Wednesday, November 20, 2013

အတွေးလေး


ဆောင်းကအေးပေမဲ့
နှလုံးသားက
မလောင်ကျွမ်းနေခဲ့ဘူး။

ဆောင်းကအေးသလို
နှလုံးသားက
အေးခဲနေခဲ့တာ
ကြာခဲ့ပါပြီ။

ရင်ထဲမှာ
အလွမ်းတွေလဲ
မသိုသိပ်ထားချင်တော့ဘူး။
ကိုယ့်ရဲ့နှလုံးသားလေး
ပုပ်သွားမှာစိုးလို့ပါ။

ဆေးတွေဆိုတာ
ကောင်းတဲ့အရာတော့မဟုတ်ဘူး။
တစ်စုံတစ်ယောက်ကြောင့်
မပုပ်မသိုးဆေးတွေ
ကိုယ့်ရဲ့နှလုံးသားလေးထဲ
အဝင်မခံချင်တော့တာပါ။

လေးစားစွာဖြင့်
လရိပ်အိမ်

P.S  စာမရေးတာ တော်တော်ကြာသွားခဲ့တယ်။ မရေးချင်တာမဟုတ်ပါဘူး ၊ မအားလို့ပါ။   ကျန်းမာရေးမကောင်းပေမဲ့လဲ အသက်ရှင်နေသရွေ့ကြိုးစားနေရအုန်းမယ်။

7 comments:

  1. အတွေးနက်နက် ကဗျာလေး အားပေးသွားတယ် လရိပ်ရေ...
    ဘလော့အသစ်မှာ လင့်ခ်တွေချိတ်တာနှောင့်နှေးသွားတာရယ်
    ခရီးတွေ ဆက်တိုက်ထွက်နေရလို့ အခုမှရောက်လာတော့တယ် ..:)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ရိုးရိုးရှင်းရှင်းနဲ့ အတွေးလေးတွေကလှနေတယ်

    ReplyDelete
  3. အတွေးနဲ့ ချယ်မှုန်းထားတဲ့ ကဗျာလေး လာဖတ်သွားတယ်လရိပ်

    ReplyDelete
  4. လရိပ်ရေ -----တောင်ကြီးဆောင်းက အမြဲ မြူတွေနှင်းတွေကျတတ်ပါတယ် တခါတလေ ရေလဲခဲတတ်သေးတယ် အမနေတဲ့အချိန်ကပြောတာနော် ခုလဲ အင်တာနက်ထဲကကြည့်ရတာမြန်မာပြည်အနေအထားနဲ့ဆိုရင်တော့ အတော်လေးအေးနေပါပြီ ဒီဇင်ဘာမှာပိုအေးပြီး ချယ်ရီတွေပွင့်တယ် ......ဖဘကိုဝင်မရလို့ဒီကနေလာရှင်းပြတာနော်

    ReplyDelete
  5. ​ဆောင်းက​အေးသလိုနှလုံးသားက​အေးခဲ​နေတာာကြာခဲ့ပါပြီ ကဗျား​လေးခံစားခဲ့ပါတယ်​သတိရလျက်

    ReplyDelete
  6. နှင်းစက်တွေကြားက
    အတွေးလေးကို
    ခပ်ဆွေးဆွေးလေး ဖတ်သွားတယ် ။

    ကျန်းမာရေးကို ဂရုစိုက်ပါဗျာ ။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်