Showing posts with label ရောသမမွှေ. Show all posts
Showing posts with label ရောသမမွှေ. Show all posts

Tuesday, September 23, 2014

BPP Challenge ရဲ့ ပထမဆုံး ခြေလှမ်း



" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးကို သူကြောက်တယ်။

" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးအောက်မှာ သူကျရှုံးခဲ့တာ အကြိမ်ကြိမ်။

" စိန်ခေါ်မှု " ဆိုတဲ့ အသံကြားတိုင်း သူ့ကိုတုန်လှုပ်သွားစေတယ်။

" စိန်ခေါ်မှု " ဆိုတဲ့ ခေါင်းစဉ်ဖတ်ပြီး သူစာတွေရေးချင်နေမိပြန်တယ်။ ဒါပေမဲ့ သူ မရေးဖြစ်ခဲ့ဘူး။ တပတ်မှာ တရက်ဘဲရှိတဲ့ အားလပ်ရက်။ ကျန်းမာရေးမကောင်းတဲ့ သူ့အတွက် အဲဒီရက်ဟာ နတ်သုဒ္ဓာလိုဘဲ။ ဒီလိုနဲ့ သူထပ်ခါကျရှုံးရအုန်းမှာလားလို့တွေးရင်း ဒွိဟဖြစ်နေပြန်တယ်။

" စိန်ခေါ်မှု " အောက်မှာ ၁ခါလဲမဟုတ် ၊ ၂ခါလဲမဟုတ် ၊ ၃ခါ ၊ ၄ခါ  သူယိုင်နဲ့လာတယ်။

" စိန်ခေါ်မှု " အောက်မှာ သူ့ခန္ဓာကိုယ်လဲလျောင်းနေခဲ့ရတယ်။

သူ့ခန္ဓာရဲ့  " စိန်ခေါ်မှု " ကိုတော့ ငယ်စဉ်တည်းက ဘာမှမသိစွာနဲ့ ရခဲ့တယ်။

ဘဝရဲ့ " စိန်ခေါ်မှု " တခုဖြစ်တဲ့ လူတွေနဲ့စကားပြောဆက်ဆံရာမှာ ဘယ်တုန်းကမှ အဆင်ပြေမှုမရှိခဲ့ပြန်ဘူး။ အဲဒီအတွက် သူ သိမ်ငယ်ရတယ်။ ဘယ်လောက်ဘဲ ကြိုးစားဆက်ဆံ ၊ အချိန်တန်ရောက်ရင် လူတွေက သူ့ကို မခေါ်တော့ပြန်။ ဒါ ဝဋ်ကြွေးလား??

အလုပ်တဖက် ၊ ကျောင်းတဖက် ရဲ့ " စိန်ခေါ်မှု " ကလဲ သူ့ရဲ့ကျန်းမာရေးကို ချို့တဲ့စေခဲ့ပြန်တယ်။

နှစ်ပတ်အတွင်းဆိုတဲ့ " ဘီပီပီ စိန်ခေါ်မှု "ကို ဖျားနာခြင်းရဲ့နောက်ကွယ်မှာ သူအနိုင်ရလိုက်ချင်တယ်။

ဒီတခါရဲ့ " စိန်ခေါ်မှု " ကို သူအရှုံးခံရင် တသက်လုံး ဘလော့ပေါ် သူ မတက်လာတော့ဘူးဟု သူ့ကိုယ်သူ ပြောနေမိပြန်တယ်။

၃ပတ်ထဲမှာမှ " ဘီပီပီ စိန်ခေါ်မှု " ရေးတဲ့အတွက် ဒီ " စိန်ခေါ်မှု " မှာ သူ ရှုံးနေပြီလား မသိတော့ပါ။

" ဘီပီပီ စိန်ခေါ်မှု " အတိုင်း
၁။     တီတင့်
၂။    (တုံးဖလား) သူကြီးမင်း
၃။    ပစ်ပစ်
၎။    အမမဒမ်ကိုး
၅။    မစံပယ်ချို
၆။    မကြီးလွမ်း ( အလွမ်းမြို့လေး )
၇။    မနော်ဖော
၈။    မရွှေစင်ဦး
၉။    မိုးညချမ်း
၁၀။ ကိုလွင်ပြင်လှိုင်းငယ်

သူ အတွေးသိပ်များတယ်နော်။

လေးစားစွာဖြင့်
လရိပ်အိမ်

Sunday, April 27, 2014

1+1=2


စာတွေမရေးဖြစ်တာ အရမ်းကြာသွားပြီနော်။
အလုပ်တဖက် ၊ ကျောင်းတဖက် ၊ ကျန်းမာရေးတဖက်နဲ့ နားချိန်မရှိလို့ပါ။
အလုပ်နားတဲ့ရက်ဆိုလဲ စာရေးဖို့ဘက်ကိုမရောက်နိုင်လို့ပါ။
တကယ်တမ်းတော့ မနားရတာပါ။
ရေးမဲ့စာတွေ ခေါင်းထဲရောက်လာပေမဲ့ ပြန်ချရေးဖို့ အချိန်မရှိလေတော့ လွင့်ပြယ်သွားတဲ့စာတွေကို ဖမ်းဆုပ်ပိုင်ခွင့်လေးတောင်မရှိတော့တဲ့ဘဝ။
တချို့နားတဲ့ရက်တွေမှာ ကွန်ပြူတာတောင်ကိုယ့်ကို ပြုံးပြုံးလေးနဲ့ကြည့်နေလေရဲ့။

................................................................................................................



တခါတလေမှာ   လွမ်းတယ် 
တခါတလေမှာ   မုန်းတယ်
တခါတလေမှာ   ချစ်နေသေးတယ်
တခါတလေမှာ   မချစ်တော့ဘူး
လိမ်တာတွေကို ပြန်စဉ်းစားမယ်ဆိုရင်
ငါ့ဘဝထဲက အပြီးအပိုင်ထွက်လိုက်တော့

လေးစားစွာဖြင့်
လရိပ်အိမ်

Thursday, December 13, 2012

သူငယ်ချင်းနှင့်မိတ်ဆွေကွာခြားပုံ


တန်ဖိုးထားခြင်း၏နောက်ကွယ်တွင်.....ပိုစ့် ကိုဖြုတ်ထားပါတယ်။
ကိုယ့်အပေါ်ဒီလိုလုပ်ထားပေမဲ့ ကိုယ်က လူတစ်ယောက်ကို အပုတ်ချသလို ရေးထား ၊ သူ့ရဲ့အီးမေးကိုလဲ ကိုယ့်ဟာမှတ်ပြီး တင်လိုတင်(လူ့စည်းကမ်းကိုဖောက်ဖျက်နေသလို)ဖြစ်နေတဲ့အတွက်ကြောင့် မတင်ချင်တော့လို့ပါ။(ဖတ်ပြီးသွားသောသူများ ၊ သူ့ကိုသံယောဇဉ်ရှိနေသေးတယ်လို့တော့ မထင်စေချင်ပါ)
ကွန်မန့်ပေးခဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်။ 
ဒါကြောင့် ကိုဏီလင်းညို နဲ့အမေးအဖြေလုပ်ထားတာလေးရယ် ၊ ကဗျာလေးရယ် ကိုဘဲ ပြန်တင်လိုက်ပါတယ်။ ကွန်မန့်ပေးသွားသူများကိုလဲလေးစားတဲ့အနေနဲ့ကွန်မန့်တွေပြန်တင်ပေးလိုက်ပါတယ်။

မေးသူက ဘလော့ဂါလရိပ်အိမ်ဖြစ်ပြီး ဖြေသူက သက်တံဆယ်စင်းမှဘလော့ဂါစာရေးဆရာကိုဏီလင်းညို ဖြစ်ပါတယ်။

သူငယ်ချင်းနဲ့ မိတ်ဆွေ ဘာကွာလဲ။ ကျေးဇူးပြုပြီးဖြေပေးပါ။
သူငယ်ချင်းဆိုတာ... ငယ်ငယ်လေးကတည်းက အတူတူ ယှဉ်တွဲကြီးပြင်းပြီး ရင်းနှီးခင်မင်ခဲ့တဲ့သူလို့ ကျွန်တော်ထင်ပါတယ်...
မိတ်ဆွေကတော့ ကြီးမှ တွေ့ဆုံခင်မင်ကြတဲ့ သူမျိုးတွေလို့ ယူဆမိတယ်...
အဲ့ဒီတော့ ရင်းနှီးတဲ့ နက်ရှိုင်းမှုပမာဏတစ်ခုတော့ ကွာမယ်ထင်ပါတယ်...

ဒါဆို ဒီမိတ်ဆွေတွေကို သူငယ်ချင်းလိုပေါင်းလို့မရဘူးပေါ့ အဲလိုလား
အဲ့ဒီလိုလည်း မဟုတ်ပြန်သေးဘူးဗျ...

ရင်းနှီးတဲ့ နက်ရှိုင်းမှုပမာဏတစ်ခုရောက်ရင် သူငယ်ချင်းလုပ်လို့ရပြီပေါ့ အဲလိုလား
ဟုတ်တယ်...
ကျွန်တော်ဆိုလည်း...ငယ်သူငယ်ချင်းတွေ ရှိခဲ့တယ်...။
ပြည်ပထွက်ဖြစ်တော့ ဝေးသွားတယ်...
သူတို့နဲ့ပြန်တွေ့တဲ့အချိန်မှာ အခြေအနေ၊ အတွေးခေါ်ယူဆပုံတွေ နည်းနည်း ကွာသွားတယ်...
ဒါပေမယ့် စိတ်ထဲမှာ သူတို့ကို နေရာပေးနေမိဆဲပဲ
ကြီးမှတွေ့ဖြစ်ကြပေမယ့်လည်း... တစ်ယောက်နဲ့တစ်ယောက်ကြားမှာ၊ နားလည်မှုတွေ အားကောင်းလာတာနဲ့အမျှ၊ သူငယ်ချင်းတွေလို ခင်မင်လာနိုင်တာပဲလေ...
ပြောရင်းနဲ့ ရှုပ်ကုန်ပြီထင်တယ်... :D

ဟင့်အင်း မရှုပ်ပါဘူး။ သဘောပေါက်သွားပြီ။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့

နောက်တစ်ခုမေးချင်တယ်။ ဒီလိုမိတ်ဆွေတွေကို ကိုယ့်ဘက်က သူငယ်ချင်းလို သဘောထားပေမဲ့ သူ့ဘက်က မိတ်ဆွေလိုသဘောထားတော့ နားလည်မှုတွေလွဲတတ်တာပေါ့ ဟုတ်လား
ကိုယ့်အပေါ်မှာ မနက်ရှိုင်းတဲ့ မိတ်ဆွေတွေကို ကိုယ်က သူငယ်ချင်းလို့ သဘောထားမိရင်... ထားမိတဲ့သူဟာ... စိတ်ပင်ပန်းရမှာ အမှန်ပါပဲ

ဟုတ်ကဲ့ခုလိုဖြေပေးတဲ့အတွက်
အများကြီး ကျေးဇူးတင်ပါတယ်ကိုဏီလင်းညို

လရိပ်ရေးထားတဲ့ ကဗျာ ပါ။

လူကြီးမိတ်ဆက်ပေးတိုင်း
သူငယ်ချင်း
မဖြစ်ရတော့ဘူးလား။

သူငယ်ချင်း မဟုတ်ရင်
နင်ကဘာကိုထင်တာလဲ။

ငါကတော့ 
လူကြီးမိတ်ဆက်ပေးတာ
သူငယ်ချင်းလို့ဘဲထင်ခဲ့တာ။

တကယ်တော့ 
ဒါဟာ
မိတ်ဆွေတဲ့။

ငါဟာ နင့်ရဲ့
သူငယ်ချင်း
မဟုတ်ဘူးဆိုတာ 
သိပါပြီ။

သူ့ဘက်က
မိတ်ဆွေလဲ
မဟုတ်ဘူးဆိုဘဲ။

မိတ်ဆွေမကျ
သူငယ်ချင်းမကျသူနဲ့
ဆက်ဆံရတာ
ငါဘာဖြစ်သွားပြီလဲ။

ရင်ထဲမှာ တကယ်
ထိခိုက်မိပါတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

ကွန်မန့်တွေ




မမလရိပ်ရေ သေသေချာချာလေးဖတ်လိုက်တော့ သူငယ်ချင်းမက်တာချင်းတူတယ်နော်။ တကယ်စိတ်မကောင်းဘူးမမရယ်။ ရင်မှာလာငြိရင် ငြိတဲ့သူက ရှုံးတာမမရဲ့။ အနော်ကတော့ အမြဲတမ်းရှုံးနေတဲ့သူပေါ့။

ahphyulay said...
အင်း...
ရှည်ရှည်ရေးထားလိုက်တာ..၊
သူငယ်ချင်း လို့  သတ်မှတ်ရင်လည်းသူငယ်ချင်း
ပေါ့ ၊ သူဘယ်လိုပဲ ပြင်ပြင် ကိုယ်မပြင်ပဲ
အခင်အမင်မပျက်နေလို့ ရမယ်ထင်တာပဲ။
မရေးတာ ကြာသွားလို့  တွေးတာလည်း
ချာ သွားနိုင်ပါတယ်နော..။

စံပယ်ချို said...
jas လဲသူငယ်ချင်းကြိုက်တယ်
မေမေကမပေါင်းရဘူးဆိုတာတောင်ခိုးပြီးပေါင်းတယ်
ခုမှပဲ မိတ်ဆွေနဲ့ သူငယ်ချင်းဆိုတာလေးခွဲခြားပြီးမြင်လိုက်ရတယ်
ဖုန်းနံပါတ်ပြောင်းသွားပြီနော် နောက်ရက်ပေးထားအုန်းမယ်
အရင်နံပါတ်ပျက်သွားလို့ပါ
ချစ်တဲ့ sis jasmine

လရိပ်အိမ် said...
ဟုတ်တယ် ကိုahphyulayရေ
ယောက်ကျားလေးအချင်းချင်းအနေနဲ့ကြည့်ရင် ဒါဟာဘာမှမဖြစ်လောက်တဲ့ကိစ္စ။
လရိပ်မှာလဲ မိန်းကလေးသူငယ်ချင်း အဲလိုတွေရှိတာဘဲ။ ဒါပေမဲ့ ကိုယ်ကဒီလိုဘဲအောင့်အီးသည်းညည်းခံပြီးပေါင်းတယ်။ ကိုယ့်ကိုလာကြောတာသိရက်နဲ့ပေါင်းတာ။ အခင်အမင်မပျက်ချင်လို့လေ။
ခုက အဲလိုမဟုတ်ဘူးလေ ၊ လရိပ်ကမိန်းကလေး ၊ သူက ယောက်ကျားလေးလေ။ ကိုယ်ကသူငယ်ချင်းလိုဘဲဆက်ဆံတာ ၊ သူ့ဘက်က သူငယ်ချင်းလိုလဲမဆက်ဆံ၊မိတ်ဆွေလိုလဲ မဆက်ဆံတော့ လရိပ်ကခံစားတတ်တဲ့သူဆိုတော့ ဒီလိုအပြုအမူမျိုးတွေ လရိပ်မခံစားနိုင်ဘူး။ လရိပ်က စာရေးဆရာမဟုတ်သေးတော့စာရေးဆရာလိုတော့ မရေးတတ်တာအမှန်ပါ။ လရိပ်ဝတ္ထုရေးနေတာမဟုတ်ပါဘူး။လေဘယ်မှာလဲ ဝတ္ထုလို့မတပ်ထားပါဘူး။ လရိပ်ရဲ့မကျေနပ်ချက်တွေကို ဒိုင်ယာရီအနေနဲ့ဘဲရေးတာပါ။ စာအုပ်ထဲမှာမဟုတ်ဘဲ အင်တာနတ်မှာ ပေါ်တင်ရေးတဲ့အတွက် ယောက်ကျားလေးတွေဘက်ကကြည့်ရင် ဒီကိစ္စဟာမရေးသင့်ဘူးလို့ထင်ကြမှာအမှန်ဘဲ။
"သူဘယ်လိုပဲ ပြင်ပြင် ကိုယ်မပြင်ပဲ အခင်အမင်မပျက်နေလို့ ရမယ်ထင်တာပဲ။" လို့မိန်းကလေးဘက်က(ညီမလေးတစ်ယောက်အနေနဲ့) မခံစားပေးနိုင်ဘဲနဲ့ပြောဖို့မသင့်ပါဘူး။ ကိုယ်က သူငယ်ချင်းလိုဘဲ ဆက်ဆံပေမဲ့ သူ့ဘက်က သူ့ကိုလိုက်နေတယ်လို့ထင်မှာ အမှန်ပါဘဲ။ လရိပ်မကြိုက်တဲ့ယောက်ကျားလေးတစ်ယောက်(ဆရာဝန်)ကို အဲဒီဆရာဝန်က အဲလိုအနေနဲ့ထင်ရင် လရိပ်သိက္ခာကျတယ်လို့ခံစားရပါတယ်။ အဲဒါကြောင့် လရိပ်ဘက်က သူ့ကို သူငယ်ချင်းအနေနဲ့စွန့်လွှတ်ပါတယ်။

Sweety Snow said...
သူငယ်ချင်းနဲ့ပတ်သက်ရင် ပိုခင်တဲ့သူက ပိုခံစားရတာပဲ.. အဲဒါကိုမှ ခံစားဝမ်းနည်းတတ်တဲ့သူက ပိုခံစားရတာပေါ့ . လရိပ်ရဲ့ ခံစားချက်တွေအားလုံးကို နားလည်ပေးလို့ရပါတယ်..။ပျော်ရွှင်ပါစေ ..

ညီလင်းနိုင် said...
အကူအညီလိုအပ်ချိန်မှာ အဆင်သင့် ရှိနေပေးသူ ...
ခင်မင်မှုတစ်ခုထဲနဲ့ ပြန်ရကောင်းစေရယ်လို့
မသတ်မှတ်ပဲ ကူညီပေးသူ ...
ကိုယ့်အကျိုးကို အမြဲလိုလားတတ်သူ ...
မိမိကွယ်ရာမှာ ဖြစ်စေ ဘယ်သောအခါမှ
ကိုယ့်မကောင်းကြောင်း မပြောတတ်သူ ... ဟာ
မိတ်ဆွေစစ်တစ်ယောက်ရဲ့ ရှိသင့်တဲ့
ဂုဏ်အင်္ဂါတွေနဲ့ ညီညွတ်သူလို့
ကျွန်တော် အကြမ်းဖျင်း မှတ်သားဖူးပါတယ် ။
မိတ်ဆွေစစ်တွေရဲ့ မေတ္တာအရိပ်ကိုသာ
ထာဝရ ရရှိ ပိုင်ဆိုင်နိုင်ပါစေ ညီမလေး ။

လွင်ပြင်လှိုင်းငယ် said...
သူငယ်ချင်းနဲ့ မိတ်ဆွေဆိုတာကို ခွဲခြားပေးတဲ့ ပို့ကောင်းလေးဖတ်ရလို့ ကျေးဇူးပါ လရိပ်ရေ

ချစ်စံအိမ် said...
လမင်းလည်းသူငယ်ချင်းအရမ်းခင်တတ်တာ ငယ်ငယ်ကဆိုသူငယ်ချင်းတွေကျောင်းပြောင်းရင်လိုက်ပြောင်းတတ်တယ် ငိုရတယ် တစ်ခုတော့ရှိတယ် လမင်းအကျင့်ပေါ့ အရမ်းခင်တတ်တယ် ကိုယ်ကိုမခင်ရင်လည်းလမင်းက မခင်တော့အောင်နေတယ်..
လရိပ်ခံစားချက်လေးသေချာဖတ်သွားတယ် သူငယ်ချင်းကောင်းနဲ့ ဆုံစည်းနိုင်ပါစေ