Showing posts with label အတွေးစလေးများ. Show all posts
Showing posts with label အတွေးစလေးများ. Show all posts

Tuesday, September 23, 2014

BPP Challenge ရဲ့ ပထမဆုံး ခြေလှမ်း



" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးကို သူကြောက်တယ်။

" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးအောက်မှာ သူကျရှုံးခဲ့တာ အကြိမ်ကြိမ်။

" စိန်ခေါ်မှု " ဆိုတဲ့ အသံကြားတိုင်း သူ့ကိုတုန်လှုပ်သွားစေတယ်။

" စိန်ခေါ်မှု " ဆိုတဲ့ ခေါင်းစဉ်ဖတ်ပြီး သူစာတွေရေးချင်နေမိပြန်တယ်။ ဒါပေမဲ့ သူ မရေးဖြစ်ခဲ့ဘူး။ တပတ်မှာ တရက်ဘဲရှိတဲ့ အားလပ်ရက်။ ကျန်းမာရေးမကောင်းတဲ့ သူ့အတွက် အဲဒီရက်ဟာ နတ်သုဒ္ဓာလိုဘဲ။ ဒီလိုနဲ့ သူထပ်ခါကျရှုံးရအုန်းမှာလားလို့တွေးရင်း ဒွိဟဖြစ်နေပြန်တယ်။

" စိန်ခေါ်မှု " အောက်မှာ ၁ခါလဲမဟုတ် ၊ ၂ခါလဲမဟုတ် ၊ ၃ခါ ၊ ၄ခါ  သူယိုင်နဲ့လာတယ်။

" စိန်ခေါ်မှု " အောက်မှာ သူ့ခန္ဓာကိုယ်လဲလျောင်းနေခဲ့ရတယ်။

သူ့ခန္ဓာရဲ့  " စိန်ခေါ်မှု " ကိုတော့ ငယ်စဉ်တည်းက ဘာမှမသိစွာနဲ့ ရခဲ့တယ်။

ဘဝရဲ့ " စိန်ခေါ်မှု " တခုဖြစ်တဲ့ လူတွေနဲ့စကားပြောဆက်ဆံရာမှာ ဘယ်တုန်းကမှ အဆင်ပြေမှုမရှိခဲ့ပြန်ဘူး။ အဲဒီအတွက် သူ သိမ်ငယ်ရတယ်။ ဘယ်လောက်ဘဲ ကြိုးစားဆက်ဆံ ၊ အချိန်တန်ရောက်ရင် လူတွေက သူ့ကို မခေါ်တော့ပြန်။ ဒါ ဝဋ်ကြွေးလား??

အလုပ်တဖက် ၊ ကျောင်းတဖက် ရဲ့ " စိန်ခေါ်မှု " ကလဲ သူ့ရဲ့ကျန်းမာရေးကို ချို့တဲ့စေခဲ့ပြန်တယ်။

နှစ်ပတ်အတွင်းဆိုတဲ့ " ဘီပီပီ စိန်ခေါ်မှု "ကို ဖျားနာခြင်းရဲ့နောက်ကွယ်မှာ သူအနိုင်ရလိုက်ချင်တယ်။

ဒီတခါရဲ့ " စိန်ခေါ်မှု " ကို သူအရှုံးခံရင် တသက်လုံး ဘလော့ပေါ် သူ မတက်လာတော့ဘူးဟု သူ့ကိုယ်သူ ပြောနေမိပြန်တယ်။

၃ပတ်ထဲမှာမှ " ဘီပီပီ စိန်ခေါ်မှု " ရေးတဲ့အတွက် ဒီ " စိန်ခေါ်မှု " မှာ သူ ရှုံးနေပြီလား မသိတော့ပါ။

" ဘီပီပီ စိန်ခေါ်မှု " အတိုင်း
၁။     တီတင့်
၂။    (တုံးဖလား) သူကြီးမင်း
၃။    ပစ်ပစ်
၎။    အမမဒမ်ကိုး
၅။    မစံပယ်ချို
၆။    မကြီးလွမ်း ( အလွမ်းမြို့လေး )
၇။    မနော်ဖော
၈။    မရွှေစင်ဦး
၉။    မိုးညချမ်း
၁၀။ ကိုလွင်ပြင်လှိုင်းငယ်

သူ အတွေးသိပ်များတယ်နော်။

လေးစားစွာဖြင့်
လရိပ်အိမ်

Sunday, August 4, 2013

မလိုအပ်တော့သော အောက်ဆီဂျင်



ဒီတလောမှာ လရိပ် အရမ်းနေမကောင်းဖြစ်နေလို့ ဘလော့တွေကို မလည်ဖြစ်တာ တော်တော်ကြာပြီ။ အားလုံးကို အားနာမိပါတယ်။ စာတွေလဲ ရေးထားတာ တဝက်စီ။ 

ဖဘမှာ ကိစ္စတွေ ဖြစ်နေတာ တခုပြီးတခု ဆက်နေတာဘဲ။ လရိပ်ကို block တဲ့သူ ၊ မခေါ်ချင်တဲ့သူ ၊ အမုန်းကြီးသူ ၊ အမြင်ကပ်သူ ၊ အကြောင်းအရာတစ်ခုခုမေးရင် မဖြေချင်သူ ၊ လရိပ်ကို တုံးတယ်လို့မြင်သူ ၊ အထင်သေးသူ။ လူလူချင်း ဒီလိုနှိမ်ပြီးဆက်ဆံစရာလား။ လရိပ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ ညံ့တဲ့သူတစ်ယောက်ဖြစ်ရင်ဖြစ်နေမှာပါ။ 
ဒါပေမဲ့ လရိပ်ကိုခင်တဲ့သူကော ၊ မုန်းတဲ့သူကော ၊ ကြည့်မရတဲ့သူတွေအားလုံးကို လရိပ်ခင်နေသေးတယ်။ လရိပ်က စာတွေရိုက်နေပေမဲ့ လရိပ်ကို စာပြန်မရိုက်တဲ့သူတွေ ရှိနေတယ်။ တချို့ကတော့ အလုပ်များလို့ ၊ ဒါတွေက နားလည်ပေးလို့ရပါတယ်။တလလောက် လရိပ်ကဘဲစာရိုက်နေပြီး တလုံးမှ ပြန်မရိုက်တာတော့ မအားတာ ဟုတ်မယ် မထင်ဘူး။ 
လရိပ် block ခံရတဲ့ထဲမှာ  လရိပ်အချစ်ရဆုံးလူ နှစ်ယောက် ပါတယ်။ ဒီနှစ်ယောက်ထဲမှာ လရိပ်ရင်ထဲမှာ အရမ်းချစ်ရပြီးမှ တသက်လုံးမုန်းရမဲ့သူတစ်ယောက်ပါနေတယ် ၊ အမှန်ပြောရင် မုန်းတယ်ဆိုတာ သူ့ကို ကိုယ့်စိတ်ထဲမှာထားနေသေးလို့ဘဲဖြစ်တယ်။ လရိပ်က အဲလိုမဖြစ်ချင်ဘူး။ သာမန်လူတစ်ယောက်လို့ဘဲ သဘောထားချင်တယ်။ သူနဲ့ပတ်သက်ရင် ဘာခံစားချက်မှ မရှိချင်တော့တာပါ။

လရိပ်ဖဘထဲမှာ လရိပ်ကို အမြင်ကပ်နေသူတွေ အများကြီးရှိတယ်ဆိုတာ လရိပ်သိတယ်။ ဖဘဆိုတာကြီးက ဝင်မိတာကိုက လရိပ်အမှားပါ။ ဖဘထဲမှာ သူ့ဟာနဲ့သူ အဖွဲ့တွေကွဲနေကြတယ်။ လရိပ်က အကုန်လုံးကို ခင်တယ် ၊ ဒါပေမဲ့ လရိပ်ကို မတ်ဆေ့ထဲမှာ မကောင်းပြောသွားတဲ့သူတွေရှိပါတယ်။ ကွန်မန့်မန့်တာ အမှားမခံတဲ့လူလဲရှိတယ်။ လရိပ်မန့်တာမကြိုက်ရင်  like မလုပ်နဲ့ပေါ့။ ပြီးမှ အတွင်းမတ်ဆေ့ကနေ ဆရာကြီးစတိုင်နဲ့လာဆုံးမသွားတယ်။ နောက်ပိုင်း လရိပ်သွားမမန့်ဖြစ်တော့ဘူး။ သူတို့ဟာသူတို့ပျော်ရွှင်နေပါစေလေ။ လရိပ်က အစွဲအလမ်းကြီးပါတယ်။ တယောက်ယောက်ကို ခင်မိပြီဆိုရင်လဲ အရမ်းခင်ပါတယ်။ အဲဒါကို သူတို့ကို ကြိုက်နေတယ်ထင်ပြီး ကိုယ့်ကိုယ်ကိုယ်ဘဝင်လေဟပ်အထင်ကြီးနေသူများ ရှိနေပါတယ်။

လရိပ် ဘယ်သူ့ကိုမှ မ block တတ်ဘူး။ unfriend တော့လုပ်တတ်တယ်။ လရိပ်စိတ်ကို ထိခိုက်မိတယ်ဆိုရင် လရိပ် unfriend ဘဲလုပ်တတ်တယ်။ block နဲ့ unfriend က တူတယ်လို့ထင်ရပေမဲ့ မတူဘူး။ unfriend လုပ်ရင် သူ့စာမျက်နှာကို မြင်ရသေးတယ်။ block လုပ်ခံရတဲ့ စာမျက်နှာမြင်ရတာ စိတ်မကောင်းစရာ အရမ်းကောင်းတယ်။ လရိပ်ဖဘထဲမှာရှိနေတဲ့လူတွေတိုင်းကို လရိပ်မသိဘူး ၊ ကိုယ့်ကိုယ်ခင်လို့ လာအဒ်ထားသူတွေ နဲ့ကိုယ်ကခင်ချင်လို့သွားအဒ်ထားတာပါ။ ချက်တင်တောင်မလုပ်ဖူးဘူး။
လရိပ်က ဟန်ဆောင်ပြီးမပေါင်းသင်းတတ်ဘူး ၊ အဲဒါ သိပ်ခက်တယ်။ သူငယ်ချင်းလိုချင်တာတော့ ပြောဖွယ်ရာမရှိဘူး။ 

လောကကြီးထဲကို တစ်ယောက်ထဲဝင်လာရဲတဲ့ သတ္တိကတော့ မသေးဘူး။ ခုချိန်ထိလဲ အရှုံးမပေးချင်သေးဘူး။ ထွက်ခွါသွားရမယ်ဆိုလဲ အဆင်သင့်ဘဲ။ 

*** ဖဘကိစ္စရေးထားတာ လရိပ် blog ကို လာဖတ်ပြီး ကွန်မန့်တတ်သူ မပါဘူး။ 
လာဖတ်ပြီး တိတ်ဆိတ်စွာ ပြန်သွားသူလဲ ပါချင်မှပါမှာပါ။ 
လရိပ် blog ကို သိပေမဲ့ တခါမှယောင်လို့တောင်မဝင်တဲ့သူလဲပါချင်မှပါမှာပါ။
မတော်တဆပါလာခဲ့ရင်လဲ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ခဲ့လဲဆိုတာတော့ ပြန်စဉ်းစားမိမှာပါ။ ဘယ်သူ့ကိုရည်ညွန်းပြောသွားတယ်ဆိုတာသိမှာပါ။


-------------------------------------------------------------------------------------------

Blogကနေ လရိပ် ခဏအနားယူမယ်နော်။ 
အရမ်းကို မောပန်းနေလို့ပါ။ 
တစ်စုံတစ်ယောက်သောသူကြောင့် လရိပ် ကျန်းမာရေး အရမ်းထိခိုက်သွားပါတယ်။ 
လရိပ်ကိုယ့်ကိုယ် ပြန်လည်ထူထောင်လာအောင် ကြိုးစားနေပါတယ်။

လူတစ်ယောက်ကို ကူညီမယ်လို့စိတ်ပိုင်းဖြတ်ထားရင် အဆုံးထိရောက်အောင် ကူညီလိုက်ပါ။
ရှေ့မှာ ကူညီခဲ့ပေမဲ့ နောက်ဆုံးမှာ သေအောင်သတ်မယ်ဆိုရင်တော့ နဂိုတည်းက ကူညီဖို့မစဉ်းစားပါနဲ့။ 
ကူညီခဲ့တာတွေကိုတော့ ကျေးဇူးတင်ပါတယ် မုန့်ကြိုးလိမ် ( သိပ်ကို ကျေးဇူးတင်ခံချင်နေသူသို့ )။ 
မကူညီနိုင်တော့ဘူးဆိုလဲ ဘာကြောင့်မကူညီနိုင်တာလဲဆိုတာ အမှန်အကန်ရှင်းပြပါ။ 
အမှန်ရှင်းပြမယ်ဆိုရင် လရိပ်လဲ လူထဲကလူတစ်ယောက်ပါဘဲ ၊ နားလည်ပေးနိုင်ပါတယ်။ 
ခုဟာက ............... >.< 

ဘဝလမ်းခရီးမှာ ရှေးဘဝက ပါလာတဲ့ ဝဋ်ကြွေးတွေကို အကုန်လုံးဆပ်သွားချင်ပါတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်




Monday, April 1, 2013

တချို့လူတွေများ


တချို့လူတွေများ ----- အမြင့်ရောက်သွားပြီးရင် ပြန်မဆင်းတတ်ကြတော့ဘူး။ လှေကား သူများယူသွားလို့ဖြစ်မယ်။
ဘဝင်လေဟပ်နေသူများအားလုံးကို တည့်တည့်ပြောပါတယ်။
အရင်တုန်းကတော့ တန်းတူဆက်ဆံခဲ့ကြတာဘဲ။ ခုကျတော့သူတို့ကဘဲ လူအချင်းချင်း စကားပြောရတာ မတူသလို ၊ မတန်သလို။  ဒီလိုလူမျိုးကိုလဲ ဘယ်သူကမှခေါ်ချင်ပြောချင်မှာမဟုတ်ပါဘူး။
ဒီလိုစိတ်ထားမျိုးရှိသူတွေဟာ ရှေးဘဝက ပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကံကြောင့် မပြုတ်ကျတတ်ပါဘူး။ အထိလဲမနာတတ်ပါဘူး။ တက်ပြီးရင်းတက်ပါဘဲ။
ရှေးဘဝက ကုသိုလ်ကံမကောင်းခဲ့ဘူးဆိုရင်တော့  ဒီအမြင့်(နာမည်မဟုတ်)ဘဝမှာ ကြာကြာမခံပါဘူး။ ပြုတ်ကျသွားရင်တော့ ဟိုးအောက်ဆုံးထိပါဘဲ။
ဘဝင်လေဟပ်နေသူများ ၊ ဘဝင်မြင့်နေသူများ စိတ်ထားကောင်းကောင်းထားကြပါလို့ ၊ တနေ့တော့ ဘယ်လမ်းကိုသွားရမလဲဆိုတာ အားလုံးသိပါရဲ့လား။

တချို့လူတွေများ ----- သစ္စာဖောက်သောသူငယ်ချင်း ၊ ပိုက်ဆံမက်ပြီး လှေနံ၂ဖက်မက နင်းချင်သောသူများ ၊ နင်းထားရက်နှင့်မနင်းဘူးလို့ဗြောင်ညာသူများ ၊ ပစ္စည်းပိုင်ဆိုင်မှုကိုဘဲမက်မောသောသူများ ၊ အွန်လိုင်းမှာ အချောင်ရတိုင်း , သူငယ်ချင်းမြှောက်ပေးတိုင်း တဖက်သားအားမညှာ ရင်ထဲကမပါ ရည်းစားစကားပြောသူများ ၊ ပိန်ပြီးမော်ဒယ်လိုလှပရမည့်အပြင်ပိုက်ဆံရှိသောသူကိုဘဲ ရွေးချင်သူများ ၊ သူများဖေ့ဘုတ်သူငယ်ချင်းများ ကြားထဲဝင်ပါပြီး ညတိုင်းညတိုင်း အရည်မရအဖတ်မရ ဖုန်းနှင့်သူ၏ချစ်လှစွာသောသူငယ်ချင်းကို ပြန်ပြန်ပြောပြပြီး ရန်တိုက်သောသူများ ၊ ဒီစာတွေကိုဖတ်ပြီး ကိုယ့်လိပ်ပြာကိုယ်မလုံသောသူများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အထောင်းခံရမှာစိုးလို့ စိတ်ထဲမှရေးချင်တာများကို ဧပရယ်ဖူးလ် နေ့မှာ တချို့လူတွေများကို ရေးသားလိုက်ပါတယ်။
မည်သူ့ကိုမှမရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိသွားပါက ဧပရယ်ဖူးလ် ဟု မှတ်ယူကြပါ။ :)))

လေးစားစွာဖြင့်
လရိပ်အိမ်

Monday, February 25, 2013

ဘာတွေဖြစ်နေလဲ... လရိပ်အိမ်


ဒီတလော စာတွေမရေးနိုင် ၊ ဘာတွေဖြစ်နေလဲမသိ ၊ အလုပ်ကလိုချင်တာ။ တရုတ်နှစ်ကူးပြီးရင် အလုပ်ရှာမယ်လို့ အားခဲထားသမျှ နေမကောင်းတဲ့ထဲ ရောက်သွားတယ်။ နဂိုက လက်အတွက် ဆေးတွေသောက်နေတာ တနေ့၃ခါ။ တုပ်ကွေးဖြစ်လိုက်တော့ သောက်တဲ့ဆေးက တနေ့၎ခါ ၊ အားလုံး ၇ ခါ။ တုပ်ကွေးသောက်တဲ့ဆေးက တခါသောက်ရင် ၇မျိုး။ လက်အတွက် သောက်တဲ့ဆေးနဲ့ရောသောက်လို့မရလို့ တနေ့တနေ့ အချိန်ကြည့်ပြီးသောက်နေရတာ။ လူက နုံးပြီးတော့ဘဲ အိပ်ချင်နေတာ။ သူများဘလော့တွေထဲတော့ သွားလည်တယ်။ ကိုယ့်ကိုဘဲ စာတွေမရေးနိုင်တာ။ 

ညီမလေးတစ်ယောက်ကို မွေးစားချင်တာ ၊ သူကငြင်းလိုက်တော့ ကိုယ်လဲဘယ်လိုပြောရမှန်းမသိတော့ဘူး။ အမတွေအားလုံးကို ညီမလေးက ညီတူညီမျှ ခင်ပါတယ်တဲ့။ ညီမလေးဆီက ထွက်ကျလာတဲ့ စကားလုံးလေးတွေပါ ၊ မမဘက်ကို နဲနဲတိုးပေးပါလားဆိုတော့ မေတ္တာဆိုတာက လိုတိုးပိုလျှော့လုပ်လို့ရတဲ့ ကိစ္စတွေမဟုတ်ဘူးတဲ့။ ဟုတ်တာပေါ့ ၊  ဒါပေမဲ့ ညီမလေးမှာလဲ ညီမလေးချစ်ခင်နှစ်သက်တဲ့သူတွေရှိနေမှာဘဲ ၊ သူတို့တွေကလဲ ညီမလေးရဲ့စိတ်နဲ့ထပ်တူချစ်ခင်ပါစေလို့ မမ မျှော်လင့်ပါတယ်။ ဒါဆိုရင် မမလဲ ညီမလေးကို သံယောဇဉ်တွေ အရမ်းမငြိတွယ်ခင်မှာ သူများတွေလို တန်းတူဖြစ်နိုင်အောင် ကြိုးစားမယ်လို့ ပြောမိတယ်။ ညီမလေး စိတ်မကောင်းဖြစ်သွားလားဟင်။ 
အရင်လို ဖေ့ဘုတ်တက်ရတာ လန်းဆန်းတက်ကြွမှုတွေ မရှိပြန်တော့ဘူး။ ညီမလေး မက်ဆေ့မှာ စာတွေသွားရိုက်လဲ ပြန်ရိုက်ချင်မှ ရိုက်တော့တယ်။ ကိုယ့်ကိုပိုခင်စေချင်တာလေ ၊ ပြောလိုက်မှဘဲ အဲလိုတွေဖြစ်ကုန်ရော။ အဲဒီအတွက်လဲ ရင်ထဲမှာ ခံစားနေရပြန်ရော။ ညီမလေးနဲ့တွေ့တုန်းကတော့ ဖေ့ဘုတ်ကို စွဲလန်းနေခဲ့တယ် ၊ ခုတော့လဲ ဖေ့ဘုတ်က သူ့ဟာသူ အပေါင်းအဖော်တွေနဲ့ ပျော်ရွှင်နေလေရဲ့။
ညီမလေး ဘဝတလျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။ 

လေးစားစွာဖြင့်
လရိပ်အိမ်

Wednesday, November 21, 2012

အတွေးများနေသော...


အမေပြန်သွားပြီးတည်းက ဝမ်းနဲတဲ့စိတ်နဲ့စာတွေမရေးဖြစ်ခဲ့ဘူး။
ရေးထားတာတော့ရှိတယ်။ တဝက်တဝက်တွေနဲ့။
သူငယ်ချင်းတစ်ယောက်က ဆရာဝန်ပါ။ သူက မနှစ်တည်းကလာတာပါ။
သူငယ်ချင်းဆိုပေမဲ့ မြန်မာမှာ တခါဘဲတွေ့ဖူးတာပါ။ အမေရဲ့သူငယ်ချင်းက မိတ်ဆက်ပေးတာပါ။
လရိပ်ညီမဝမ်းကွဲလေးနဲ့နေတဲ့မြို့တူပါတယ်။ အိမ်နီးပါတယ်။ သူတို့က ညကျောင်းတက်တော့ ကိုယ့်ထပ်ပိုရင်းနှီးခင်မင်ပါတယ်။
လရိပ်ကအဲဒီမြို့နယ်မှာနေချင်တာ ၊ ဟိုးအထက်တန်းကျောင်းမတက်ခင်တည်းက။ အဲဒီအထက်တန်းကျောင်းကအဲမှာမဟုတ်ဘူး။ လရိပ်က အဲဒီမြို့နယ်ကညဈေးနားမှာ အိမ်ငှါးနေချင်တာ၊ခုတော့ အလုပ်မလုပ်နိုင်လို့ပိုက်ဆံမရှိလို့ဦးလေးအိမ်မှာလာနေတာ။ သူတို့နဲ့မြို့နယ်တူဘူး။
လရိပ်ဆေးရုံတက်ရ နေမကောင်းဖြစ်နေတာနဲ့တလောကမှ တွေ့ဖြစ်တာပါ။
ဒီမြို့နဲ့ဝေးတဲ့နေရာမှာသူ တနှစ် ဟောက်(စ) ဆင်းရမှာဖြစ်ပါတယ်။
အဲဒီအတွက် ထပ်ဝမ်းနဲနေပါတယ်။
လရိပ်နဲ့နေ့လည်တည်းကချိန်းထားတာ ၊ သူကျောင်းပြန်ရင် အွန်လိုင်းမှာတွေ့မယ်ဆိုပြီး ညီမဝမ်းကွဲနဲ့ညဈေးလိုက်သွားတယ်။
ဖုန်းဆက်တော့ သူမဟုတ်ဘူး၊ သူ့အဖေဖြစ်နေတယ်။ စစ်ဆေးမေးမြန်းနေတာနဲ့။ နေမကောင်းတော့ အသံကဘာဖြစ်နေမှန်းမသိဘူး။ အဲဒါသူ့အဖေက ဘာသံလဲတဲ့။ ဘာပြောတာလဲ ၊ ဘယ်သူလဲနဲ့ စုံသွားတာဘဲ။
အဲဒါနဲ့ ညီမဆီဆက်ကြည့်တော့ ညဈေးသွားတာတဲ့ ၊ သူဖုန်းကျန်ခဲ့လို့တဲ့။
စိတ်မကောင်းတော့ဖြစ်သွားတယ်။ လရိပ်နဲ့အရင်ချိန်းထားတာလေ။ ဘာဖြစ်လို့အဲလိုလုပ်တာလဲ။

တနင်္ဂနွေက လရိပ်ရယ်၊ သူရယ်၊ ညီမဝမ်းကွဲ၂ယောက်ရယ်၊ ညီမဝမ်းကွဲ ၂ယောက်ထဲက သူနဲ့နဲနဲဘဲခင်တဲ့ညီမဝမ်းကွဲတယောက်ရဲ့သူငယ်ချင်းမြေပဲမတယောက်ရယ် ရှော့ပင်းသွားကြတာ။
သူနဲ့ခင်တဲ့ညီမလေးက ၁နာရီခွဲချိန်းတာ။ ဒါပေမဲ့ လရိပ်က မြေအောက်ရထားကိုသွားတဲ့ကားအလကားရလို့မြေအောက်ရထားစီးပြီးလာတာ ပိုစောရောက်တယ်။ ၁နာရီ၁၀မိနစ်ဆိုရောက်ပြီ။
သူတို့၃ယောက်က ၂နာရီမှရောက်တယ်။ အဲဒါ သူနဲ့ခင်တဲ့ညီမလေးကို ဆူတယ်ဗျာ။
ခု သူကျတော့ဘာထူးတုန်း၊ ၉နာရီခွဲကျောင်းဆင်းတာ ၊ ၁၁နာရီခွဲခါနီးမှရောက်လာပြီးစကားလာပြောတယ်။ အိမ်နဲ့ကျောင်းနဲ့နီးနီးလေးကို။ ညဈေးသွားကြတာလေ။
ဒီမှာကဝမ်းနဲလို့မပြီးသေးဘူး။ ၁၂နာရီခွဲတော့ သူအိပ်ချင်ပြီတဲ့။ နေ့လည်ထဲက ချိန်းတာ ကွန်ပြူတာမအားဘူးတဲ့။ လရိပ်လဲစောင့်လိုက်တာ မွန်းကြပ်လာလို့အပြင်ထွက်သွားတယ်။
သူတက်လာရင်ကိုယ်မရှိတော့မကောင်းမှာစိုးလို့ဖုန်းဆက်ပြီးပြောတယ်။ အွန်လိုင်းမတက်လာနဲ့တော့လို့၊အပြင်ရောက်သွားပြီလို့။ သူက ဘာဖြစ်လို့လဲတဲ့။
လရိပ်က ဖုန်းထဲမှာမပြောချင်ဘူးလို့၊ ငိုလိမ့်မယ်လို့ပြောတော့ သူဘဲပြောတာ ကျောင်းဆင်းရင် အွန်လိုင်းတက်ခဲ့မယ်တဲ့။

ပြီးတော့ လရိပ် နေမကောင်းဖြစ်နေပါတယ်။ မအိပ်နိုင်တာ ၂ရက်ရှိပါပြီ။ အိပ်ချင်တယ် ၊ အိပ်လို့မရတာ။
ရင်တုန်ပြီးတော့ တော်တော်မောတယ်လို့ ခံစားနေရပါတယ်။ (mitral valve prolapse) ပါ။
သိပ်အရေးမကြီးဘူးလို့ထင်ပါတယ်။ ဆေးတော့ရှိတယ်။
ဆရာဝန်သွားပြရင်ကောင်းမလားလို့ထလာပြီး အွန်လိုင်းတွန်ကင်လာယူတာ။ ယူမရဘူးဖြစ်နေတယ်။ မနက်မှ တွန်ကင်ယူကြည့်လိုက်အုန်းမယ်။


လရိပ်သိသလောက်ပေါ့လေ ... ညီမဝမ်းကွဲခေါ်တဲ့နေရာတိုင်း သူလိုက်တယ်။ ပြီးတော့ ကျောင်းက ညီမလေးနားမလည်တဲ့စာတွေရှင်းပေးတယ်။
ခုလရိပ်က နက်ဖန် တနင်္ဂနွေတုန်းကသွားတဲ့နေရာသွားမယ် ၊ တယောက်ထဲသွားမှာလဲ သူသိတယ်။ သူဒီတလောအရမ်းအလုပ်များနေပါတယ်တဲ့။
သူကကူညီချင်ပါတယ်တဲ့။ လရိပ်က သူ့ကိုမခေါ်သွားချင်ပါဘူး။ ရှော့ပင်းဆိုတာ ယောက်ကျားလေးတွေ အမုန်းဆုံးနေရာမဟုတ်လား။ ခေါ်ဖို့အစီအစဉ်မရှိပါဘူး။
အဲလိုငြင်းတဲ့အတွက် ထပ်ဝမ်းနဲပါတယ်ကွယ်။
ရှော့ပင်းတော့မကြိုက်ဘူး။ ဒါမဲ့ ညဈေးကိုတော့ သူကပစ္စည်းတွေကြည့်ချင်တယ်ဆိုပြီးအထပ်ထပ်အခါခါပြောသွားတယ်။ သူအဲလိုပြောလိုက်မှ ဆေး၂ခါ ဆက်သောက်ဖြစ်သွားတာ။

ဆေးမသောက်တာကြာသွားပြီမို့ ခုပြန်သောက်နေပါတယ်။  ခုဘဲ သောက်တာ ၂ခါဆက်တိုက်ရှိပြီ။
မနက်ကောင်းသွားရင်တော့ သွားမပြတော့ဘူး။ နောက်အပတ်စောင့်ကြည့်လိုက်အုန်းမယ်။
အားလုံးရဲ့ဘလော့ကိုတော့လာဖြစ်နိုင်အောင်ကြိုးစားပါ့မယ်။

လေးစားစွာဖြင့်
လရိပ်အိမ်