ်တာ။
အခြေအနေအရမို့
နားလည်ခိုင်းတာ
နောက်ဆုံး
နားလည်ရတဲ့သူဟာ
ငါ ဖြစ်သွားတယ်
ကောင်မလေးရေ။
မင်းက ... ခုဆိုရင်
မင်္ဂလာခန်းမထဲမှာ
ပျော်နေလောက်ပြီ။
လောကကြီးက
မတရားဘူး။
ဖယောင်းလမ်းက
ခရောင်းလမ်းကို
မကျော်နိုင်ဘူး။
စိတ်ထဲရှိတာပြောရင်
မင်းတကယ်
မတရားဘူး။
လေးစားစွာဖြင့်
လရိပ်အိမ်
***စာရေးဖို့အင်အားတွေ ပျောက်ဆုံးနေတယ်။
ညီမလေး ရိုးမြေကျက ဗီဒိုအာဏာသုံးလာတယ်။
စာမရေးရင် သူနဲ့စကားမပြောရဘူးတဲ့။
သူလဲမပြောဘူးတဲ့။ ရေးပြီးပြီ ညီမလေးရေ။ ပျော်ရွှင်ပါစေ။
ဪ ညီမလေးကပြောသေးတယ်။
ဒီတစ်ခါပါဘဲတဲ့ ၊ နောက်အခေါက် မရေးလဲ စကားပြောပါမယ်တဲ့။
အတည်နော် ၊ ညာရဘူး။း)))
ဟုတ်ကဲ့ ... ရေးလိုက်ပါတယ်။ ကျေနပ်တော့နော်။
မင်းပြောတယ်
ငါကထားသွားလို့
ဝမ်းနဲတယ်တဲ့။
ငါလဲ
ထားခဲ့ချင်လို့မှ
မဟုတ်တာ။
အခြေအနေအရမို့
နားလည်ခိုင်းတာ
နောက်ဆုံး
နားလည်ရတဲ့သူဟာ
ငါ ဖြစ်သွားတယ်
ကောင်မလေးရေ။
မင်းက ... ခုဆိုရင်
မင်္ဂလာခန်းမထဲမှာ
ပျော်နေလောက်ပြီ။
လောကကြီးက
မတရားဘူး။
ဖယောင်းလမ်းက
ခရောင်းလမ်းကို
မကျော်နိုင်ဘူး။
စိတ်ထဲရှိတာပြောရင်
မင်းတကယ်
မတရားဘူး။
လေးစားစွာဖြင့်
လရိပ်အိမ်
***စာရေးဖို့အင်အားတွေ ပျောက်ဆုံးနေတယ်။
ညီမလေး ရိုးမြေကျက ဗီဒိုအာဏာသုံးလာတယ်။
စာမရေးရင် သူနဲ့စကားမပြောရဘူးတဲ့။
သူလဲမပြောဘူးတဲ့။ ရေးပြီးပြီ ညီမလေးရေ။ ပျော်ရွှင်ပါစေ။
ဪ ညီမလေးကပြောသေးတယ်။
ဒီတစ်ခါပါဘဲတဲ့ ၊ နောက်အခေါက် မရေးလဲ စကားပြောပါမယ်တဲ့။
အတည်နော် ၊ ညာရဘူး။း)))
ဟုတ်ကဲ့ ... ရေးလိုက်ပါတယ်။ ကျေနပ်တော့နော်။
Monday, September 17, 2012
ရက်စက်တဲ့ ..... လောက
ခြေတစ်လှမ်းလှမ်းတိုင်း
ခြေရာတစ်ခု
ကျန်ထင်နေတဲ့
ဘဝလေးကို
လွမ်းဆွတ်မိတယ်။
~~~~~~~~~~~~~~~
ရက်ဆိုတာ
သူ့ဘာသာသူ
သတ်မှတ်ထားတဲ့
ရက်တွေဘဲ။
ဘာလို့ငါတို့
လုပ်ချင်တာကို
လုပ်ခွင့်မရတာလဲ။
ရက်တွေရဲ့အလိုကျ
သတ်မှတ်ခြင်းခံနေရတဲ့
စက်ရုပ်တရုပ်လိုပဲလဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
ခြေရာတစ်ခု
ကျန်ထင်နေတဲ့
ဘဝလေးကို
လွမ်းဆွတ်မိတယ်။
~~~~~~~~~~~~~~~
ရက်ဆိုတာ
သူ့ဘာသာသူ
သတ်မှတ်ထားတဲ့
ရက်တွေဘဲ။
ဘာလို့ငါတို့
လုပ်ချင်တာကို
လုပ်ခွင့်မရတာလဲ။
ရက်တွေရဲ့အလိုကျ
သတ်မှတ်ခြင်းခံနေရတဲ့
စက်ရုပ်တရုပ်လိုပဲလဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
Monday, September 3, 2012
သက်ရှိသက်မဲ့
ကောင်းကင်ပြာပြာအောက်မှာ
စိမ်းလန်းနေတဲ့
သစ်ပင် ၊ မြက်ခင်းပြင်တွေရှိတယ်။
ကောင်းကင်ပြာပြာအောက်မှာ
နွေးထွေးကြင်နာတတ်တဲ့
နှလုံးသားတစ်စုံရှိတယ်။
ကောင်းကင်ပြာပြာအောက်မှာ
အရောင်အဆင်းမရှိတဲ့
လေပြေလေညင်းတွေရှိတယ်။
ကောင်းကင်ပြာပြာအောက်မှာ
သံယောဇဉ်ကင်းမဲ့နေတဲ့
လူသားတွေရှိတယ်။
ကောင်းကင်ပြာပြာအောက်မှာ
မျှော်လင့်ချက်ကင်းမဲ့တဲ့
နှလုံးသား ရှိတယ်။
လေးစားစွာဖြင့်
လရိပ်အိမ်
စိမ်းလန်းနေတဲ့
သစ်ပင် ၊ မြက်ခင်းပြင်တွေရှိတယ်။
ကောင်းကင်ပြာပြာအောက်မှာ
နွေးထွေးကြင်နာတတ်တဲ့
နှလုံးသားတစ်စုံရှိတယ်။
ကောင်းကင်ပြာပြာအောက်မှာ
အရောင်အဆင်းမရှိတဲ့
လေပြေလေညင်းတွေရှိတယ်။
ကောင်းကင်ပြာပြာအောက်မှာ
သံယောဇဉ်ကင်းမဲ့နေတဲ့
လူသားတွေရှိတယ်။
ကောင်းကင်ပြာပြာအောက်မှာ
မျှော်လင့်ချက်ကင်းမဲ့တဲ့
နှလုံးသား ရှိတယ်။
လေးစားစွာဖြင့်
လရိပ်အိမ်
Saturday, August 25, 2012
ဘာတွေမှားနေလဲ?
အချိန်ကိုနေ့စား
နေ့ကိုရက်စား
ရက်ကိုလစား
လကိုနှစ်စား
xxxxxxxxxx
ပြက္ခဒိန်ကိုအမှားခြစ်
လက်ချိုးရေတွက်ပြန်လဲ
ရက်တွေကမကုန်နိုင်ဘူး။
သတိရတဲ့စိတ်နဲ့
တမ်းတမိတယ်။
တမ်းတတဲ့စိတ်နဲ့
လွမ်းမိတယ်။
လွမ်းမိတဲ့စိတ်နဲ့
မျက်ရည်ကျတယ်။
ဒီစိတ်တွေနဲ့
အိပ်မပျော်ဘူးကွယ်။
ရက်တွေကို ဒလိမ့်တုံးနဲ့ကြိတ်ပစ်ချင်သူပါး-)
လေးစားစွာဖြင့်
လရိပ်အိမ်
နေ့ကိုရက်စား
ရက်ကိုလစား
လကိုနှစ်စား
xxxxxxxxxx
ပြက္ခဒိန်ကိုအမှားခြစ်
လက်ချိုးရေတွက်ပြန်လဲ
ရက်တွေကမကုန်နိုင်ဘူး။
သတိရတဲ့စိတ်နဲ့
တမ်းတမိတယ်။
တမ်းတတဲ့စိတ်နဲ့
လွမ်းမိတယ်။
လွမ်းမိတဲ့စိတ်နဲ့
မျက်ရည်ကျတယ်။
ဒီစိတ်တွေနဲ့
အိပ်မပျော်ဘူးကွယ်။
ရက်တွေကို ဒလိမ့်တုံးနဲ့ကြိတ်ပစ်ချင်သူပါး-)
လေးစားစွာဖြင့်
လရိပ်အိမ်
Saturday, August 18, 2012
အတွေးခက်ခက်
စကားသံကို ကြားရတာ
လေပြည်အေး တိုက်ခတ်နေသလိုပါ
မျက်နှာကို မြင်တွေ.ရတော့
နှလုံးသားထဲ စိမ့်ဝင်လျက်ပါ
အပြုအမူတွေဟာ
ကမ္ဘာကြီးကို
ဇောက်ထိုးဖြစ်စေခဲ့တာ
နောက်ဆုံးတော့လဲ
ဒါဟာ........
လူသား ၁ယောက်ပါဘဲလား။
လေးစားစွာဖြင့်
လရိပ်အိမ်
လေပြည်အေး တိုက်ခတ်နေသလိုပါ
မျက်နှာကို မြင်တွေ.ရတော့
နှလုံးသားထဲ စိမ့်ဝင်လျက်ပါ
အပြုအမူတွေဟာ
ကမ္ဘာကြီးကို
ဇောက်ထိုးဖြစ်စေခဲ့တာ
နောက်ဆုံးတော့လဲ
ဒါဟာ........
လူသား ၁ယောက်ပါဘဲလား။
လေးစားစွာဖြင့်
လရိပ်အိမ်
Saturday, August 11, 2012
လမ်းခွဲသူ
၂၀၀၃
ဧပြီ ၁၁ရက်
မိုးသောက်ချိန်မှာ
နာကျည်းစကား
သူဆိုခဲ့သည်
မိန်းမစိတ်နှင့်မခြား
ဂျီဘုန်းတဲ့လားကွယ်။ ။
လေးစားစွာဖြင့်
လရိပ်အိမ်
ဧပြီ ၁၁ရက်
မိုးသောက်ချိန်မှာ
နာကျည်းစကား
သူဆိုခဲ့သည်
မိန်းမစိတ်နှင့်မခြား
ဂျီဘုန်းတဲ့လားကွယ်။ ။
လေးစားစွာဖြင့်
လရိပ်အိမ်
Wednesday, August 1, 2012
ရင်နင့်သူ
မင်းကိုတွေ့ တာ
ငယ်ငယ်တည်းက
ခင်လာခဲ့တာ
နှစ်တွေကြာ
ငါအဝေးကိုထွက်ချိန်
မင်းရင်တွေအက်နေ
ခုချိန်ကျတော့
ငါ့အလှည့်ဘဲ
ရင်တွေဟတ်တက်ကွဲတော့
မင်းသိမှာစိုးလို့
ငါမြိုသိပ်ခဲ့တယ်
ဘာကိုပြောချင်နေမှန်း မသိတဲ့
ထုထည်၁ခုက
ငါ့ရင်ကိုလာတားဆီးတယ်။
# အချစ်ဆုံးသူငယ်ချင်း၁ယောက်ဆီသို့
လေးစားစွာဖြင့်
လရိပ်အိမ်
ငယ်ငယ်တည်းက
ခင်လာခဲ့တာ
နှစ်တွေကြာ
ငါအဝေးကိုထွက်ချိန်
မင်းရင်တွေအက်နေ
ခုချိန်ကျတော့
ငါ့အလှည့်ဘဲ
ရင်တွေဟတ်တက်ကွဲတော့
မင်းသိမှာစိုးလို့
ငါမြိုသိပ်ခဲ့တယ်
ဘာကိုပြောချင်နေမှန်း မသိတဲ့
ထုထည်၁ခုက
ငါ့ရင်ကိုလာတားဆီးတယ်။
# အချစ်ဆုံးသူငယ်ချင်း၁ယောက်ဆီသို့
လေးစားစွာဖြင့်
လရိပ်အိမ်
Monday, July 23, 2012
ဟင်းလင်းပြင်
သူကလူကြီးဆန်တယ်လို့
မင်းပြောခဲ့ဘူးတယ်။
သူကသဘောမကောင်းဘူးလို့
မင်းပြောခဲ့ဘူးတယ်။
သူကအလုပ်ရှုတ်ချင်ဟန်ဆောင်တယ်လို့
မင်းပြောခဲ့ဘူးတယ်။
သူကမင်းနဲ့ မထိုက်တန်ဘူးလို့
မင်းပြောခဲ့ဘူးတယ်။
နောက်ဆုံးတော့
ငါ့ရင်ဘတ်ထဲက မင်းကို
ဆွဲထုတ်သွားတာ
"သူ" ပါပဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
မင်းပြောခဲ့ဘူးတယ်။
သူကသဘောမကောင်းဘူးလို့
မင်းပြောခဲ့ဘူးတယ်။
သူကအလုပ်ရှုတ်ချင်ဟန်ဆောင်တယ်လို့
မင်းပြောခဲ့ဘူးတယ်။
သူကမင်းနဲ့ မထိုက်တန်ဘူးလို့
မင်းပြောခဲ့ဘူးတယ်။
နောက်ဆုံးတော့
ငါ့ရင်ဘတ်ထဲက မင်းကို
ဆွဲထုတ်သွားတာ
"သူ" ပါပဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
Saturday, April 21, 2012
ဝေးလွင့်အမုန်း
ငါမလွမ်းဘူးလို့
အားတင်းရင်းနဲ့
သူ့ကိုသတိရနေမိတယ်။
ငါမရှုံးဘူးလို့
ကြွေးကြော်ရင်းနဲ့
ဒူးညွှတ်ခွေကျနေတယ်။
တိတ်ဆိတ်ကြေကွဲ
အလွမ်းတွေကြားမှာ
ငါလေနင့်ကို
မုန်းမိတယ်။
ပိုင်ဆိုင်မှုတွေကြားမှာ
ငါလေရင်နာတယ်
အဆုံးသတ်မှာ
နမ်းရှိုက်ခွင့်မရှိတော့ပါလေ။
လေးစားစွာဖြင့်
လရိပ်အိမ်
အားတင်းရင်းနဲ့
သူ့ကိုသတိရနေမိတယ်။
ငါမရှုံးဘူးလို့
ကြွေးကြော်ရင်းနဲ့
ဒူးညွှတ်ခွေကျနေတယ်။
တိတ်ဆိတ်ကြေကွဲ
အလွမ်းတွေကြားမှာ
ငါလေနင့်ကို
မုန်းမိတယ်။
ပိုင်ဆိုင်မှုတွေကြားမှာ
ငါလေရင်နာတယ်
အဆုံးသတ်မှာ
နမ်းရှိုက်ခွင့်မရှိတော့ပါလေ။
လေးစားစွာဖြင့်
လရိပ်အိမ်
Subscribe to:
Posts (Atom)