ဖုန်းဆက်တိုင်း
မင်းပြောတယ်
ငါကထားသွားလို့
ဝမ်းနဲတယ်တဲ့။
ငါလဲ
ထားခဲ့ချင်လို့မှ
မဟုတ်တာ။
အခြေအနေအရမို့
နားလည်ခိုင်းတာ
နောက်ဆုံး
နားလည်ရတဲ့သူဟာ
ငါ ဖြစ်သွားတယ်
ကောင်မလေးရေ။
မင်းက ... ခုဆိုရင်
မင်္ဂလာခန်းမထဲမှာ
ပျော်နေလောက်ပြီ။
လောကကြီးက
မတရားဘူး။
ဖယောင်းလမ်းက
ခရောင်းလမ်းကို
မကျော်နိုင်ဘူး။
စိတ်ထဲရှိတာပြောရင်
မင်းတကယ်
မတရားဘူး။
လေးစားစွာဖြင့်
လရိပ်အိမ်
***စာရေးဖို့အင်အားတွေ ပျောက်ဆုံးနေတယ်။
ညီမလေး ရိုးမြေကျက ဗီဒိုအာဏာသုံးလာတယ်။
စာမရေးရင် သူနဲ့စကားမပြောရဘူးတဲ့။
သူလဲမပြောဘူးတဲ့။ ရေးပြီးပြီ ညီမလေးရေ။ ပျော်ရွှင်ပါစေ။
ဪ ညီမလေးကပြောသေးတယ်။
ဒီတစ်ခါပါဘဲတဲ့ ၊ နောက်အခေါက် မရေးလဲ စကားပြောပါမယ်တဲ့။
အတည်နော် ၊ ညာရဘူး။း)))
ဟုတ်ကဲ့ ... ရေးလိုက်ပါတယ်။ ကျေနပ်တော့နော်။
ရိုးမြေကျရဲ့ ဗီဒိုအာဏာကိုပဲကျေးဇူးတင်မိပါတယ်
ReplyDeleteလရိပ်ရေ တတ်နိုင်သလောက်တော့ ရေးပါနော်
စိတ်လဲမလွင့်တော့ဘူးလေ စာထဲနစ်ထားပေါ့
မတရားတဲ့သူနဲ့ ဝေးလိုက်ရတာကျေးဇူးတင်လိုက်ပါနော်
တရားသောသူနဲ့သာတွေ့အောင်ဆုတောင်းပေးခဲ့တယ်
လရိပ်ရဲ့ sis jasmine
ဘာလို့စာမရေးတာလဲ သူလဲဓါတ်ကူးပြီထင်တယ် ရေးပါအားပေးနေမယ်...
ReplyDeleteဘာလို့စာမရေးတာလဲ သူလဲဓါတ်ကူးပြီထင်တယ် ရေးပါအားပေးနေမယ်...
ReplyDeleteစာတွေများများရေးပါ လရိပ်ရေ အားပေးနေပါမယ်
ReplyDeleteအမြဲတမ်းအားပေးနေတယ်နော်
ReplyDeleteလရိပ်ရေဖိုက်တင်း
ခင်တဲ့အန်တီလေးမေခင်
အမလရိပ်ရေ
ReplyDeleteကဗျာလေးအားပေးသွားပါတယ်နော်
အားပေးနေတယ်နော် စာများများရေး :D
ReplyDeleteမမကွာ။စာထဲထည့်ရေးသွားတယ်။ ဗီဒိုအာဏာသုံးတယ်တဲ့။ နောက်အခေါက်မရေးရင်လဲပြောဘူး။
ReplyDeleteရေးရမှာပဲ။ရေးရမှာပဲ။ အီးဟီးးးးးးးးးးးးးးးးးး
မမ မင်္ဂလာခန်းမထဲကကောင်မလေးက ဘယ်သူလဲ
မမ လခြမ်းလေးတွေကြယ်လေးတွေနဲ့ ဒီဇိုင်းလုပ်ထားတာလှလိုက်တာ။အရမ်းကြိုက်တယ်။
ReplyDeleteကဗျာလေးဖတ်သွားတယ်နော်..
ReplyDeleteအမြဲတမ်း အားပေးနေမယ်:)
ခင်တက်တဲ့
လေပြေ
နောက်ဆုံးတော့ နားလည်ပေးရတာ ကိုယ်တိုင်ပဲဖြစ်နေတာပေါ့.. ခံစားချက်တွေကို ထပ်တူခံစားလို့ရတယ်
ReplyDeleteစာတွေ လာဖခတ်သွားကြောင်းပါခင်ဗျားးးးးးးးးးးးးးး
ReplyDeleteစာရေးပါဟယ် ..
ReplyDeleteစကားမစပ် ဒီကဗျာလေးရေးဖို့ ဘယ်လို စိတ်ကူးလေးရတာလဲ သိချင်ပါ့
တစ်စု့တစ်ခုသော တွန်းအားကြောင့် ဘလော့ပေါ်မှာ စာတွေ ရေးဖြစ်နေရင်ပဲ.... ကျေနပ်ပြီ..ဒါမှ ဘလော့မှာ လူစည်နေမှာလေ.....:)
ReplyDeleteဗီတိုအာဏာကြောင့်ဖြစ်လာတဲ့ကဗျာလေးကို
ReplyDeleteလာရောက်ခံစားသွားတယ်ရှင်
----->မမဝသုန်
ReplyDeleteဒီကဗျာရေးဖြစ်ရတာကတော့ လရိပ်ရဲ့အချစ်ဆုံးသူငယ်ချင်း (အမွှာသူငယ်ချင်း)ကြောင့် ရင်ထဲကဖြစ်ပေါ်လာတဲ့ခံစားချက်လေးပါ။
နောက်ကျမှ ပြန်ရေးပေးတဲ့အတွက် ဆောရီးငှက်ပျောသီးပါလို့။ :D