Sunday, March 16, 2014

သူငယ်ချင်း

သူငယ်ချင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ
ပျော်ရွှင်ယုယမှုတွေရှိတယ် 
ဟန်ဆောင်ပေါင်းသင်းမှုတွေရှိတယ်။
ကိုယ်ကျိုးအတွက်
ခုတုံးလုပ်တဲ့သူတွေရှိတယ်။

သူငယ်ချင်းဆိုတဲ့
စကားလုံးအောက်မှာ
ညှာတာကင်းမဲ့တဲ့
မျက်လုံးအစုံပေါင်းနဲ့
ဒုက္ခရောက်နေတာကို
မိန့်မိန့်ကြီးကြည့်နေတဲ့သူတွေရှိတယ်။

သူငယ်ချင်းဆိုတဲ့
မျက်ဝန်းတွေအောက်မှာ
ကိုယ်ဟာ ..........
ယောင်နနဖြစ်ခဲ့ရဖူးတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

4 comments:

  1. သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကို ခုတုံးလုပ်ချင်သူ တချို့တွေ ...

    ReplyDelete
  2. friend in need is friend in deed...

    ReplyDelete
  3. လရိပ်ရေ
    သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်နေ
    ကိုယ့်ကိုခုတုံးလုပ်တဲ့သူတွေ့လို့ကတော့
    အားမနာတမ်းကိုကျောခိုင်း လိုက်စမ်းပါ..
    မကူညီချင်နေပါ ..မနှောင့်ယှက်ပါနဲ့ ဆိုတဲ့
    မူဝါဒနဲ့ ရပ်တည်စမ်းပါ..
    ယောင်နန ဖြစ်နေရင်ကိုယ်ဘဲ ခံနေရဦးမှာ

    ReplyDelete
  4. ခံစားချက် ကဗျာလေးဖတ်သွားတယ် လရိပ်ရေ....
    စစ်မှန်တဲ့ 'သူငယ်ချင်း' များနဲ့သာ ကြုံဆုံနိုင်ခွင့်ရပါစေကွယ်။

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်