Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Tuesday, September 23, 2014

BPP Challenge ရဲ့ ပထမဆုံး ခြေလှမ်း



" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးကို သူကြောက်တယ်။

" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးအောက်မှာ သူကျရှုံးခဲ့တာ အကြိမ်ကြိမ်။

" စိန်ခေါ်မှု " ဆိုတဲ့ အသံကြားတိုင်း သူ့ကိုတုန်လှုပ်သွားစေတယ်။

" စိန်ခေါ်မှု " ဆိုတဲ့ ခေါင်းစဉ်ဖတ်ပြီး သူစာတွေရေးချင်နေမိပြန်တယ်။ ဒါပေမဲ့ သူ မရေးဖြစ်ခဲ့ဘူး။ တပတ်မှာ တရက်ဘဲရှိတဲ့ အားလပ်ရက်။ ကျန်းမာရေးမကောင်းတဲ့ သူ့အတွက် အဲဒီရက်ဟာ နတ်သုဒ္ဓာလိုဘဲ။ ဒီလိုနဲ့ သူထပ်ခါကျရှုံးရအုန်းမှာလားလို့တွေးရင်း ဒွိဟဖြစ်နေပြန်တယ်။

" စိန်ခေါ်မှု " အောက်မှာ ၁ခါလဲမဟုတ် ၊ ၂ခါလဲမဟုတ် ၊ ၃ခါ ၊ ၄ခါ  သူယိုင်နဲ့လာတယ်။

" စိန်ခေါ်မှု " အောက်မှာ သူ့ခန္ဓာကိုယ်လဲလျောင်းနေခဲ့ရတယ်။

သူ့ခန္ဓာရဲ့  " စိန်ခေါ်မှု " ကိုတော့ ငယ်စဉ်တည်းက ဘာမှမသိစွာနဲ့ ရခဲ့တယ်။

ဘဝရဲ့ " စိန်ခေါ်မှု " တခုဖြစ်တဲ့ လူတွေနဲ့စကားပြောဆက်ဆံရာမှာ ဘယ်တုန်းကမှ အဆင်ပြေမှုမရှိခဲ့ပြန်ဘူး။ အဲဒီအတွက် သူ သိမ်ငယ်ရတယ်။ ဘယ်လောက်ဘဲ ကြိုးစားဆက်ဆံ ၊ အချိန်တန်ရောက်ရင် လူတွေက သူ့ကို မခေါ်တော့ပြန်။ ဒါ ဝဋ်ကြွေးလား??

အလုပ်တဖက် ၊ ကျောင်းတဖက် ရဲ့ " စိန်ခေါ်မှု " ကလဲ သူ့ရဲ့ကျန်းမာရေးကို ချို့တဲ့စေခဲ့ပြန်တယ်။

နှစ်ပတ်အတွင်းဆိုတဲ့ " ဘီပီပီ စိန်ခေါ်မှု "ကို ဖျားနာခြင်းရဲ့နောက်ကွယ်မှာ သူအနိုင်ရလိုက်ချင်တယ်။

ဒီတခါရဲ့ " စိန်ခေါ်မှု " ကို သူအရှုံးခံရင် တသက်လုံး ဘလော့ပေါ် သူ မတက်လာတော့ဘူးဟု သူ့ကိုယ်သူ ပြောနေမိပြန်တယ်။

၃ပတ်ထဲမှာမှ " ဘီပီပီ စိန်ခေါ်မှု " ရေးတဲ့အတွက် ဒီ " စိန်ခေါ်မှု " မှာ သူ ရှုံးနေပြီလား မသိတော့ပါ။

" ဘီပီပီ စိန်ခေါ်မှု " အတိုင်း
၁။     တီတင့်
၂။    (တုံးဖလား) သူကြီးမင်း
၃။    ပစ်ပစ်
၎။    အမမဒမ်ကိုး
၅။    မစံပယ်ချို
၆။    မကြီးလွမ်း ( အလွမ်းမြို့လေး )
၇။    မနော်ဖော
၈။    မရွှေစင်ဦး
၉။    မိုးညချမ်း
၁၀။ ကိုလွင်ပြင်လှိုင်းငယ်

သူ အတွေးသိပ်များတယ်နော်။

လေးစားစွာဖြင့်
လရိပ်အိမ်

Wednesday, February 5, 2014

လူလိမ်မွေးနေ့

သူ
အစအနောက်သန်တယ်
ရယ်စရာပြောတတ်တယ်
ကုမ်ရာသီဖွားဖြစ်တယ်
အွန်လိုင်းမှာ
ရည်းစားစကားပြောတယ်
အပြင်မှာလူချင်း တွေ့ဖူးတယ်
ရည်းစားမဖြစ်ခဲ့ပါ
ရည်းစားစကားက
အတည်မဟုတ်ဘူးလို့ပြောတယ်

သူလက်ထပ်မဲ့ကောင်မလေးရှိပြီးရက်နဲ့
အွန်လိုင်းမှာ အရည်မရ အဖတ်မရ
ရည်းစားစကားလိုက်ပြောတယ်
တော်တော်အရှက်ကင်းမဲ့တယ်
အွန်လိုင်းရဲ့လှည့်ကွက်တွေ
သူ့ရဲ့လှည့်ကွက်တွေ
ကိုယ်သိပ်မုန်းတယ်

သူ
အကိုနဲ့ညီမလေးလို
တသက်လုံးလို့ပြောတယ်
သူ့အိမ်သူသက်ထားကို
ညီမလေးအကြောင်း
ပြောပြမယ်လို့ဂတိပေးဖူးတယ် (ဂတိမတည်တတ်သူဟာ ဂတိမပေးသင့်ဘူး)
မင်္ဂလာဆောင်သွားပြီလို့ပြောတယ်
ဖိုတိုပြဖို့
မိတ်ဆက်ပေးဖို့ပြောတယ်
ဖိုတိုမရှိဘူးလို့ပြောတယ်
ရှာဖွေမွှေနှောက်စုံစမ်းလိုက်တယ်
သူ
မင်္ဂလာမဆောင်ရသေး
လိမ်တာလို့ သူကိုယ်တိုင်ဝန်ခံတယ်
သူ့ကိုမေ့နိုင်အောင် ကြိုးစားတယ်
အောင်မြင်ခါနီးမှာ
ဒီနေ့
သူ့မွေးနေ့
အဒေါ်က လရိပ်ရဲ့ မွေးနေ့လက်ဆောင်
ဒီနေ့လာယူပါတဲ့။ :P


တိုက်ဆိုင်မှုတွေဆိုတာ အလိုလိုဖြစ်လာတတ်စမြဲပါ။
အဲဒါကို ရအောင်ကျော်ဖြတ်နိုင်ရမှာပါ။
ဂတိမတည် ၊ လိမ်တတ်တဲ့လူတစ်ယောက်ကို စိတ်ထဲမှာထားစရာလား လရိပ်အိမ်။
စိတ်ထဲမှာ မထားတာ တော်တော်ကြာပါပြီ ၊ ပြန်တုန်းက သူ့ပစ္စည်းတွေ အားလုံးသွားပေးခဲ့တယ်။သူ့ကိုသိတယ်ဆိုတဲ့လူကိုဘဲ ပေးထားခဲ့တယ်။
ဖေဖော်ဝါရီကို သိပ်မက်မောခဲ့တယ် ၊ ပြည်ထောင်စုနေ့ရှိတယ် ၊ ဗိုလ်ချုပ်မွေးနေ့ရှိတယ်။
သူ့ကြောင့်နဲ့တော့ လရိပ်သိပ်ချစ်ရတဲ့ ဖေဖော်ဝါရီဆိုတဲ့လလေး မပျောက်ပျက်စေရဘူး။

လေးစားစွာဖြင့်
လရိပ်အိမ်

Saturday, August 31, 2013

အိတ်မှောက်သွန်ပစ် သုံးဆယ့်တစ် ( Tag Post )



ဘလော့ဂါများနေ့မှာ အမသက်ဝေတဂ်သော အိတ်မှောက်ဖာသွန် Tag Post ကို အမှတ်တရ ရေးဖြစ်ပါတယ်။ အမသက်ဝေရဲ့ခေါင်းစဉ်ကိုလဲ နဲနဲပြောင်းမိသွားတယ် ၊ အဲဒီအတွက် ခွင့်ပြုပါနော်။

အိတ်မှောက်သွန်ပစ် သုံးဆယ့်တစ် ၊ ကိုညီလင်းသစ်ရဲ့ ခေါင်းစဉ်ကိုယူမိတယ် ၊ ကာရံနဘေထပ်ချင်လို့ပါ။ :) အမမြသွေးနီလိုယူလိုက်မိတာပါ။ ၃၁ရက်နေ့မှာမှ ရေးဖြစ်တာကြောင့် ရွတ်လို့ကောင်းအောင် အရှေ့တဝက်ဘဲယူယူ ၊ ကိုညီလင်းသစ် ခေါင်းစဉ်ကိုယူမိတော့ စားချင်တာရှိရင်လဲ ဝယ်ကျွေးပါ့မယ်။ :D

အိတ်ကိုသွန်မှောက်ပြီး ဓာတ်ပုံရိုက်နေလို့ အမေနှစ်ယောက်က ဘာလုပ်နေတာလဲတဲ့။ Blog မှာတင်ဖို့ Tag Post ပါလို့ ဖြေရှင်းရသေးတယ်။

အိတ်ကိုသွန်၍ မှောက်ကြည့်သောအခါ ဒီပစ္စည်းလေးများထွက်ကျလာပါသည်။





ပုံထဲကအတိုင်း အပေါ်ကနေအောက်အစဉ်လိုက် ရေးသွားလိုက်မယ်နော်။

ပထမ စတွေ့ရတာကတော့ လရိပ်အပြင်သွားရင် လွယ်တဲ့အိတ်ပါ ၊ ပစ္စည်းတွေသွန်ထားတယ်ဆိုတော့ အိတ်အဖုံးကိုပါလှန်ထားလိုက်တယ်။ အိတ်အဖုံးပေါ်မှာတွေ့ရတာက ဦးထုပ်ပါ။ 

အိတ်ရဲ့ဘေးက ပစ္စည်းဝယ်တာဖြစ်ဖြစ် ၊ စားသောက်ဆိုင်မှာ စားရင်ဖြစ်ဖြစ် ရတဲ့ဘောက်ချာစာရွက်လေးတွေပါ ၊ အဲဒီထဲမှာပါတဲ့ ဂဏန်းတွေကိုဘဲ ထီတိုက်သလိုမျိုး ပြန်တိုက်လို့ရပါတယ်။ နှစ်လတခါ တိုက်ရပါတယ်။ တချို့မပေးတဲ့ဆိုင်တွေလဲရှိပါတယ် ၊ ပေးတာများပါတယ်။ သူ့အောက်ကတော့ အိမ်သော့နဲ့လှေကားသော့ပါ။ သော့ထဲမှာ ပါနေတဲ့ ကဒ်လေးတွေက ပစ္စည်းဝယ်ရင်သုံးတဲ့အသင်းဝင်ကဒ်ပါ။ 

နောက်တလိုင်းက အားလုံးရဲ့ရင်ထဲမှာရှိတဲ့ မျှော်လင့်ချက် - ထီလက်မှတ်ဖြစ်ပါတယ်။ ဆုသေးဘဲ ပေါက်တာများတယ်။ ဆုကြီးကိုတော့ သစ်ကုလားအုပ်လိုဘဲ မျှော်နေရတယ်။ ထီလက်မှတ်အောက်မှာတွေ့ရတဲ့ ပန်းရောင်ဘူးလေးက ဆေးဘူးပါ ၊ သူ့အောက်က အဖြူရောင်ပန်းပွင့်ဘူးလေးကလဲ ဆေးဘူးပါဘဲ ၊  ဆေးဘူးအောက်မှာတွေ့ရတာက အစာအိမ်နဲ့ပတ်သက်လို့သောက်ရတဲ့ ဆေးကဒ်ပါ ၊ သိပ်သောက်လေ့မရှိပါဘူး။ တခါတရံ ဗိုက်အောင့်မှသောက်ဖြစ်ပါတယ်။ ပိုပိုလိုလို ထည့်ထားတာပါ။ ဆေးကတော့ သိတဲ့အတိုင်း ဘယ်သူမှသောက်ချင်ကြမှာမဟုတ်ပါဘူး။ လိုအပ်လို့ သောက်နေရတော့လဲ မြန်မြန်နေကောင်းချင်ပါတယ်။ အောက်ကတော့ ဖုန်းပါ။

စာအုပ်တအုပ်တော့ အမြဲသယ်ဖြစ်ပါတယ် ၊ စာရေးမယ်ဆိုရင် အဲဒီစာအုပ်သယ်ပါတယ်။ အဲဒီတစ်အုပ်သယ်တာ များပါတယ်။ ဆေးခန်းသွားပြရင်တော့ ဖတ်စရာစာအုပ် တစ်အုပ်သယ်ပါတယ်။ ဘောပင်လဲ အမြဲထည့်ပါတယ် ၊ အပြာရောင်က ဖျက်တိပ် (correction tape) ပါ။စာအုပ်အောက်က ပန်းရောင်အိတ်လေးက အကြွေထည့်တဲ့အိတ်ပါ ၊ အထဲမှာ သံလိုက်တပြားပါတယ် ၊ စတီးခွက်အစစ်ရှာနေတာ ၊ ခုနောက်ပိုင်းရှာနေတာ ၊ ရှာတာဘဲအဖတ်တင်တယ် ၊ အကုန်သံလိုက်လိုက်တယ်။ အမေက စတီးခွက်အစစ်နဲ့သောက်ရင် ကောင်းတယ်ဆိုလို့။ ကြွေခွက်လဲရတယ် ပြောတယ် ၊ ကြွေခွက်နဲ့ကမသောက်ချင်တာမဟုတ်ဘူး ၊ လက်ကနေ ပြုတ်ကျမှာစိုးတာ။:P အကြွေအိတ်ဘေးက ရှုဆေးတောင့်။ အောက်ကအိတ်က ပိုက်ဆံရွက် ထည့်တဲ့အိတ်ပါ။  အများကြီးမဟုတ်ပါဘူး ၊ ခုနှစ်ရာတည်းပါ။ အထဲမှာ ဆေးခန်းသွားပြတဲ့ကဒ် ၊ ပိုက်ဆံထုတ်တဲ့ကဒ် ၊ ကျန်တဲ့ကဒ်ကတော့ ပစ္စည်းဝယ်တဲ့ မမ်ဘာကဒ်တွေပါ။ သူများတွေလို ခရက်ဒစ်ကဒ်လဲ မရှိပါ။

ထီး အမြဲသယ်ပါတယ် ၊ ဦးထုပ်လဲသယ် ၊ ထီးလဲသယ်။ ဦးထုပ်က နေပူတဲ့အခါ နဲ့ မိုးတစက် ၊ နှစ်စက်ရွာတဲ့အခါမှာ ထီးမဆောင်းချင်လို့ပါ။ အမေကဘယ်သွားသွား ဦးထုပ်ဆောင်းမှကြိုက်တယ်။ အဲဒါကြောင့်လဲ သယ်တာပါ။ ထီးအောက်ကအိတ်က ပစ္စည်းဝယ်ပြီးရင် အိတ်ဝယ်ရတာများတယ် ၊ မဝယ်ချင်လို့ အိမ်မှာရှိတဲ့အိတ်ကို ထည့်ထားတာပါ။ အရင်ကဆို ပစ္စည်းဝယ်ရင် အိတ်တွေပေးတယ် ၊ ခုက ဖောင်းပွမှုကြောင့် မပေးဘူးဖြစ်သွားတာ ကြာပေါ့။ tissue တစ်ထုပ် ၊ tissue အောက်က Winnie Pooh နဲ့က ဘတ်စ်ကား စီး ၊ MRT စီးတဲ့ကဒ်ပါ။ tissue ဘေးက အဖြူရောင်နဲ့က အလုပ်လျှောက်တဲ့စာရွက်ပါ ၊ ကျန်းမာရေးကြောင့် အလုပ်ရပ်နားထားပြီး ခုအလုပ်ပြန်ရှာနေလို့ပါ။ အပြင်သွားတော့ လမ်းမှာကြိုက်တဲ့အလုပ်တွေ့ရင် လျှောက်ပစ်လိုက်တာဘဲ။ ခု အလုပ်က နဲနဲရှာရခက်နေတယ် ၊ ဘာလို့လဲဆိုတော့ သူတို့က အိုဗာတိုင် ဆင်းစေချင်တယ် ၊ လရိပ်က ညကျောင်းတက်ချင်တယ် ၊ အဲဒီမှာ မကိုက်ဘူး ဖြစ်နေလို့ အလုပ်တော်တော်များများက မခေါ်ဘူး။ အလုပ်ချိန်တွေက ကို့လို့ကန့်လန့်တွေ။ အမေကလဲ လရိပ်ကျန်းမာရေးကို စိတ်ပူနေတာတွေပါတာပေါ့။ အောက်ဆုံးကတော့ ရေဘူးပါ။ ဆေးသောက်မှတော့ ရေဆိုတာ မရှိမဖြစ်လိုလာပြီလေ။ လမ်းမှာအလုပ်လျှောက်ဖြစ်တော့ ပြန်ဖြည့်ရ ၊ ဖျက်ရတာမျိုးတွေရှိနေလို့ ဘောပင်နဲ့ ဖျက်တိပ် ဆောင်ထားတာပါ။ ဘောပင်က အရင်ဆိုလုံးဝမသယ်ဘူး ၊ ခုက လမ်းရောက်လို့စာဖြစ်ဖြစ် ၊  ကဗျာစာသားဖြစ်ဖြစ် အတွေးဝင်သွားရင် စာကြောင်းတွေထွက်လာလို့ အမြန်ရေးရတာပါ။ အိမ်ရောက်မှ ပြန်ရေးရင် ဘာမှမမှတ်မိတော့လို့ပါ။ အလုပ်လျှောက်တာလဲ ပါတာပေါ့။
ရေးတယ်သာပြောနေတာ ၊ ဘာ post မှလဲမတင်ဘူးနော် ၊ ဟိဟိ။

ခုက နွေရာသီဆိုတော့ နှုတ်ခမ်းဆီမထည့်ထားဘူး။ ပျော့သွားလို့။ ဆောင်းတွင်း နှုတ်ခမ်းကွဲမှထည့်ဖြစ်တယ်။ 

အမေက ပုံကြည့်ပြီး လရိပ်အိတ်ထဲမှာ ဘာမှမရှိပါလားတဲ့ ၊ ဘာမှတာမရှိတာ လရိပ်အိတ်ကို သွားချိန်တာ ၁ကီလိုကျော်တယ်။

ဘလော့ဂ်ဒေးမှာ ဘလော့ဂါတိုင်း ပျော်ရွှင်မှုအပေါင်းနဲ့ စိတ်ကျန်းမာ ၊ ကိုယ်ချမ်းသာရှိကြပါစေ။


လေးစားစွာဖြင့်
လရိပ်အိမ်

Friday, May 31, 2013

..... အိမ် .....


ဘလော့ဂါမိတ်ဆွေများ....
အိမ်ပြင်ပြီးပါပြီ ၊ အရင်ထည့်ထားသော မိတ်ဆွေများရဲ့လင့်ကျန်ခဲ့ရင် အသိပေးပါ။
တမင်တကာချန်ထားတာ မဟုတ်ပါဘူး။
အရင် ထည့်တုန်းက ၁၀၀ကျော်တယ်။ ခုက ၁၀၀ရဲ့အောက်ရောက်နေလို့။ ဘယ်သူကျန်မှန်းမသိဘူး။

လေးစားစွာဖြင့်
လရိပ်အိမ်

Sunday, May 12, 2013

ကမ္ဘာပေါ်ရှိ အမေများအားလုံးသို့..........



ဒီနေ့ဟာ ကမ္ဘာတဝန်းလုံးရဲ့ အမေများနေ့ပါ။

လရိပ်မှာ အမေနှစ်ယောက်ရှိတယ်။

မနှစ်ကလဲ  အမေနှစ်ယောက်လုံးကို အမေများနေ့အတွက် ပိုစ့်ကဒ်လေး လုပ်ပေးဖြစ်တယ်။ တယောက်တစ်ကဒ် ဒီဇိုင်းမတူပါဘူး။

ဒီနှစ်တော့ အဝေးရောက်နေတဲ့အမေကို ကဒ်လုပ်ပေးပြီး စာတိုက်ကနေပို့ပေးမယ်ဆိုတော့ အမေက မပို့နဲ့တဲ့ ၊ လုပ်ပြီးသိမ်းထားလိုက်တဲ့ ၊ လရိပ်ဆီရောက်မှ ယူမယ်တဲ့။ အဲဒါနဲ့လရိပ်လဲ ဒီမှာတူတူနေတဲ့အမေကိုဘဲလုပ်ပေးမယ်ပေါ့။အဝေးရောက်နေတဲ့အမေကို ဒီနှစ်မလုပ်ပေးဘူးလို့ပြောလိုက်မိတယ်။ အွန်လိုင်းကနေတော့ ကဒ်လေး ပို့ပေးမယ်လို့ဘဲပြောလိုက်တယ်။ အမေက လရိပ်မအားလဲ စကားတစ်ခွန်းပြောတာနဲ့ရပါတယ်လို့ပြောတယ်။

ဒါပေမဲ့ အမေက အဲလိုပြောပေမဲ့ အမေစိတ်ထဲမှာ စိတ်မကောင်းဖြစ်သွားတာကို လရိပ်ခံစားမိတယ်။

လရိပ်က ဒီတစ်လော စိတ်ရှုပ်စရာကြုံထားတော့ ခေါင်းထဲမှာ ဘာပုံစံလုပ်ရမယ်ဆိုတာ စဉ်းစားမရ ဖြစ်နေလို့ပါ။ မလုပ်ပေးချင်လို့ မဟုတ်ပါဘူး။ ဆေးထိုးခံရမဲ့နေ့မှာမှ ပြသာနာတစ်ခုဖြစ်နေလို့ ရှင်းရသေးတယ်။ စိတ်ကရှုပ်နေတော့ ဆေးထိုးထားတာ ခါတိုင်းနဲ့မတူဘူး ၊ တင်းပြီးနာနေတယ်။ တစ်ပတ်လောက် အိမ်မှာအနားယူလိုက်ရတယ်။ ခုတော့ သက်သာသွားပါပြီ။

အဲဒီနေ့ကလဲ လရိပ် ဒီကအမေကို လုပ်ပေးရင်းနဲ့ အဝေးရောက်နေတဲ့အမေအတွက်ပါ တခါတည်းလုပ်ပေးဖြစ်ပါတယ်။
ဒီကအမေက အဝါရောင်ကြိုက်တယ်။ အဝေးရောက်မေမေကိုတော့ အနီရောင်ပဲ လုပ်ပေးလိုက်တယ်။ ပြီးတော့ စကိုက်မှာ ပြလိုက်တယ်။ နှစ်ယောက်လုံးဆီက ဝမ်းသာတဲ့အရိပ်လေးတွေ မြင်တွေ့လိုက်ရတယ်။
လရိပ်လဲပျော်ပါတယ်။

ကမ္ဘာပေါ်ရှိ အမေများအားလုံးသို့..........
အမေများနေ့မှာ ပျော်ရွှင်ပါစေ။
Happy Mother's Day!
母親節快樂!

*အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။*


လေးစားစွာဖြင့်
လရိပ်အိမ်

Wednesday, April 17, 2013

နှစ်သစ်ဆုတောင်း



ပုံကတော့ လရိပ် မြန်မာပြည်ပြန်တုန်းက ပုဂံမှာရိုက်ထားတာပါ။ အဲဒီနှစ်က ပိတောက်ပန်းပွင့်တာတော်တော်စောတယ်။

Monday, April 1, 2013

တချို့လူတွေများ


တချို့လူတွေများ ----- အမြင့်ရောက်သွားပြီးရင် ပြန်မဆင်းတတ်ကြတော့ဘူး။ လှေကား သူများယူသွားလို့ဖြစ်မယ်။
ဘဝင်လေဟပ်နေသူများအားလုံးကို တည့်တည့်ပြောပါတယ်။
အရင်တုန်းကတော့ တန်းတူဆက်ဆံခဲ့ကြတာဘဲ။ ခုကျတော့သူတို့ကဘဲ လူအချင်းချင်း စကားပြောရတာ မတူသလို ၊ မတန်သလို။  ဒီလိုလူမျိုးကိုလဲ ဘယ်သူကမှခေါ်ချင်ပြောချင်မှာမဟုတ်ပါဘူး။
ဒီလိုစိတ်ထားမျိုးရှိသူတွေဟာ ရှေးဘဝက ပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကံကြောင့် မပြုတ်ကျတတ်ပါဘူး။ အထိလဲမနာတတ်ပါဘူး။ တက်ပြီးရင်းတက်ပါဘဲ။
ရှေးဘဝက ကုသိုလ်ကံမကောင်းခဲ့ဘူးဆိုရင်တော့  ဒီအမြင့်(နာမည်မဟုတ်)ဘဝမှာ ကြာကြာမခံပါဘူး။ ပြုတ်ကျသွားရင်တော့ ဟိုးအောက်ဆုံးထိပါဘဲ။
ဘဝင်လေဟပ်နေသူများ ၊ ဘဝင်မြင့်နေသူများ စိတ်ထားကောင်းကောင်းထားကြပါလို့ ၊ တနေ့တော့ ဘယ်လမ်းကိုသွားရမလဲဆိုတာ အားလုံးသိပါရဲ့လား။

တချို့လူတွေများ ----- သစ္စာဖောက်သောသူငယ်ချင်း ၊ ပိုက်ဆံမက်ပြီး လှေနံ၂ဖက်မက နင်းချင်သောသူများ ၊ နင်းထားရက်နှင့်မနင်းဘူးလို့ဗြောင်ညာသူများ ၊ ပစ္စည်းပိုင်ဆိုင်မှုကိုဘဲမက်မောသောသူများ ၊ အွန်လိုင်းမှာ အချောင်ရတိုင်း , သူငယ်ချင်းမြှောက်ပေးတိုင်း တဖက်သားအားမညှာ ရင်ထဲကမပါ ရည်းစားစကားပြောသူများ ၊ ပိန်ပြီးမော်ဒယ်လိုလှပရမည့်အပြင်ပိုက်ဆံရှိသောသူကိုဘဲ ရွေးချင်သူများ ၊ သူများဖေ့ဘုတ်သူငယ်ချင်းများ ကြားထဲဝင်ပါပြီး ညတိုင်းညတိုင်း အရည်မရအဖတ်မရ ဖုန်းနှင့်သူ၏ချစ်လှစွာသောသူငယ်ချင်းကို ပြန်ပြန်ပြောပြပြီး ရန်တိုက်သောသူများ ၊ ဒီစာတွေကိုဖတ်ပြီး ကိုယ့်လိပ်ပြာကိုယ်မလုံသောသူများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အထောင်းခံရမှာစိုးလို့ စိတ်ထဲမှရေးချင်တာများကို ဧပရယ်ဖူးလ် နေ့မှာ တချို့လူတွေများကို ရေးသားလိုက်ပါတယ်။
မည်သူ့ကိုမှမရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိသွားပါက ဧပရယ်ဖူးလ် ဟု မှတ်ယူကြပါ။ :)))

လေးစားစွာဖြင့်
လရိပ်အိမ်

Monday, February 18, 2013

တပို့တွဲ ရဲ့ ရိုးမြေကျ

ညီမလေး ရိုးမြေကျ မွေးနေ့အမှတ်တရ 



ရက်ကိုကြည့်လိုက်တော့
ကုမ်ရာသီရဲ့
နောက်ဆုံး အငွေ့အသက်နဲ့
လူ့လောကထဲ ရောက်လာတဲ့
သူမလေး ............   

နောက်ဆုံးပိတ် 
အိတ်နဲ့လွယ်ဆိုသလို
ကုမ်ရာသီဖွားရဲ့ စရိုက်
အပြည့်အဝ ပါလာသူလေး

အဲဒီအချိန်ဟာ
ထမနဲထိုးတဲ့ အချိန်လဲ
ဖြစ်ကောင်းဖြစ်နိုင်ရဲ့။

ဝတ္ထုရေးတဲ့နေရာမှာ
အိုင်ဒီယာတွေ သိပ်မိုက်တဲ့
ရိုးမြေကျ

ကဗျာတွေရေးတဲ့အခါမှာ
စကားလုံးတွေ သိပ်လှတဲ့
ရိုးမြေကျ

ဘာသာပြန်အပိုင်းအစတွေက
နက်ရှိုင်းပြီး 
ရင်ထဲကိုထိစေတယ်။

စာအုပ်မျက်နှာမှာ
ကိုယ်နဲ့သူနဲ့
ပျော်ရွှင်စွာ စနောက်ခဲ့ကြတယ်။

မျောက်ရုပ်တွေကြားထဲမှာ
သွားဖြူဖြူလေးနဲ့
အပြစ်ကင်းစင်နေတဲ့
ရိုးမြေကျ

စာမေးပွဲဖြေရင်
ဘယ်တော့မှ 
အဆင့် - ၁ ကမဆင်းတဲ့
ရိုးမြေကျ

ကိုယ့်ရင်ထဲက
စကားလေးတစ်ခွန်း
ပြောမိတာနဲ့
ဘာဆိုဘာမှ
ပြန်မပြောတော့တဲ့
ရိုးမြေကျ 

ကုမ်ရာသီဖွားတွေဟာ
စာရေးဆရာများတယ်ဆိုဘဲ။

ရိုးမြေကျတိုင်အောင်
ကဗျာတွေ ၊ စာတွေ ၊ ဝတ္ထုတွေ
အများကြီးရေးသားနိုင်တဲ့
နိုင်ငံကျော်၊နာမည်ကျော် စာရေးဆရာမကြီး
ဖြစ်ပါစေလို့ .....................
မွေးနေ့ဆုတောင်းပြည့်စေသား။

*ခုမှသေချာကြည့်မိတယ် ၊ မွေးတဲ့နေ့နဲ့တူတဲ့နှစ်ဘဲ။
  ညီမလေး ရိုးမြေကျ ချစ်ခင်ရသူနဲ့ ထာဝရပျော်ရွှင်ပါစေလို့
  ထပ်ပြီးဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ခင်မင်စွာဖြင့်
လရိပ်အိမ်


Wednesday, February 13, 2013

ဗိုလ်ချုပ်ဖခင်အောင်ဆန်းဇာနည်


ဒီနေ့ဟာ ကျွန်တော်တို့ ဂုဏ်ယူအလေးထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပါ။ 
ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့ရတဲ့ ကဗျာလေးပေါ့။

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား။

၁၉၄၇ ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့သား။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။
------------------------------------------------------------------------------------------------------------
ဗိုလ်ချူပ်အောင်ဆန်း ပြောတဲ့ ညီညွတ်ရေး
ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့ လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့ အကြောင်းကို သရုပ်ပြထားတယ်။ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့  ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်မှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့  တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။

အဲဒီတော့က ကျွန်တော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့  အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့ အကျိုး၊ တူညီတဲ့ အလုပ်၊ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့ အကျိုး၊ တိုင်းသူပြည်သားတွေ ရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။

ပါးစပ်က ပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့ မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။



"ဗိုလ်ချူပ်အောင်ဆန်း ပြောတဲ့ ညီညွတ်ရေး"ကိုလဲ ဘယ်ဘလော့က ကူးလာမှန်းမမှတ်မိတော့ပါ။ 
တင်သွား၊ရေးသွားတဲ့ စီနီယာဘလော့ဂါများကို ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒီနေရာကနေဘဲ တင်ခွင့်ပြုပါလို့ တောင်းဆိုပါရစေ။ 


***ယနေ့ခေတ်လူငယ်များ ဗိုလ်ချုပ်အောင်ဆန်းကို မမေ့ကြစေချင်ပါ။ 
အားလုံးက ဗယ်လင်တိုင်းနေ့ကိုဘဲ ကျော်ကြည့်နေကြသလိုဘဲ။ 
စိတ်ထဲမကောင်းပါဘူး။ 
မည်သူ့ကိုမှ ရည်ရွယ်ပြောဆိုခြင်းမရှိပါ။ 

လေးစားစွာဖြင့်
လရိပ်အိမ်

Tuesday, February 12, 2013

အောင်ဆန်း-အက်တလီစာချုပ်မှသည် ပင်လုံစာချုပ်ဆီသို့ . . . ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ တို့မမေ့

လွတ်လပ်ရေးရရှိရန်အတွက် မြန်မာပြည်မနှင့် တောင်တန်းသားများ၏ စည်းလုံးမှုကိုပြဆိုခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့သော ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၈၈၅ ခုနှစ်တွင် ဗြိတိသျအင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့သည့်ကာလနောက်ပိုင်းမှစတင်ပြီး မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် ခေတ်အဆက်ဆက်မျိုးချစ်ပုဂ္ဂိုလ်များက ကြိုးပမ်းခဲ့ကြပါသည်။ ဗြိတိသျအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်အချိန်မှစ၍ လွတ်လပ်ရေးမပေးရရန်အတွက် နည်းမျိုးစုံဖြင့်ဟန့်တားခဲ့ကြပါသည်။ ထိုသို့ဟန့်တားမှုများတွင် ပြည်မနှင့်တောင်တန်းဒေသများ(တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့်နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြပါသည်။ ဥပမာအားဖြင့် ဗြိတိသျအစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်နောက် တောင်တန်းဒေသများကို သီးခြားစီမံကိန်းဒေသများအဖြစ် ဘုရင်ခံကတိုက်ရိုက်အုပ်ချုပ်ပြီး ဒေသတစ်ခုနှင့်တစ်ခုကူးသန်းမှုကို ၁၈၉၈ ကချင်တောင်တန်း လူမျိုးစုဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်းဥပဒေ အစရှိသည်တို့ဖြင့် ကန့်သတ်ပိတ်ပင်ထားခဲ့သည်။ ထိုသို့သော သွေးခွဲအုပ်ချုပ်ထားမှုများက လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်မြင့်ချိန်တွင် ပို၍ရှုပ်ထွေးစေခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင် ပြည်မနှင့်တောင်တန်းပူးပေါင်းရေးကိစ္စမှာ အရေးပါးလာသောကိစ္စဖြစ်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ပြည်မနှင့်တောင်တန်း မပူးပေါင်းနိုင်ရန်အတွက် ဗြိတိသျအစိုးရမှ နည်းမျိုးစုံသုံးကြိုးပမ်းခဲ့ကြသည်။ ထိုသို့သောအခက်အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်ရေးအတွက် ခိုင်မာသောပြင်ဆင်မှုတစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် ပြည်မနှင့်တောင်တန်းဒေသပေါင်းစည်းရေးအတွက် သဘောတူညီမှုရရှိခဲ့သော ပင်လုံစာချုပ်ကိုလည်း ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသ၏ ဗဟိုချက်ဖြစ်သော ပင်လုံမြို့တွင်ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းက လွတ်လပ်ရေးအပြည့်အ၀ရရှိရန်အတွက် လက်နက်တစ်ခုဖြစ်ခဲ့သည်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ၁၉၄၇ ခုနှစ်ကာလများအတွင်း အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန်နှင့် ပင်လုံစာချုပ်ဖြစ်ပေါ်စေရန် ကြိုးပမ်းခဲ့သောနေ့ရက်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုနေ့
ပင်လုံရိပ်မြုံ၊ တိုင်းသားစုံညီ၊
ကြွအုံနိုးကြား၊ ရှမ်းကယားတို့၊
သွေးသားနောင်ရင်း၊ ကချင်ချင်းပါ၊
မယွင်းအမှန်၊ အဓိဋ္ဌာန်ဖြင့်၊
မြန်မာကရင်၊ လက်တွဲယှဉ်လျက်၊
ကျောရင်မခွဲ၊ ညီညွတ်တွဲပြီး၊
စိတ်စွဲမှတ်ယူ၊ မော်ကွန်းထူခဲ့၊
ပြည်သူပြည်သား၊ တို့မြေဘွားများ၊
မိသားစုစိတ်၊ တဖိတ်ဖိတ်နှင့်၊
မျိုသိပ်မနိုင်၊ လွတ်ပန်းတိုင်ကို၊
အပိုင်ရရေး၊ စုဆွေးနွေးသည်၊
သွေးစည်းခဲ့သော နေ့တကား။
မောင်လှမြင့်(ရန်ကုန်ဆေးတိုက်)
၁၉၆၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့ထုတ်၊ ရန်ကုန်သတင်းစာမှ....

၁၉၄၇၊ ဇန်န၀ါရီလ ၉ - ဗိုလ်ချုပ် အောင်ဆန်းနှင့်ကိုယ်စားလှယ်အဖွဲ့ဝင် အချို့ အင်္ဂလန်နိုင်ငံသို့ရောက်ရှိ။

၁၉၄၇၊ ဇန်န၀ါရီလ ၁၀ မှ ၁၆ - ဖဆပလ အဖွဲ့ချုပ်မှကြီးမှူး၍ ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးတွင် လွတ်လပ်ရေး ဆန္ဒနှင့်အင်အားပြပွဲရက်သတ္တပတ်ဆင်နွှဲ။
၁၉၄၇၊ ဇန်န၀ါရီလ ၁၃- မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်ဗြိတိသျအစိုးရတို့ လန်ဒန် မြို့ အမှတ်-၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျနန်းရင်းဝန်ရုံး၌အစည်းအဝေး ပြုလုပ်။ မြန်မာနိုင်ငံဘက်မှ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်မြ၊ ဦးဘဖေ၊ ဦးတင်ထွဋ်၊ သခင်ဗစိန်၊ ဦးစောတို့ ပါဝင်ပြီး ဗြိတိသျဘက်မှနန်းရင်းဝန်ကြီး အက်တလီ၊ ဘဏ္ဍာရေးဝန်ကြီး ဆာ စတက်ဖို့ကရစ်တို့တက်ရောက်။
၁၉၄၇၊ ဇန်န၀ါရီလ ၁၅ - မြန်မာကိုယ် စားလှယ်အဖွဲ့နှင့် ဗြိတိသျကိုယ်စား လှယ်အဖွဲ့တို့ အစည်းအဝေးပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့၏အထွေထွေ ကြေညာချက်ကိုတင်သွင်း။
၁၉၄၇၊ ဇန်န၀ါရီလ ၂၁ - ပဒေသရာဇ် ရှမ်းပြည်နယ် စပ်ဖများကောင်စီက မြန်မာနိုင်ငံဘုရင်ခံဆာဟူးဘတ်ရန့်စ်မှ တစ်ဆင့်ဗြိတိသျအစိုးရထံ'ရှမ်းပြည်နယ် များကိစ္စ အမှာစာ ၁ နှင့် ၂ ကို ပေးပို့။ (လန်ဒန်ဆွေးနွေးပွဲကာလအတွင်း ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စော်ဘွား အချို့မှဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း စော်ဘွားများ၏ကိုယ်စားလှယ်မဟုတ်၊ တောင်တန်းနယ်များ၏ကိစ္စကိုဆွေး နွေးရန် ရှမ်းစော်ဘွားများကို သီးသန့် ဖိတ်ကြားရန်ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့။ ထိုကြေးနန်းစာကြောင့် ဗြိတိသျအစိုးရနှင့်ဗိုလ်ချုပ်အောင်ဆန်း တို့ဆွေးနွေးပွဲမှာ မပြေမလည်ဖြစ်ခဲ့၊ ရှမ်းပြည်နယ်မှ ဦးတင်အေး၊ ဦးထွန်း မြင့်၊ ဦးဖေခင် စသည့်တိုင်းရင်းသား ခေါင်းဆောင်လူငယ်များကတောင်ကြီး မြို့တွင် ရှမ်းပြည်နယ်လူထုအစည်း အဝေးကြီးကိုခေါ်ယူကျင်းပပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်လူထု၏ကိုယ်စားလှယ်အစစ် အမှန်ဖြစ်ကြောင်းဆုံးဖြတ်ချက်ချကာ လန်ဒန်သို့ ကြေးနန်းရိုက်ပို့ခဲ့။ ထို ကြေးနန်းစာရောက်ရှိပြီးမှလန်ဒန်ဆွေး နွေးပွဲဆက်လက်ပြုလုပ်)
၁၉၄၇၊ ဇန်န၀ါရီလ ၂၁ - ဘကြီးဘဘေ (ဖဆပလအဖွဲ့ချုပ်၊ ဘုရင်ခံအမှုဆောင် ကောင်စီဝင်) အင်္ဂလန်သို့ ထွက်ခွာ။
၁၉၄၇၊ ဇန်န၀ါရီလ ၂၇ - အောင်ဆန်း-အက်တလီစာချုပ်ကိုလက်မှတ်ရေးထိုး။သဘောတူညီချက်၏ နောက်ဆက်တွဲ ကို ဦးစောနှင့်သခင်ဗစိန်တို့ကသဘော မတူညီကြောင်း လက်မှတ်ရေးထိုး။ အောင်ဆန်း-အက်တလီစာချုပ်တွင် အချက် ၁၅ ချက်ပါဝင်ခဲ့ပြီး ထိုစာချုပ် သည်မြန်မာနိုင်ငံကိုလုံးဝလွတ်လပ်ရေး ပေးသည့်စာချုပ်မဟုတ်သေးသော်လည်း  မြန်မာ့လွတ်လပ်ရေးအတွက်  ခိုင်မာ စွာကြိုတင်ပြင်ဆင်ခဲ့သော ဗြိတိသျ- မြန်မာသဘောတူညီချက်ဖြစ်။
၁၉၄၇၊ ဇန်န၀ါရီလ ၃၁ - ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်မှ မြန်မာ နိုင်ငံသို့ပြန်လည်ထွက်ခွာ။
၁၉၄၇၊ ဖေဖော်ဝါရီလ ၂ -ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ပြန်လည်ရောက်ရှိ။
၁၉၄၇၊ ဖေဖော်ဝါရီ ၃ မှ ၁၃ - ဒုတိယပင်လုံ အစည်းအဝေးကျင်းပ၊ ပထမပင်လုံ အစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ်လ ၁ မှ ၁၂ အထိကျင်းပခဲ့။  ပထမအကြိမ် ပင်လုံအစည်းအဝေးသို့ သခင်နု၊ ဦးဘဂျမ်းနှင့်မန်းဘခိုင်တို့ကဖဆပလ ကိုယ်စားလှယ်အဖြစ်တက်ရောက်။
၁၉၄၇၊ ဖေဖော်ဝါရီလ ၂ - ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အောင်ဆန်း အက်တလီ သဘောတူညီချက်ကို ဖဆပလအမှုဆောင်အစည်းအဝေး၌ တင်ပြ။ အမှုဆောင်အဖွဲ့ဝင်တို့ ဆွေး နွေးပြီး သဘောတူညီချက်ကိုလက်ခံ ကြောင်းဆုံးဖြတ်။
၁၉၄၇၊ ဖေဖော်ဝါရီ ၃ - ဗိုလ်ချုပ် အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ်သို့  သတင်းစာဆရာများကို ဖိတ်ကြားပြီး  လန်ဒန်၌ပြုလုပ်ခဲ့သော လွတ်လပ် ရေးဆွေးနွေးပွဲအကြောင်းရှင်းလင်း။
၁၉၄၇၊ ဖေဖော်ဝါရီ ၄ - အောင်ဆန်း အက်တလီစာချုပ်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ တိုင်းပြည်သို့ အသံလွှင့်အစီရင်ခံ။
၁၉၄၇၊ ဖေဖော်ဝါရီ ၅ - ကရင်ဗဟိုအဖွဲ့ ချုပ်မှကြီးမှူး၍ ကရင်ညီလာခံသဘင် ကျင်းပပြီး အောင်ဆန်း-အက်တလီ စာချုပ်သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို ထိပါးနစ်နာစေသဖြင့် ကန့်ကွက်ကြောင်းဆုံးဖြတ်၊ ကန့် ကွက်ချက်ကို မြန်မာနိုင်ငံဘုရင်ခံမှ တစ်ဆင့်ဗြိတိသျနန်းရင်းဝန်ထံပေးပို့။ ညီလာခံတွင်လည်းစောဘဦးကြီးအား ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ နုတ် ထွက်ရန်ဆုံးဖြတ်။ 
၁၉၄၇၊ ဖေဖော်ဝါရီ ၅ - တောင်တန်းဒေသ သဘောထားစုံစမ်းရေးနှင့်ပတ်သက်ပြီး ဘုရင်ခံနေအိမ်တွင်သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်။
၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ပင်လုံညီလာခံ ကျင်းပနေစဉ်အတွင်း တောင်တန်း သားများစည်းလုံးညီညွတ်ရေးအဖွဲ့ (Supreme Council of United Hill People/SCOUHP) ကို ဖွဲ့စည်း။
၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ရှမ်းစော်ဘွားများ နှင့် ရှမ်းပြည်သူ့ကိုယ်စားလှယ်များ ပူးပေါင်း၍ရှမ်းပြည်ကောင်စီအမှုဆောင် အဖွဲ့(Shan State Council)ဖွဲ့စည်း။
၁၉၄၇၊ ဖေဖော်ဝါရီ ၈ - ပင်လုံညီလာခံသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ ရောက်ရှိ။
၁၉၄၇၊ ဖေဖော်ဝါရီ ၉ - ဗြိတိသျဒိုမီနီယံ ရေးရာလက်ထောက်အတွင်းဝန်  ဘော် တွမ်မလီ၊ မစ္စတာ လက်ဝဒ်ခ်ျ၊ ဂျွန် လေဒင်တို့ ပင်လုံသို့ရောက်ရှိ။
၁၉၄၇၊ ဖေဖော်ဝါရီ ၉ မှ ၁၁ - ဗိုလ်ချုပ် အောင်ဆန်းနှင့်တောင်တန်းဒေသခေါင်း ဆောင်များ အပြင်းအထန်ဆွေးနွေး။
၁၉၄၇၊ ဖေဖော်ဝါရီ ၁၀ - ဘုရင်ခံ အမှု ဆောင်ကောင်စီဝင်အဖွဲ့မှ သခင်ဗစိန် နှုတ်ထွက်။
၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂ - ပင်လုံသဘော တူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး လက်မှတ်ရေးထိုးခဲ့။     ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင် (၂၃)ဦးမှာ-
ဗိုလ်ချုပ်အောင်ဆန်း (မြန်မာပြည်ခေါင်းဆောင်)
စ၀်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)
စ၀်ရွှေသိုက် (ညောင်ရွှေစော်ဘွား)
စ၀်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)
စ၀်နွံ (လဲချားစော်ဘွား)
စ၀်စံထွန်း (မိုင်းပွန်စော်ဘွား)
ခွန်ဖုန်း (မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)
စ၀်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)
ဦးတင်အေး (တောင်ကြီးလူထုကိုယ်စားလှယ်)
ဦးကြာပု (သီပေါလူထုကိုယ်စားလှယ်)
စ၀်ယိင်ဖ (သီပေါလူထုကိုယ်စားလှယ်)
ဆမားဒူဝါဆင်ဝါနောင် (မြစ်ကြီးနားကချင်ကိုယ်စား လှယ်)
ဒူဝါဇော်ရစ် (မြစ်ကြီးနားကချင်ကိုယ်စားလှယ်)
ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)
ဦးထွန်းမြင့် (မောက်မယ်လူထုကိုယ်စားလှယ်)
ဦးခွန်စော (ပင်းတယလူထုကိုယ်စားလှယ်)
ဦးဖြူ (ဆီဆိုင်စော်ဘွားကိုယ်စားလှယ်)
ဦးဒိန်ရတန် (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဒူဝါးဇော်လွန်း (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဦးလဘန်းဂရောင် (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဦးလူမုန်း (ဖလမ်းချင်းကိုယ်စားလှယ်)
ဦးသောင်ဇာခုတ် (တီးတိန်ချင်းကိုယ်စားလှယ်)
ဦးကီယိုမာန် (ဟားခါးချင်းကိုယ်စားလှယ်)
၁၉၄၇၊ ဖေဖော်ဝါရီလ ၁၃ - ဘုရင်ခံအမှု ဆောင်ကောင်စီဝန်အဖြစ်မှ ဦးစော နှုတ်ထွက်။
၁၉၄၇၊ ဧပြီလ ၉ - ဗြိတိသျပါလီမန် က ပင်လုံစာချုပ်ကို အတည်ပြု။

ကိုးကား။ ပင်လုံစစ်တမ်း(ဦးအုန်းဖေ)၊ ငါတို့ ဗိုလ်ချုပ်ဘာလုပ်ခဲ့သလဲ(ဦးပုလေး)၊ တပ်မတော်သမိုင်း- တတိယတွဲ(၁၉၄၅-၁၉၄၈)၊ ၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသောရက်စွဲများ(သန်းဝင်းလှိုင်)နှင့် အခြား စာတမ်း၊ စာစောင်၊ သတင်းစာများ။
------------------------------------------------------------------------------------------------------------

၁၉၄၇ ခုနှစ် ပင်လုံစာချုပ် (အင်္ဂလိပ်ဘာသာ)



THE PANGLONG AGREEMENT 1947

Dated the 12th February 1947

A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills:

The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government:

1. A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor for Frontier Areas shall be given executive authority by similar means.

2. The said Counsellor shall also be appointed a Member of the Governor's Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means.

3. The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of their respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility.

4. While the Counsellor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counsellors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed.

5. Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.

6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.

7. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.

8. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

9. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Exeutive Council will examine with the Frontier Areas Counsellor and Deputy Counsellors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States.

Burmese Government.

(Signed) Aung San

Kachin Committee.

(Signed) Sinwa Naw, Myitkyina
(Signed) Zaurip, Myitkyina
(Signed) Dinra Tang, Myitkyina
(Signed) Zau La, Bhamo
(Signed) Zau Lawn, Bhamo
(Signed) Labang Grong, Bhamo

Chin Committee

(Signed) U Hlur Hmung, Falam
(Signed) U Thawng Za Khup, Tiddim
(Signed) U Kio Mang, Haka

Shan Committee

(Signed) Saohpalong of Tawngpeng State.
(Signed) Saohpalong of Yawnghwe State.
(Signed) Saohpalong of North Hsenwi State.
(Signed) Saohpalong of Laihka State.
(Signed) Saohpalong of Mong Pawn State.
(Signed) Saohpalong of Hsamonghkam State
(Signed) Representative of Hsahtung Saohpalong. Hkun Pung
(Signed) U Tin E
(Signed) U Htun Myint
(Signed) U Kya Bu
(Signed) Hkun Saw
(Signed) Sao Yape Hpa
(Signed) Hkun Hte

၁၉၄၇ ခုနှစ် ပင်လုံစာချုပ် (မြန်မာဘာသာ)

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ချင်းတောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော  ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင် တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ် များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။

ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်း မတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီ စေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ များ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်း မရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီ
အစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ) အောင်ဆန်း

၁၂-၂-၄၇

ကချင်ကော်မတီ

ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)

ဇော်ရစ် (မြစ်ကြီးနား)

ဒိန်ရတန် (မြစ်ကြီးနား)

ဇော်လ (ဗန်းမော်)

ဇော်လွန်း (ဗန်းမော်)

လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ

ဦးလွှာမှုန်း (အေတီအမ်။ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)။

ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)။

ဦးကွယ်မန်း (အေတီအမ်၊ ဟားခါး)။

ရှမ်းကော်မတီ

ခွန်ပန်းစိန် (တောင်ပိုင်းစပ်ဖလုံ)၊

စပ်ရွှေသိုက် (ညောင်ရွှေစပ်ဖလုံ)၊

စပ်ဟုံဖ (မြောက်ပိုင်းသိန္နီစပ်ဖလုံ)၊

စပ်နွံ (လဲချား၊စပ်ဖလုံ)၊

စပ်စံထွန်း (မိုင်းပွန်စပ်ဖလုံ)၊

စပ်ထန်းအေး (သာမိုင်းခမ်းစပ်ဖလုံ)၊

ဦးဖြူ (သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်)၊

ခွန်းဖုံး (မြောက်ပိုင်းသိန္နီ)၊

ဦးတင်ဧ၊

ဦးထွန်းမြင့်၊

ဦးကြာပု၊

ဦးခွန်စော၊

စပ်ရစ်ဖ၊

ဦးခွန်ထီး။

----------------------------------------------------------------------------------------------------------

ပင်လုံရှုခင်း (၁၉၄၇)




































ဆောင်းအကုန် နွေအကူး ကြည်နူးစရာ ဥတုမသ အခါသမယဖြစ်သည့် ကမ္ဘောဇတိုင်း၊ လဲချားမြို့နယ် ပင်လုံမြို့ကလေး၏ နံနက်ခင်းမှာ အထူးပင် သာယာရှုမောဖွယ်ကောင်းနေပါသည်။

“နှင်းငွေကျံ လေပြန်လောင်းလို့ ညှာညောင်းကြွေလု စုံတစ်ခွင်” ဟူသော မြ၀တီ မင်းကြီး၏လက်ရာ “ရ၀ိန်ဒေါင်းယဉ်ပျံ” ပတ်ပျိုးသီချင်းမှ အပိုဒ်ကို အထူးသတိရဖွယ်ကောင်းလှသော အခါကာလလည်း ဖြစ်ပါသည်။


ထို့နေ့ကား (၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တည်း။


ဖေဖော်ဝါရီလ ၁၃-ရက် နေ့ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းအသက် (၃၂) နှစ်တင်းတင်းပြည့် မွေးနေ့  ဖြစ်သည်။ သို့သော် သူ့အဖို့ ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့သည်လည်း သူ၏ဘ၀တွင် အရေးကြီးဆုံး နေ့တစ်နေ့ ဖြစ်နေသည်။ အကြောင်းမူကား ထိုနေ့သည် ပြည်ထောင်စုပုံစံဖြင့် လွတ်လပ်သော ဗမာနိုင်ငံတော်ဖြစ်ပေါ်စေသည့် သမိုင်းဝင် ပင်လုံညီညွတ်ရေးစာချုပ်ကြီး လက်မှတ်ရေးထိုးကြရမည့်နေ့ ပင်ဖြစ်သောကြောင့်ပေတည်း။


ထိုနေ့ (၁၂ - ၂ - ၁၉၄၇) နေ့ နံနက်ခင်းက ပင်လုံမြို့ကလေး၏ ရှုခင်းမှာ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း သောတာလင်္ကာရတေးတစ်ပုဒ်ဖြစ်သော “ရ၀ိန်ဒေါင်ယဉ်ပျံ” ပတ်ပျိုးသီးချင်းမှ “နှင်းငွေကျံ လေပြန်လောင်းလို့” ချီအပိုဒ်ထဲကလို ငွေနှင့်မှုန်မှုန်ဖြင့် သာယာကြည်နူးဖွယ်ကောင်းနေလင့်ကစား ကျွန်တော်၏ စိတ်ထဲတွင်မူ ပင်လုံ ညီညွတ်ရေးစာချုပ်ကြီး အောင်မြင်စွာ လက်မှတ်ရေးထိုးပြီးသည့် အချိန်မရောက်သေးသဖြင့် ၀မ်းမြောက်ကျေနပ်ခြင်း မဖြစ်နိုင်သေးဘဲ သဘာဝမိခင်က အထူးတလည်ခြယ်မှုန်းပေးထားသည့် ပင်လုံရှုခင်းလှပမှု အရသာကို ကောင်းစွာ မခံစားနိုင်ဘဲ ဖြစ်နေပါသည်။


အထူးတလည် စီမံဆောက်လုပ်ထားသော စာချုပ်လက်မှတ်ထိုးကြမည့် မဏ္ဍပ်ကြီးအတွင်းသို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကျွန်တော်တို့ ပြည်မမှ ဗမာကိုယ်စားလှယ် ခုနှစ်ဦးစလုံးရောက်ရှိနေချိန်အထိ ကျွန်တော်သည် စိတ်ထဲမှ ကြိတ်၍ စိုးရိမ်နေဆဲ ဖြစ်ပါသည်။


ထို့ပြင် ပင်လုံစာချုပ် ဖြစ်မြောက်ရန် မည်သူမှ စိတ်ကူးယဉ် အိပ်မက်ပင် မမက်ကြသောအချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း၏ “ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ တိုင်းရင်သား စည်းလုံးညီညွတ်ရေး” အထူးကြိုးစားတည်ဆောက်ခဲ့ပုံများကိုပါ ပြန်လည်သတိရ မြင်ယောင်နေမိပါသည်။


(၁၉၄၂) ခုနှစ်က သာဓကတစ်ခုကို တင်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် “ဗိုလ်မိုးကြိုး” ခေါ် ဂျပန် ဗိုလ်မှူးကြီး ဆူဇူကီး (ရဲဘော်သုံးကျိပ်အား စစ်ပညာသင်ကြားပေးခဲ့သည့် “မီနာမီကီကန်” အဖွဲ့အကြီးအကဲ) တို့ ဦးစီးကွပ်ကဲသော ဗမာ့လွတ်လပ်ရေး (ဘီအိုင်အေ) တပ်မတော်နှင့် ဂျပန်ဘုရင့်တပ်မတော် တပ်မဟာ (၃၃) တို့ ပူးတွဲစစ်ကြောင်းသည် ရန်ကုန်မြို့တော်ကို (၁၉၄၂) ခုနှစ် မတ်လ (၈) ရက်နေ့က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲကြောင်းကို ယနေ့ လူကြီးပိုင်းအရွယ် ပုဂ္ဂိုလ်များက မှတ်မိကြမည် ထင်ပါသည်။


ဗြိတိသျှနယ်ချဲ့စစ်တပ်များသည် ရန်ကုန်မြို့ကို စွန့်ခွာနောက်ဆုတ်ပြေးခဲ့သော်လည်း ခံစစ်သဘော ဆက်လက်တိုက်ရင်း ဆုတ်နေသဖြင့် ဘီအိုင်အေတပ်များ အထက်ဗမာနိုင်ငံသို့ ဆက်လက်ချီတက်ရန်အတွက် စစ်သည်အင်အား မလုံမလောက် ဖြစ်နေပါသည်။ ထိုစဉ်က ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် အင်အား သုံးထောင်ခန့်သာရှိသဖြင့် နောက်ထပ် စစ်သည်အင်အား တော်တော်များများ ဖြည့်တင်းရန် လိုနေရာ သန်စွမ်းသော လူငယ်များအား “ဘီအိုင်အေ” တပ်မတော်သို့ ၀င်ရောက်အမှုထမ်းရန်အတွက် စစ်သားသစ် စုဆောင်းရန် စီစဉ်ပါသည်။ ရသမျှ စစ်သားသစ်များအား ရန်ကုန်မှာပင် အမြန်လေ့ကျင့်သင်ကြားပေးပြီး အထက်ဗမာနိုင်ငံသို့ ဆက်လက်ချီတက် တိုက်ခိုက်ရန် ရည်ရွယ်ပါသည်။


ယင်းသို့ စစ်သားစုဆောင်းရေးအတွက် စည်းရုံးလှုံ့ဆော်ချက် စာတမ်းတစ်စောင်ကို (၁၉၄၂) ခုနှစ် မတ်လ (၃၁) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မူကြမ်းရေးပြီး ရန်ကုန်အရှေ့ပိုင်း၊ ဗိုလ်ချုပ်လမ်း (ရေကျော်) ရှိ ဗမာပိုင် အင်္ဂလိပ် သတင်းစာ “နယူးဘားမား” သတင်းစာတိုက်တွင် စောင်ရေ အမြောက်အမြား ပုံနှိပ်၍ ဖြန့်ဝေခဲ့ပါသည်။


စာတမ်းအောက်တွင် “ဗိုလ်ချုပ် ဗိုလ်တေဇ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်” ဟု ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ဝှက်ကို ဖော်ပြထားပါသည်။


ယင်းစာတမ်းတွင် အပိုဒ် (၁၀) ပိုဒ် ပါရှိရာ ဤဆောင်းပါးနှင့် တိုက်ရိုက်သက်ဆိုင်သော အပိုဒ် (၆) နှင့် အပိုဒ် (၈) တို့ကိုသာ ထုတ်နှုတ်ဖော်ပြလိုပါသည်။


အပိုဒ် (၆) ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဗမာတိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှု့ရရှိအောင် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်၏။ လွတ်လပ်ရေး လိုလားသူတို့ တစည်းတလုံးတည်း ရှိအောင် လုပ်မည် ဖြစ်၏။


အပိုဒ် (၇) ဗမာလွတ်လပ်ရေးတပ်မတော်သည် ရှမ်း၊ ချင်း၊ ကချင်စသော တိုင်းရင်းသားလူမျိုးစုများနှင့် တစ်သွေးတည်း တစ်စိတ်တည်း ရှိ၏။ ဗမာတိုင်းရင်သားအားလုံး တန်းတူရည်တူ အခွင့်အရေး ရရှိစေမည် ဖြစ်၏။


စာတမ်း၏ နောက်ဆုံးအပိုဒ်တွင် “ထို့ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ အလုံးအရင်းနှင့် ၀င်ကြ လော့” ဟု အဆုံးသတ်ထားပါသည်။


စာတမ်းအရေးအသားကို လေ့လာကြည့်ပါက ဗိုလ်ချုပ်အောင်ဆန်း၏ ၀ါသနာအတိုင်း၊ ၀ါကျတည်ဆောက်ပုံနှင့် တိုတိုနှင့် လိုရင်းကို တိကျပြတ်သားစွာ ရေးထားပုံကို သတိပြုမိမည်ဖြစ်ပြီး၊ သူ၏ စိတ်နေစိတ်ထားနှင့် စရိုက်ကို ပေါ်လွင်စေသည် ဖြစ်ပါသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ “ပြည်ထောင်စုစိတ်ဓါတ်” နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကအင်အားအဖြစ် တည်ဆောက်လိုစိတ်ကိုပါ ထိုအချိန်အခါ (၁၉၄၂) ခုနှစ်ကပင် ထင်ရှားစေခဲ့ပါသည်။


(၁၉၄၂) ခုနှစ်၊ ဧပြီလဆန်းတွင် မြစ်ဝကျွန်းပေါ်ဒေသ၌ ဖြစ်ပွားခဲ့သော ကရင်-ဗမာ ပဋိပက္ခအရေးအခင်း ပိုမိုကြီးထွားလာမည့် အန္တ့ရာယ်ကို မြင်သူ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကရင်ခေါင်းဆောင်များနှင့် နားလည်မှုယူကာ ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိအောင် ကြိုးစားခဲ့သည်။


(၁၉၄၃ - ၄၅) နှစ်အတွင်း တိုင်းရင်းသားလူမျိုးစု လူငယ်များကို စည်းရုံးပြီး ဗမာ့တပ်မတော်တွင် ၀င်ရောက် အမှုထမ်းစေခဲ့ပုံ၊ စစ်ပြီးခေတ် (၁၉၄၅) တွင်လည်း ဗြိတိသျှနယ်ချဲ့သမားထံမှ လွတ်လပ်ရေးကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအင်အားဖြင့် မရ ရအောင် ယူမည်ကို အကြိမ်ကြိမ် ကြွေးကြော်ခဲ့ပြီး (၁၉၄၇) ခုနှစ် ဇန်န၀ါရီ လဆန်း (၂) ရက်နေ့က အင်္ဂလန်နိုင်ငံသို့ ဗမာ့လွတ်လပ်ရေးအတွက် အရေးဆိုရန် ခရီးထွက်ချိန် မတိုင်မီရက်ပိုင်းများအထိ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသအနှံ့အပြားသို့ အပင်ပန်းခံ သွားရောက်ဟောပြောစည်းရုံးခဲ့ပုံ စသော အတိတ်မှ အရိပ်များကို ကျွန်တော်သည် ပင်လုံမြို့ရှိ မဏ္ဍပ်ကြီးအတွင်း ထိုင်နေရင်း ပြန်ပြောင်းစဉ်းစားနေမိပါသည်။


စောစောပိုင်းက ချီတုံချတုံနှင့် တွေဝေနေသူ လူမျိုးစုခေါင်းဆောင် (ရှမ်းစော်ဘွားနှင့် ကချင်ဒူးဝါး) အချို့သည် ယမန်နေ့  (၁၁ - ၂ - ၁၉၄၇) ညနေဘက်က ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းပြချက်ကို သဘောတူ လက်ခံခဲ့ကြသော်လည်း၊ နောက်တစ်နေ့  (၁၂ - ၂ - ၁၉၄၇) နံနက် တကယ်တမ်း စာချုပ်လက်မှတ်ရေးထိုးရချိန်တွင် လက်မှတ်ထိုးကြပါ့မလားဟု စိုးရိမ်နေမိပါသည်။


ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကတော့ ယမန်နေ့  (၁၁ - ၂ - ၁၉၄၇) ရက်နေ့ ညနေက လူမျိုးစုခေါင်းဆောင်များအား ရှင်းလင်း ပြောပြပြီးချိန်မှစ၍ သူတည်ဆောက်ရန် မျှော်မှန်းထားသည့် “ပြည်ထောင်စုကြီး” ဧကန်မုချ အကောင်အထည်ပေါ်လာတော့မည်ဟု တစ်ထစ်ချ ယုံကြည်ထားဟန်ဖြင့် မျက်နှာထား ရွှင်လန်းနေပုံရပါသည်။


ကြိုတင်သတ်မှတ်ထားသည့် အချိန်ဖြစ်သော နံနက် (၁၀) နာရီထိုးသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်ရာမှထ၍ စားပွဲကြီးပေါ်တွင် အသင့်တင်ထားသော စာချုပ်ရှိရာသို့ သွက်လက်စွာ လျှောက်သွားပြီး၊ သူ၏ အင်္ကျီအိတ်မှ သူကိုင်နေကျ “ပါကား” အမျိုးအစား PARKER VACUMATIC ဖောင်တိန်အဟောင်းကို ထုတ်ယူကာ ဗမာပြည်မကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် ထိပ်ဆုံးမှ စတင် လက်မှတ်ထိုးလိုက်ပါသည်။


ထိုအချိန်အထိ ကျွန်တော်သည် ကျန်လူမျိုးစုခေါင်းဆောင်များ လက်မှတ်ထိုးပါ့မလားဟု စိတ်ထဲမှ စိုးရိမ်နေဆဲ ဖြစ်ပါသည်။


သို့သော် ကျွန်တော် စိုးရိမ်သလို မဖြစ်ဘဲ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် စုစုပေါင်း (ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်) (၂၂) ဦးတို့သည် တစ်ယောက်ပြီး တစ်ယောက် အောက်ပါအစီအစဉ်အတိုင်း လက်မှတ်ထိုးလိုက်ကြတော့သည်။


၁။ ဗိုလ်ချုပ်အောင်ဆန်း (ဗမာပြည်မခေါင်းဆောင်)၊


၂။ စ၀်ခွန်ပန်ဆိုင်း (တောင်ပိုင်းစော်ဘွား)၊


၃။ စ၀်ရွှေသိုက် (ညောင်ရွှေစော်ဘွား)၊


၎။ စ၀်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)၊


၅။ စ၀်နန်း (လဲချားစော်ဘွား)၊


၆။ စ၀်ထွန်းအေး (သာမခမ်းစော်ဘွား)၊


၇။ ဦးခွန်ပန်း (လူထုကိုယ်စားလှယ်၊ မြောက်ပိုင်းသိန္နှီ)၊


၈။ ဦးတင်အေး (လူထုကိုယ်စားလှယ်၊ တောင်ကြီး)၊


၉။ ဦးကြာပု (လူထုကိုယ်စားလှယ်၊ သီပေါ)၊


၁၀။ စ၀်ယစ်ဖ (လူထုကိုယ်စားလှယ်၊ သီပေါ)၊


၁၁။ ဆမားဒူဝါဆင်ဝါးနောင် (ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား)၊


၁၂။ ဒူးဝါးဇော်ရစ် (ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား)၊


၁၃။ ဦးခွန်ထီး (လူထုကိုယ်စားလှယ်၊ ပင်လုံ)၊


၁၄။ ဦးထွန်းမြင့် (လူထုကိုယ်စားလှယ်၊ မောက်မယ်)၊


၁၅။ ဦးခွန်စော (လူထုကိုယ်စားလှယ်၊ ပင်းတယ)၊


၁၆။ ဦးဖြူ (ကျိုင်းတုံ စော်ဘွားကိုယ်စားလှယ်)၊


၁၇။ ဦးဒိန်ရတန် (ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား)၊


၁၈။ ဒူးဝါးဇော်လွန်း (ကချင်ကိုယ်စားလှယ်၊ ဗန်းမော်)၊


၁၉။ ဦးလဘန်ဂရောင်း (ကချင်ကိုယ်စားလှယ်၊ ဗန်းမော်)၊


၂၀။ ဦးလှူမှုန် (ချင်းကိုယ်စားလှယ်၊ ဖလန်း)၊


၂၁။ ဦးသောင်ဇာခုတ် (ချင်းကိုယ်စားလှယ်၊ တီးတိန်)၊


၂၂။ ဦးဝမ်ကိုဟော (ချင်းကိုယ်စားလှယ်၊ ဟားခါး)။


ကျွန်တော့်အနေဖြင့် စောစောက စိုးရိမ်မိခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့ သွား၍ လွတ်လပ်ရေးအတွက် ဆွေးနွေးအရေးဆိုနေခိုက် ဗမာပြည်ရှိ တောင်တန်း ဒေသအုပ်ချုပ်ရေးဌာနမှ မျက်နှာဖြူအရာရှိများ၊ သာသနာပြုဆရာအယောင်ဆောင် ဗြိတိသျှနယ်ချဲ့လက်ပါးစေများက တိုင်းရင်သားလူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် စည်းရုံးကာ သွေးခွဲမှုကြောင့် ရှမ်းနှင့် ကချင်ခေါင်းဆောင်အချို့  တွေဝေနေသဖြင့် ပင်လုံစာချုပ် တကယ်လက်မှတ်ရေးထိုးကြမည့် (၁၂ - ၂ - ၁၉၄၇) နေ့တွင် လက်မှတ် မထိုးဘဲ နေကြမည်ကို စိုးရိမ်မိခြင်း ဖြစ်ပါသည်။


သို့ရာတွင် (၁၁ - ၂ - ၁၉၄၇) နေ့က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရှင်းလင်းဆွေးနွေးချက်ကို အားလုံးသဘောပေါက် လက်ခံလိုက်ကြသဖြင့် ဗြိတိသျှတို့ မျှော်လင့်သလို မဖြစ်ဘဲ ပင်လုံစာချုပ်လက်မှတ်ရေးထိုးပွဲ ထမြောက် အောင်မြင်သွားခဲ့ပါသည်။


တစ်နည်းအားဖြင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို လက်ခံလျက် ပြည်ထောင်စုပုံစံဖြင့် လွတ်လပ်သော သမ္မတနိုင်ငံတော်သစ်ကို တည်ထောင်လိုက်ကြသည့် သဘောပင် ဖြစ်သည်။


နှစ်ပရိစ္ဆေဒအားဖြင့် ကြာသွားပြီဖြစ်သော်လည်း (၁၉၄၇) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က “ပင်လုံရှုခင်း” ကို ပြန်လည်သတိရမြင်ယောင်နေမိပါသတည်း။


(တက္ကသိုလ်နေ၀င်းရေးသားခဲ့သော “ပြည်ထောင်စုဗိသုကာ ဗိုလ်ချူပ်အောင်ဆန်း” စာအုပ်မှ ပြန်လည်ကောက်နှုတ်ဖေါ်ပြခြင်း ဖြစ်ပါသည်)။


------------------------------------------------------------------------------------------------------------

ပင်လုံစာချူပ်အား ဗိုလ်ချူပ်အောင်ဆန်း လက်မှတ်ရေးထိုးနေစဉ်။


စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ပေါ်ပေါက်စေခဲ့သော ပင်လုံစာချူပ်အား ဗိုလ်ချူပ်အောင်ဆန်း လက်မှတ်ရေးထိုးနေစဉ်။





























စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ပေါ်ပေါက်စေခဲ့သော ပင်လုံစာချူပ်အား ဗိုလ်ချူပ်အောင်ဆန်း လက်မှတ်ရေးထိုးနေစဉ်။

(၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့  - ပြည်ထောင်စုနေ့ )။


 -----------------------------------------------------------------------------------------------------------



*****လရိပ်ရေးထားတာ မဟုတ်ပါဘူး။  သူများဘလော့တွေဆီကနေ ကူးပြီး တင်ခြင်းဖြစ်ပါတယ်။ သို့သော် ဘယ်ဘလော့ကကူးခဲ့သည်ကို မမှတ်မိတော့ပါ။ ၂ နှစ်လောက်ကြာသွားပြီဖြစ်ပါတယ်။ အဲဒီအတွက် ရေးခဲ့သော စီနီယာဘလော့ဂါများကို ဒီကနေဘဲ တောင်းပန်လိုက်ပါတယ်။
မနက်အစောကြီးတင်ရမှာ ၊ အိမ်ကိုခုမှပြန်ရောက်လို့ ခုမှဘဲ တင်လိုက်ရပါတော့တယ်။

လေးစားစွာဖြင့်

လရိပ်အိမ်

Tuesday, February 5, 2013

HAPPY BIRTHDAY FOR SOMEONE!

မင်းကို
သိပ်သတိရတယ်
မရနဲ့လို့ပြောရင်
ခုချိန်ထိ 
ငါမလက်ခံနိုင်သေးဘူး
အဲဒီအတွက် ခွင့်လွှတ်ပေးပါ။

မမျှော်လင့်ထားတာကို
ရုတ်တရက် သိခွင့်ရမယ်လို့
ဘယ်တုန်းကမှ မမျှော်မှန်းထားခဲ့ဘူး။ 

တနေ့နေ့မှာ
ဒီလိုအဖြစ်မျိုးတွေ
ဖြစ်လာမှာကို
နင့်ဘက်က
ဘယ်နှစ်နှစ်လောက်တည်းက
ကြိုတွေးပြီးသားဖြစ်မှာပါ။

အရာရာတွေကို 
ခုထိ 
အိပ်မက်လို့ဘဲ
ထင်ချင်နေသေးတယ်။ 

နင့်နှလုံးသား
တိမ်ပေါ်မှာ မြူးတူးပျော်ပါးလို့
ငါ့နှလုံးသား
မြေမှာခလို့
နင်ပျော်ရင် ငါကျေနပ်ပါတယ်။

ကုမ်ရာသီဖွားချင်း
တူပေမဲ့
နင်မှငါ့ကို မချစ်ခဲ့ဘဲ
အဲဒီတော့ 
ငါရှုံးပြီးသားဘဲပေါ့နော်။ 


ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်

နင်နဲ့အမြဲ
ခင်မင်ခွင့် 
ရချင်သေးတယ်။


အဲဒီအတွက်
နင့်ဘက်က 
သူ အထင်မလွဲအောင်
ရှင်းပြထားပါ လို့
ငါ တောင်းဆိုချင်တာပါ။

ဒီနေ့တနေ့လုံး
နင့်မွေးနေ့ကို
ငါ့မွေးနေ့လို့ ထင်နေခဲ့တာ
နင့်ကို ငါ ...........
သိပ်သတိရတာဘဲ။

ကလေး သိပ်ချစ်တတ်တဲ့ နင့်အတွက် နင်နဲ့နင်ချစ်တဲ့သူနဲ့ပေါင်းစည်းထားတဲ့ ကလေးလေးတစ်ယောက် အမြန်ဆုံးရပါစေနော်။ ( မွေးနေ့ဆုတောင်း )


လေးစားစွာဖြင့်
လရိပ်အိမ်

Monday, February 4, 2013

လရိပ်အတွက်မွေးနေ့ ဆုတောင်း



နေမင်းရဲ့လင်းရောင် ဖြာဖြာကျတဲ့ချိန်

မြူနှင်းတို့ ဝေးရာပြေးတဲ့ချိန်
ဒီအချိန် 
အလင်းစက်ကြောင့်
နှင်းရည်တွေ စိုစွတ်ဖို့ခက်နေလေရဲ့

ဟိုအဝေးမှာပေါ့

ပူသလို အေးသလိုနဲ့  စိတ်တွေကိုမြူတဲ့
ဒီအချိန် ဒီရာသီ
လောကအလည်
ရောက်လာတဲ့
လရိပ်
ရင်ကိုငြိမ်းအေးစေတဲ့  အမည်
ပူနေတဲ့ လူကိုငြိမ်းအေးစေတဲ့ လရိပ်
ညအမှောင် ထွန်းလင်းစေတဲ့  လရိပ်
အနေအေးပြီး အဖော်မင်တဲ့ လရိပ်
သူမရဲ့ မွေးနေ့ 
ကျွန်မ ၀ိုင်ပုလင်းမပို့နိုင်ဘူး
ကိတ်မုန့် မပို့နိုင်ဘူး
ဒါလဲပဲ လရိပ် စိတ်မဆိုးပါတဲ့လေ
ဒီနေ့-ဒီအချိန်မှ စ၍
ဘ၀ရဲ့ ခက်ခဲမှုတွေ
အားလုံးအောင်မြင်ပြီး
ရည်မှန်းချက်တွေလဲပြည့်ဝပါစေ
ချစ်ရသူနဲ့အတူ
လက်တွဲ ခိုင်ခိုင်မြဲပါစေလို့
ဆုတောင်းရင်း
အချစ်များစွာဖြင့်
sis jasmine

Saturday, February 2, 2013

ညီမလေး ရိုးမြေကျ ရေးပေးသော ကဗျာ

http://yinnyein4yoe.blogspot.tw/2013/02/blog-post.html?showComment=1359777892256#c1671369024386791065



#သူတင်ပေးသော ကဗျာကို နဲနဲ ကွန်ပလိမ့်တက်လိုက်တာ စိတ်ကောက်သွားတယ်။ ဖျက်မယ်တကဲကဲလုပ်နေတာ။
ကုမ်ရာသီဖွားများ စိတ်ကောက်တတ်သလားလို့ စာရင်းကောက်ယူရမလိုဖြစ်နေပြီ။ 
မွေးနေ့ကဗျာကို စေတနာနဲ့တင်ပေးသောညီမလေးရိုးမြေကျ၏ စေတနာကို ဝေဒနာ ဖြစ်အောင်လုပ်မိတဲ့အတွက် မမ တောင်းပန်ပါတယ် ညီမလေးရေ။

လေးစားစွာဖြင့်
လရိပ်အိမ်

Monday, December 31, 2012

သူနှင့်၂၀၁၂ နောက်ဆုံးရက်



ဒီနေ့သည် နှစ်တစ်နှစ်အကုန် ၊ နောက်တစ်နှစ်သို့ကူးပြောင်းမည့်နေ့ဖြစ်သည်။ 
သူဒီနေ့ဘာတွေလုပ်ခဲ့လဲ။ သူဒီနေ့ဆေးခန်းပြရန် ဆရာဝန်နှင့်ချိန်းထားသည်။ ညနေမှပြရမည်ဖြစ်သည်။
ဒီနေ့အမတစ်ယောက်လဲ သူပြသည့်ဆေးရုံတွင် ဆေးခန်းပြစရာရှိ၍ ဆေးရုံကြီးတွင် သူ တွန်ကင် အစောကြီးသွားယူပေးသည်။ အွန်လိုင်းတွင် တွန်ကင်ပြည့်နေပြီဖြစ်သည်။ မနက်အစောကြီးသွားယူနိုင်ရင်တော့ နံပတ်ရပါသည်။
ခါတိုင်းမနက် ၉နာရီခွဲ ၊ ၁၀နာရီထိအိပ်ဖြစ်သည်။ ညဆိုရင် သူအမြဲနောက်ကျမှအိပ်ဖြစ်သည်။ သူအိပ်မပျော်ပါ။ မနက်က ၅နာရီ၁၅မိနစ်ထရမည်ဖြစ်၍ မနေ့ညတော့ ၁၂နာရီကိုအတင်းအိပ်ပစ်လိုက်သည်။ အတင်းအိပ်တိုင်းအိပ်နိုင်သည်လို့မထင်ပါနှင့်။ မနေ့ကလဲ အစောကြီးထထားသောကြောင့်ဖြစ်သည်။ ကော်စကိုတွင် ပစ္စည်းသွားဝယ်စရာရှိသောကြောင့်ဖြစ်သည်။ သူခရီးသွားစရာရှိသည်။ သူငယ်ချင်းမှာထားသောပစ္စည်းများသွားဝယ်ရန်ဖြစ်သည်။ ဒီတစ်ပတ်သွားမဝယ်ရင်မမှီတော့။ သို့သော်သူ့တွင်ကတ်ပြားမရှိပါ။ ကတ်ပြားမရှိရင်ဝင်ခွင့်မရှိ။ ဦးလေးမှာ ကော်စကိုကတ်ရှိသည်။ ဦးလေးက အလုပ်တက်တော့ ဦးလေးအလုပ်နားတဲ့ရက်ဘဲသွားလို့ရသည်။ 

ဒီ၂ရက်တော်တော်အေးပါသည်။ ၈ဒီဂရီထိကျသည် ၊ မနေ့ကမိုးရွာသောကြောင့် စိမ့်ပြီးအေးသည်။ ဒီနေ့မိုးမရွာပါ ၊ သို့သော်လည်းအေးသည်။ ဒီနေ့၉ဒီဂရီပါ။ 

၂ရက်လောက်အိပ်ရေးမဝတော့ ၊ ဒီနေ့သူဘာဖြစ်သွားသလဲ။
 ဆေးခန်းသွားပြပြီးပြန်လာတော့ ညနေ ၅ နာရီရှိပြီ။ အမှန်တော့ သူသွားလည်ချင်သေးသည်။ ဖိနပ်ပြတ်သွားသောကြောင့် အိမ်ကိုမအီမလယ်နှင့်ပြန်လာရသည်။ အဒေါ်က ဦးလေးခေါ်သောကုန်တိုက်ကို လိုက်သွားရမည်ဖြစ်၍အမှိုက်မပစ်နိုင်ပါ။ သူဖိနပ်ပြတ်နေတာနှင့်အတော်ပင်။ ရှိသမျှအိမ်ကအမှိုက်တွေအကုန်လွှတ်ပစ်မည်၊ရှိသမျှ ဖိနပ်အစုတ်တွေလွှတ်ပစ်လိုက်မည်။ ဒီနေ့ထီဆုကြီးထိုးထားသည်။အမှိုက်ကားက ည၆နာရီခွဲမှလာမည်။၅နာရီမှရောက်တော့အိမ်နားကကုန်တိုက်ကိုဝင်သည်။ ဖိနပ်ပြတ်နှင့်လျှောက်သွားကြည့်သည်။ အမှန်က သူ အိုဗာတင်းအေးအေးလေးသောက်ချင်သောကြောင့်သွားဝယ်ခြင်းဖြစ်သည်။ ကုန်တိုက်စမဝင်ထဲက တယ်လီဖုန်းရှာမတွေ့။ သူစိတ်ထင်တာ ဘတ်စကားပေါ်မှာကျန်ခဲ့ပြီ။ သူပြာသွားသည်။ အဒေါ်က အဲဒီဘတ်စကားနှင့်ဆက်လိုက်သွားပြီး ၈မှတ်တိုင်အရောက်တွင်ဆင်းရမည်ဖြစ်သည်။ အဒေါ်ကိုဖုန်းဆက်ရန်အတွက် သူအိမ်ပြန်မှဖြစ်မည်။ ဖိနပ်ပြတ်ကြီးနှင့်ပြေးသည်။ ပြေးရင်းနှင့်သူသတိရသွားသည်။ ဖုန်းကို သူ့အိတ်၏ဘေးအိတ်တွင်သူထည့်ထားသည်ဘဲ။ နှိုက်ကြည့်လိုက်တော့ ဖုန်းက ရှိနေသည်။ သူပျော်သွားသည်။

ကုန်တိုက်ဆက်ပတ်သည်။ ဝေဖာ ၁ ဗူး ၊ အိုဗာတင်းတစ်ဗူးဝယ်ပြီး အဝတွင် ထီးရောင်းနေ၍ သူကြည့်လိုက်သည်။ ပေါ့ပြီးသယ်ရလွယ်ကူသောထီးများကို သူကြိုက်သည်။ တစ်ချောင်းဝယ်လိုက်သည်။ ပိုက်ဆံအိတ်ကိုလက်တွင်ဒီတိုင်းချိတ်ပြီးကိုင်လာသည်။ ပြီးတော့ အိမ်ပြန်ရန် စက်လှေကားနှင့်အပေါ်တက်သည်။ အပေါ်ရောက်တော့ သူလိုချင်သောအနွေးထည်ကို ထပ်သွားကြည့်သည်။ ဈေးထပ်ကျသွားသည်။ ဝယ်သင့်မဝယ်သင့် သူမသိ ၊ ကြိုက်တာတော့ အရမ်းကြိုက်သည်။ ဒီတလောအကုန်အကျတွေအရမ်းများသည်။ သွားသွားကြည့်တာတော့ ၅ခါလောက်ရှိပြီ။ သူ့မှာ ၂ ဖက်ဝတ်လို့ရသောအနွေးထည်မရှိပါ။ ၂ဖက်ဝတ်လို့ရသောအနွေးထည်ကို သူလိုချင်နေခဲ့မိတာကြာနေပြီဖြစ်သည်။ ပိုက်ဆံအိတ်ဘေးချပြီး အင်္ကျီကို ဖြန့်ကြည့်လိုက်သည်။ ဈေးမေးသည်။ ဘယ်ရက်ထိလျှော့မလဲမေးသည်။ မနက်ဖြန် ထိဘဲလျှော့မည်တဲ့။ ပြီးတော့ သူထွက်သွားသည်။  အင်တာနက်အတွက်ဆောင်ရန် Bill ရောက်နေပြီဖြစ်သောကြောင့် သူ 7-11 မှာသွားဆောင်သည်။ ဆောင်မည်လုပ်တော့ သူ့လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကိုရှာသည်။ မတွေ့တော့ ၊ သူ တော်တော်ထူပူသွားသည်။ အထဲတွင် အင်တာနက်ဆောင်ရန် ပိုက်ဆံ ၊ ဆရာဝန်ပြရင် သုံးသောကတ် ၊ အရေးကြီးဆုံးက ပိုက်ဆံထုတ်သောကတ် ဒါတွေအကုန်လုံး အဲဒီပိုက်ဆံအိတ်ထဲမှာ။ သူ ထီးဆိုင်ကိုပြေးသည်။ အောက်ကို တစ်ခါဆင်းရသည် ၊ လူတွေက တော်တော်များသည်။ တိုးဝှေ့ပြီး သွားရသည်။ တောင်းပန်ပါတယ် သွားခွင့်ပေးပါ အော်သွားရသည်။ ထီးဆိုင်ရောက်တော့ ပိုက်ဆံအိတ်ကမရှိ။ ခေါင်းထဲမှာ တော်တော်စဉ်းစားလိုက်မှအဖြေပေါ်သွားသည်။ အင်္ကျီကြည့်သည့်ဆိုင်တွင်ဖြစ်ရမည်။ အပေါ်ကိုပြန်ပြေးတက်ပြန်သည် ၊ ရမှရပါတော့မလားစိတ်ပူမိသည်။ အင်္ကျီဆိုင်ရောက်တော့ အင်္ကျီပေါ်မှာမရှိတော့။ ဆိုင်ကကောင်လေးကိုမေးကြည့်သည်။ သိမ်းထားပါတယ်တဲ့၊ တော်ပါသေးရဲ့။ ကျေးဇူးအထပ်ထပ်တင်မိသည်။ ဟတ်ပီးနယူးရီးယားပါပြောသည်။ 

ချမ်းစိမ့်နေသောရာသီဥတုက သူ့အတွက် နွေရာသီဖြစ်နေသည်။ ချွေးတွေ အသားကုန်ထွက်နေသည်။ အင်တာနက်ခဆောင်ပြီးအပြန် အပြင်ကလေအေးတိုက်တာတောင် သူအိုက်နေသေးသည်။

အိပ်ရေးမဝလို့လား ၊ အမှိုက် ၆နာရီခွဲသွန်ရမှာလောနေလား မသိ။ သူဒီနေ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းလေး ရိုက်ခဲ့သည်။ 

သတင်းကောင်းပြောပါမည် ၊ အမှိုက်တွေအကုန်သွန်ပြီး ရေချိုးပြီး ၉နာရီမှ ထမင်းစားဖြစ်သည်။ ထီဂဏန်းထွက်လာသည် ၊ မပေါက်ပါ။ :D ဒီနေ့ထိုးသောထီသည် ဈေးကြီးပါသည်။ ခါတိုင်းဈေးပေါတာဘဲထိုးသည်။ ဈေးကြီးသောထီသည် ပေါက်လျှင် ပိုက်ဆံအများဆုံးဖြစ်ပါသည်။ 

အားလုံးသော ဘလော့ဂါမိတ်ဆွေများ , ဘလော့လေးကိုလာရောက်အားပေးကြသောမိတ်ဆွေများ "ဟက်ပီးနယူးရီးယား ၂၀၁၃ မှာ တောင်းတဲ့ဆုတွေ အားလုံးပြည့်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်"

လေးစားစွာဖြင့်
လရိပ်အိမ်

Monday, October 1, 2012

I like U, LOVE U !

အရင်တုန်းကဘလော့မှာတင်ထားတဲ့ post လေးဖြစ်ပါတယ်။ ပင်လယ်ထဲကရေကို ဆားချက်ခြင်းဖြစ်ပါတယ်။း))
ဝင်းနီပူးဘယ်လောက်ကြိုက်လဲလို့ အိမ်မှာဘယ်နေရာကြည့်လိုက်ကြည့်လိုက် ဝင်းနီပူးချည်းဘဲ။ ဒါပေမဲ့ ဘေဘီပူး တော့မကြိုက်ဘူး။

ဝင်းနီပူးစတစ်ကာဆိုလဲဝယ်တာဘဲ ၊ ဝင်းနီပူးကွန်ပါဗူး ၊ဓာတ်ဗူး ၊ အရုပ် ၊ ဖိနပ် ၊ ခဲဖျက် ၊ လွယ်အိတ် ၊ မာဖလာ ၊ ဦးထုပ် ၊ ဘောပင် ၊ ယပ်တောင် ၊ အင်္ကျီ၊ဘောင်းဘီ၊ စောင် ၊ ဖုန်းချိတ် ၊ သော့ချိတ် ၊ နာရီ ၊ ပိုက်ဆံအိတ်၊ ခြေစွပ် ၊ သိပ်မဝတ်ရက်ဘူး။ သနားလို့။ ခြေသုတ်တဲ့ဟာလေး အမေဝယ်လာတယ် ၊ မနင်းရက်ဘူး ၊ ချစ်တာကိုး။  ရှိရှိသမျှ winnie pooh အသုံးအဆောင်ကြိုက်တာတွေ့ ရင်ဝယ်ဘဲ။

အိမ်ကလဲမျက်ခုံးလှုပ်နေရတယ်။ ဒီလောက်ဝယ်တာရင်တထိတ်ထိတ်နဲ့ ပေါ့။ အရမ်းကြိုက်ရင်နှစ်ခုဝယ်ပစ်လိုက်တယ်။ တစ်ခုသုံးပြီးတစ်ခုကသိမ်းထားတယ်။

ကြွားတာမဟုတ်ဘူး ၊ အရမ်းကြိုက်တာပါ။ ဖြစ်နိုင်ရင်တစ်ကိုယ်လုံးကိုဝင်းနီပူးနဲ့ ခြုံထားလိုက်ချင်တယ်။
ဟောင်ကောင်သွားလည်တဲ့နှစ်ကဆိုရင် winnie pooh ပုံအတိုင်း တကိုယ်လုံးညဝတ်အင်္ကျီရောင်းတယ်။ အရမ်းဈေးကြီးလို့ မဝယ်ခဲ့ရဘူး။ :( အရမ်းကြိုက်တယ်။

ဒီမှာကဝင်းနီပူး အင်္ကျီတွေ ဝယ်လို့ ရတယ်။ ဒစ်စနီး ကုမ္မဏီ က ထုတ်တာ။ ဈေးလဲသိပ်မကြီးပါဘူး။ တန်တာပေါ့ ၊ ကိုယ်ကြိုက်လို့ လားမသိဘူး ၊ အကုန်လုံးတန်နေတာဘဲ။

အဲဒါနှစ်တိုင်းဝယ်တယ်။ အဲဒါ ဒီနှစ်( ကြာခဲ့ပြီတဲ့နှစ်ပေါ့နော် post က အဟောင်းဆိုတော့ ) ဟိုတပတ်ကဝယ်မယ်ဆိုပြီး အင်္ကျီဆိုင်ကိုသွားတော့မရှိတော့ဘူး။ ကုမ္မဏီက သိမ်းသွားပြီတဲ့ ၊ စိတ်မကောင်းလိုက်တာ။ အိမ်ပြန်ရောက်တော့ပြောတယ်။ ဒါဆိုကိုယ့်မှာရှိတဲ့အင်္ကျီတွေလေလံတင်လို့ ရပြီလို့ ။ ဟဲဟဲ ၊ မတင်ပါဘူးနော် ၊ နောက်တာ။

ခုနေကောင်းသွားလို့ အလုပ်သွားလုပ်ရင် winnie pooh လော့ကတ်လေး ဝယ်မလားစိတ်ကူးတယ်။

မျက်လုံးအညောင်းခံဖတ်ပေးတဲ့အတွက်ကျေးဇူး။

လေးစားစွာဖြင့်
လရိပ်အိမ်

Tuesday, August 28, 2012

အမှတ်တရ အလွဲ-၁



နွေဦးသုန်ရဲ့ ပထမဆုံးရည်းစားနဲ့ လွဲခဲ့ရတဲ့ဇာတ်လမ်းလေးပါ........ ကောင်မလေးကတောင်ကြီးသူလေ..
ညီအမနှစ်ယောက်ရှိတယ်.....ကျွန်တော့်ကောင်မလေးကအကြီးမ ပါ....
ဖြစ်ပုံကဒီလိုဗျ...တောင်ကြီးတန်ဆောင်တိုင်မှာစပီးသိကြတာ.....ဒီလိုနဲ့ ရည်းစားတွေဖြစ်ကြပီးမကြာခင်မှာ...ရှင်းမရတဲ့ ပြသနာကြောင့်လွဲရတဲ့ အဖြစ်ပါ...ကျွန်တော်ရေးမိတဲ့..
စာတစ်စောင်ကြောင့်လို့ပဲပြောရမှာပေါ့လေ...
သူနဲ့ ကျွန်တော် လျှောက်လည်ကြတော့...သူ ကလက်အိပ်ဝတ်မထားဘူးလေ....ကျွန်တော်လည်းလက်အိပ်ဝယ်ပြီး...လက်ဆောင်ပေးဖို့ စဉ်းစားမိတယ်...ဘယ်မှာ ၀ယ်ရမှန်းလည်းမသိဘူး...သူ့ ညီမလေးကလည်း...သူငယ်ချင်းအတွက်လက်ဆောင်ပေးဖို့ ဝယ်စရာ...
ရှိတယ်တဲ့.....ဒါနဲ့ ပဲ...နှစ်ယောက်သားဈေးကိုလာကြတယ်...ဆိုင်ရောက်တော့. ..သူ့ ညီမလေးက..
under wear ၀ယ်တယ်...ကျွန်တော်က..သူ့ အတွက်..လက်အိပ်ဝယ်တယ်...အရောင်းစာရေးမလေးက
packing ကိုတရောင်တည်း၊တရွယ်တည်းထုပ်လိုက်တယ်လေ...ကျွန်တော်လည်း ...ပြန်မစစ်တော့ဘူးလေ....ပီးတော့ကိုယ့် ချစ်သူကိုအံ့အားသင့်စေချင်တော့....သူ့ ညီမနဲ့ ထည့်မပေးပဲ..
စာတိုက်ကနေ..ထည့်ပေးလိုက်တယ်...ပီးတော့စာတစ်စောင်ပါရေးပေးလိုက်သေးတယ်ဗျ.....
ဒီစာကြောင့်ပဲ...လွဲခဲ့ ရတယ်ဆိုပါတော့ဗျာ......
သို့
ချစ်လေးအတွက်မွေးနေ့လက်ဆောင်ပို့လိုက်တယ်.....
ဘာကြောင့်ဒီလက်ဆောင်လေးပေးရလဲဆိုတော့ချစ်နဲ့ကို
ညနေပိုင်းလမ်းလျှောက်ထွက်တဲ့အခါချစ်လေးဝတ်လေ့မရှိဘူး ဆိုတာ....
ကိုသတိထားမိတယ်ဒါကြောင့်ချစ်ဝတ်စေချင်လို့လက်ဆောင်ပေးဖို့
စိတ်ကူးမိတာ။အစတုံးကတော့ နှိပ်ကြယ်သီးလေးပါတာဝယ်အုံးဖို့
ချစ်ရဲ့ ညီမလေးကပြောတယ်ကြယ်သီးပါတာကချွတ်ရစွတ်ရမကောင်းဘူးတဲ့ ...
ဒီဟာလေးက ချွတ်ရစွတ်ရလွယ်တယ်တဲ့သူတောင်ဝတ်ပြသေးတယ်
လှလိုက်တာလေ...၊ ဆိုင်ကကောင်မလေးကလဲသူလည်ဲးဒါပဲသုံးတာတဲ့....
သူလည်းဝတ်ပြတယ်...ဟုတ်တယ်...လှတယ် အဲဒါနဲ့ကိုလဲအဲဒါလေးပဲဝယ်ခဲ့တယ်
ကိုနဲ့တွေ့ရင်အဲဒါလေးဝတ်ရမယ်နော်..တွေ့ရင်တော့လားနမ်းပစ်လိုက်အုံးမှာ
ဒါပဲနော်..သောကြာနေ့ကိုနဲ့တွေ့တဲ့အခါ ကိုနမ်းဖို့ဝတ်လာခဲ့နော် .......
ကို...
မှတ်ချက်။ ။အနားသတ်မှာအမွှေးဖွားဖွားလေးတွေပါတာဝယ်အုံးမလို့ 
ဒါပေမယ့်အသည်းလေးယားမှာဆိုးလို့ပြီးတော့ဈေးလဲကြီးလို့
ဟီးဟီး...ဒါပဲနော် ၀တ်လာခဲ့ ဖက်ကိုနမ်းအုံးမှာ။

အော်....ပြောဖို့ မေ့နေလို့ ဗျို့... သူ့ ညီမလေးကသူ့ သူငယ်ချင်းကိုပေးမယ့်လက်ဆောင်ထုပ်နဲ့ မှားသွား.
တာဗျ.....နောက်မှသိရတာလေ...ဒါပေမယ့်ဆေးမမှီတော့ဘူးလေ ...
သိတယ်မှတ်လား.....နွေဦးလေ...နွေဦး...ဂလောက်တော့ရှိ မပေါ့..ဟီးဟီး

PS: အရင်က ခင်မင်ခဲ့ဖူးသော အကိုကြီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ




လေးစားစွာဖြင့်
လရိပ်အိမ်

Tuesday, April 17, 2012

Happy Myanmar New Year

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆုတ် ၁၁ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) မြန်မာပြည်မှ မြန်မာများအားလုံး၊ ကမ္ဘာအနှံ့မှာရှိကြသော မြန်မာများအားလုံး မင်္ဂလာနှစ်သစ်ပါ... မြန်မာပြည်သူပြည်သားအားလုံး နှစ်သစ်ကူးမှာ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဆန္ဒများတလုံးတ၀တည်းပြည့်ဝကြပါစေ... ဘေးဘယာကင်းကွာ၍ စီးပွားလာဘ်လာဘများဆထက်တပိုး တိုးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်....

Sunday, February 12, 2012

သို့.......လရိပ်အိမ်

မွေးနေ့မှစ၍ ကျန်းမာခြင်း နှင့် လိုအင်ဆန္ဒပြည့်ဝပါစေ။

Friday, February 10, 2012

Happy Valentine For နှင်းဆီပွင့် တို့ရဲ့ သင်္ကေတ


ချစ်သူများနေ့ နီးလာတော့ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးတွေဆီ သို့မဟုတ် ကောင်လေးတွေဆီကို ချောကလက်တို့ ပန်းစည်းတို့ ပေးတတ်ကြပါတယ်. ချစ်သူများနေ့မှာ ပန်းစည်းတွေ ပေးကြတဲ့ အခါမှာ နှင်းဆီပွင့်လေး တွေကို ပေးတတ်ကြပါတယ်။ အဲဒီလို ပေးတဲ့အခါ မှာ နှင်းဆီပွင့် ဘယ်နှစ်ပွင့် ပေးလဲ ဆိုတဲ့ အပေါ် မှာ မူတည်ပြီး တော့ နှင်းဆီပွင့် တွေ ရဲ့အနက် အဓိပ္ပာယ် လေး တွေကို ဖွင့်တတ်ကြပါတယ်။ နှင်းဆီ တစ်ပွင့် စီ ရဲ့ အဓိပ္ပာယ် ဖော်ဆောင်မှု လေး တွေကို ရှာဖွေပြီးတော့ စာဖတ်သူ သူငယ်ချင်းများသို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ နှင်းဆီ ၁ ပွင့် ………….ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ ပွင့်……………ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ ပွင့်……………မင်းကို ငါချစ်တယ်
နှင်းဆီ ၄ ပွင့်……………သေတောင်မခွဲဘူး
နှင်းဆီ ၅ ပွင့်……………တန်ဖိုးထားမြတ်နိုးတယ်
နှင်းဆီ ၆ ပွင့်……………တစ်ယောက်ကို တစ်ယောယက် လေးစားချစ်ခင် ခွင့်လွှတ်တယ်
နှင်းဆီ ၇ ပွင့်……………မင်းကို တိတ်တခိုးလေး ချစ်နေမယ်
နှင်းဆီ ၈ ပွင့်……………မင်းရဲ့ ကြင်နာမှုနဲ့ အားပေးမှု ကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ ပွင့်……………အမြဲတမ်း
နှင်းဆီ ၁၀ ပွင့်………….အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ ပွင့်………….မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တယ်
နှင်းဆီ ၁၂ ပွင့်………….တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်
နှင်းဆီ ၁၃ ပွင့်………….သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ ပွင့်………….ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ ပွင့် ………....I’M SORRY! ငါ့ကိုခွင့်လွှတ်ပေးနိုင်မလား
နှင်းဆီ ၁၆ ပွင့်………….မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ ပွင့်………….ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ ပွင့်………….ရိုးသားပွင့်လင်းခြင်
နှင်းဆီ ၁၉ ပွင့်…………မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ ပွင့် ………...ငါ့မှာ ရိုးသားတဲ့ အချစ်တစ်ခုတည်း ရှိပါတယ်
နှင်းဆီ ၂၁ ပွင့်………….ရိုးသားတဲ့ အချစ်
နှင်းဆီ ၂၂ ပွင့်………….မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ ပွင့်………….မင်း ပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ ပွင့်…………..ဖူးစာကို ယုံတယ်
နှင်းဆီ ၃၆ ပွင့် ……….....Romantic
နှင်းဆီ ၅၀ ပွင့်…………...မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီ ၉၉ ပွင့်…………...Forever!
နှင်းဆီ ၁၀၀ ပွင့်………….၁၀၀% အချစ်
နှင်းဆီ ၁၀၁ ပွင့်…………..အရမ်း….အရမ်း…..ချစ်
နှင်းဆီ ၁၀၈ ပွင့် ……….....လက်ထပ်ခွင့်ပေးပါ
နှင်းဆီ ၁၁၁ ပွင့်…………...အဆုံးမဲ့အချစ်
နှင်းဆီ ၁၄၄ ပွင့်…………...နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကို ချစ်တယ်
နှင်းဆီ ၃၆၅ ပွင့်………...…နေ့တိုင်းလွမ်းတယ်
နှင်းဆီ ၉၉၉ ပွင့် ……….....မချုပ်ငြိမ်းတဲ့ အချစ်၊ အမြဲတမ်း ထာဝရ
နှင်းဆီ ၁၀၀၁ ပွင့်………….သက်ဆုံးထိတိုင် အချစ်မိုးတွေ သည်းနိုင်ကြပါစေ။


လေးစားစွာဖြင့်
လရိပ်အိမ်