Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Sunday, August 4, 2013

မလိုအပ်တော့သော အောက်ဆီဂျင်



ဒီတလောမှာ လရိပ် အရမ်းနေမကောင်းဖြစ်နေလို့ ဘလော့တွေကို မလည်ဖြစ်တာ တော်တော်ကြာပြီ။ အားလုံးကို အားနာမိပါတယ်။ စာတွေလဲ ရေးထားတာ တဝက်စီ။ 

ဖဘမှာ ကိစ္စတွေ ဖြစ်နေတာ တခုပြီးတခု ဆက်နေတာဘဲ။ လရိပ်ကို block တဲ့သူ ၊ မခေါ်ချင်တဲ့သူ ၊ အမုန်းကြီးသူ ၊ အမြင်ကပ်သူ ၊ အကြောင်းအရာတစ်ခုခုမေးရင် မဖြေချင်သူ ၊ လရိပ်ကို တုံးတယ်လို့မြင်သူ ၊ အထင်သေးသူ။ လူလူချင်း ဒီလိုနှိမ်ပြီးဆက်ဆံစရာလား။ လရိပ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ ညံ့တဲ့သူတစ်ယောက်ဖြစ်ရင်ဖြစ်နေမှာပါ။ 
ဒါပေမဲ့ လရိပ်ကိုခင်တဲ့သူကော ၊ မုန်းတဲ့သူကော ၊ ကြည့်မရတဲ့သူတွေအားလုံးကို လရိပ်ခင်နေသေးတယ်။ လရိပ်က စာတွေရိုက်နေပေမဲ့ လရိပ်ကို စာပြန်မရိုက်တဲ့သူတွေ ရှိနေတယ်။ တချို့ကတော့ အလုပ်များလို့ ၊ ဒါတွေက နားလည်ပေးလို့ရပါတယ်။တလလောက် လရိပ်ကဘဲစာရိုက်နေပြီး တလုံးမှ ပြန်မရိုက်တာတော့ မအားတာ ဟုတ်မယ် မထင်ဘူး။ 
လရိပ် block ခံရတဲ့ထဲမှာ  လရိပ်အချစ်ရဆုံးလူ နှစ်ယောက် ပါတယ်။ ဒီနှစ်ယောက်ထဲမှာ လရိပ်ရင်ထဲမှာ အရမ်းချစ်ရပြီးမှ တသက်လုံးမုန်းရမဲ့သူတစ်ယောက်ပါနေတယ် ၊ အမှန်ပြောရင် မုန်းတယ်ဆိုတာ သူ့ကို ကိုယ့်စိတ်ထဲမှာထားနေသေးလို့ဘဲဖြစ်တယ်။ လရိပ်က အဲလိုမဖြစ်ချင်ဘူး။ သာမန်လူတစ်ယောက်လို့ဘဲ သဘောထားချင်တယ်။ သူနဲ့ပတ်သက်ရင် ဘာခံစားချက်မှ မရှိချင်တော့တာပါ။

လရိပ်ဖဘထဲမှာ လရိပ်ကို အမြင်ကပ်နေသူတွေ အများကြီးရှိတယ်ဆိုတာ လရိပ်သိတယ်။ ဖဘဆိုတာကြီးက ဝင်မိတာကိုက လရိပ်အမှားပါ။ ဖဘထဲမှာ သူ့ဟာနဲ့သူ အဖွဲ့တွေကွဲနေကြတယ်။ လရိပ်က အကုန်လုံးကို ခင်တယ် ၊ ဒါပေမဲ့ လရိပ်ကို မတ်ဆေ့ထဲမှာ မကောင်းပြောသွားတဲ့သူတွေရှိပါတယ်။ ကွန်မန့်မန့်တာ အမှားမခံတဲ့လူလဲရှိတယ်။ လရိပ်မန့်တာမကြိုက်ရင်  like မလုပ်နဲ့ပေါ့။ ပြီးမှ အတွင်းမတ်ဆေ့ကနေ ဆရာကြီးစတိုင်နဲ့လာဆုံးမသွားတယ်။ နောက်ပိုင်း လရိပ်သွားမမန့်ဖြစ်တော့ဘူး။ သူတို့ဟာသူတို့ပျော်ရွှင်နေပါစေလေ။ လရိပ်က အစွဲအလမ်းကြီးပါတယ်။ တယောက်ယောက်ကို ခင်မိပြီဆိုရင်လဲ အရမ်းခင်ပါတယ်။ အဲဒါကို သူတို့ကို ကြိုက်နေတယ်ထင်ပြီး ကိုယ့်ကိုယ်ကိုယ်ဘဝင်လေဟပ်အထင်ကြီးနေသူများ ရှိနေပါတယ်။

လရိပ် ဘယ်သူ့ကိုမှ မ block တတ်ဘူး။ unfriend တော့လုပ်တတ်တယ်။ လရိပ်စိတ်ကို ထိခိုက်မိတယ်ဆိုရင် လရိပ် unfriend ဘဲလုပ်တတ်တယ်။ block နဲ့ unfriend က တူတယ်လို့ထင်ရပေမဲ့ မတူဘူး။ unfriend လုပ်ရင် သူ့စာမျက်နှာကို မြင်ရသေးတယ်။ block လုပ်ခံရတဲ့ စာမျက်နှာမြင်ရတာ စိတ်မကောင်းစရာ အရမ်းကောင်းတယ်။ လရိပ်ဖဘထဲမှာရှိနေတဲ့လူတွေတိုင်းကို လရိပ်မသိဘူး ၊ ကိုယ့်ကိုယ်ခင်လို့ လာအဒ်ထားသူတွေ နဲ့ကိုယ်ကခင်ချင်လို့သွားအဒ်ထားတာပါ။ ချက်တင်တောင်မလုပ်ဖူးဘူး။
လရိပ်က ဟန်ဆောင်ပြီးမပေါင်းသင်းတတ်ဘူး ၊ အဲဒါ သိပ်ခက်တယ်။ သူငယ်ချင်းလိုချင်တာတော့ ပြောဖွယ်ရာမရှိဘူး။ 

လောကကြီးထဲကို တစ်ယောက်ထဲဝင်လာရဲတဲ့ သတ္တိကတော့ မသေးဘူး။ ခုချိန်ထိလဲ အရှုံးမပေးချင်သေးဘူး။ ထွက်ခွါသွားရမယ်ဆိုလဲ အဆင်သင့်ဘဲ။ 

*** ဖဘကိစ္စရေးထားတာ လရိပ် blog ကို လာဖတ်ပြီး ကွန်မန့်တတ်သူ မပါဘူး။ 
လာဖတ်ပြီး တိတ်ဆိတ်စွာ ပြန်သွားသူလဲ ပါချင်မှပါမှာပါ။ 
လရိပ် blog ကို သိပေမဲ့ တခါမှယောင်လို့တောင်မဝင်တဲ့သူလဲပါချင်မှပါမှာပါ။
မတော်တဆပါလာခဲ့ရင်လဲ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ခဲ့လဲဆိုတာတော့ ပြန်စဉ်းစားမိမှာပါ။ ဘယ်သူ့ကိုရည်ညွန်းပြောသွားတယ်ဆိုတာသိမှာပါ။


-------------------------------------------------------------------------------------------

Blogကနေ လရိပ် ခဏအနားယူမယ်နော်။ 
အရမ်းကို မောပန်းနေလို့ပါ။ 
တစ်စုံတစ်ယောက်သောသူကြောင့် လရိပ် ကျန်းမာရေး အရမ်းထိခိုက်သွားပါတယ်။ 
လရိပ်ကိုယ့်ကိုယ် ပြန်လည်ထူထောင်လာအောင် ကြိုးစားနေပါတယ်။

လူတစ်ယောက်ကို ကူညီမယ်လို့စိတ်ပိုင်းဖြတ်ထားရင် အဆုံးထိရောက်အောင် ကူညီလိုက်ပါ။
ရှေ့မှာ ကူညီခဲ့ပေမဲ့ နောက်ဆုံးမှာ သေအောင်သတ်မယ်ဆိုရင်တော့ နဂိုတည်းက ကူညီဖို့မစဉ်းစားပါနဲ့။ 
ကူညီခဲ့တာတွေကိုတော့ ကျေးဇူးတင်ပါတယ် မုန့်ကြိုးလိမ် ( သိပ်ကို ကျေးဇူးတင်ခံချင်နေသူသို့ )။ 
မကူညီနိုင်တော့ဘူးဆိုလဲ ဘာကြောင့်မကူညီနိုင်တာလဲဆိုတာ အမှန်အကန်ရှင်းပြပါ။ 
အမှန်ရှင်းပြမယ်ဆိုရင် လရိပ်လဲ လူထဲကလူတစ်ယောက်ပါဘဲ ၊ နားလည်ပေးနိုင်ပါတယ်။ 
ခုဟာက ............... >.< 

ဘဝလမ်းခရီးမှာ ရှေးဘဝက ပါလာတဲ့ ဝဋ်ကြွေးတွေကို အကုန်လုံးဆပ်သွားချင်ပါတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်




Thursday, September 6, 2012

GLAUCOMA (ချင်းကွမ်းရန် 青光眼)

ဒီရောဂါကို မြန်မာပြည်မှာ သိတောင်မသိဘူး ၊ ကြားလဲမကြားဖူးဘူး။ မျက်လုံးထဲက ဖိအားများလို့ ဖြစ်တဲ့ရောဂါတဲ့။ ဖိအားများတိုင်း အဲဒီရောဂါဖြစ်ချင်မှဖြစ်တာလို့ ပြောကြတာဘဲ။ အားလုံးသိအောင်လို့ ပြောပြတာပါ။ သိပ်တော့မသိဘူး။ မှားသွားရင်လဲပြန်ပြောကြနော်။

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလောက်ထဲကမျက်လုံးက၁မျိုးဖြစ်ဖြစ်နေတယ်။ မျက်လုံးထဲကအောင့်တာလား ၊ ညောင်းတာလား ၊ ကိုက်တာလား မသိဘူး။ ကိုယ်တိုင်ကမျက်မှန်တတ်တော့ ပါဝါများတက်လားမသိဘူးလို့ တော့ထင်လိုက်တယ်။ အလုပ်လုပ်နေတာဆိုတော့ ကွန်ပြူတာကိုနေ့ မအားညမအား ကြည့်ဖြစ်နေတာကြောင့်လား ဆိုပြီး လားပေါင်းများစွာနဲ့ ဒီတိုင်းဘဲနေလိုက်တယ်။ အဲဒီအချိန်က အလုပ်တွေတအားများတော့ မျက်မှန်ပါဝါဆိုင်ကို အားမှဘဲသွားမယ်လို့ စိတ်ကူးတာပေါ့။ ဒီလိုဖြစ်နေရင်းနဲ့ မေလရောက်တော့ မျက်လုံးမှာ အပူဖုလေးပေါက်ရော ၊ မျက်လုံးနာတာပေါ့။ အဲဒါသွားမပြဘဲ အိမ်မှာရှိတဲ့ တတ်ထရာဆိုင်ကလင်းဘဲအားကိုးလိုက်တယ်။ မပျောက်ဘူး။

မပျောက်တော့ အိမ်နားမှာ မျက်လုံးပြလို့ရတဲ့ဆေးခန်း၁ခုရှိတယ်။ အဲကိုပြေးတာပေါ့။ အဲဒီရောက်တော့ မျက်လုံးကိုစက်တွေနဲ့ စမ်းသပ်တယ်။ အဲဒီမှာ မျက်လုံးကို ဖိအားတိုင်းတဲ့ကိရိယာလေးလဲရှိတယ်။ တိုင်းတော့ ဖိအားက ဘယ်ဘက် ၄၈ ၊ ညာဘက် ၄၆ တဲ့။ ဆရာဝန်မြင်ပြီးလန့် သွားတယ်။ အဲလောက်များတယ်ပေါ့။ မကောင်းဘူးတဲ့။ လူသာမန်တစ်ယောက် မျက်လုံးဖိအားက ၂၀ အတွင်းမှာဘဲရှိရမယ်တဲ့။ ဒါပေမဲ့ နောက်၁ပတ်ရောက်ရင် လာချိန်ကြည့်နော်တဲ့ ဆိုပြီး မျက်လုံးနာနေတာကို ပျောက်အောင်ဆေးပေးလိုက်တယ်။ အဲဒီတုန်းက ကိုယ်ကခပ်ပေါ့ပေါ့ဘဲ။ အဒေါ်လဲပါတယ်။ အဒေါ်က စိတ်တော့ပူနေတယ်။ အိမ်ရောက်တော့ အမေကိုပြောပြတယ်။ ဒီလိုဒီလိုဖြစ်နေတယ်လို့.။ အဒေါ်က အမေကိုပြောပြတယ်။ ဒီလိုဖိအားများရင် ရောဂါ၁မျိုးရှိတယ်တဲ့ ၊  GLAUCOMA (ချင်းကွမ်းရန် 青光眼) အဲဒါဖြစ်ရင်ဘယ်လိုလုပ်မလဲတဲ့။ အဲဒါနဲ့ နောက်၁ပတ်တောင်မပြည့်ဘူး။ ထပ်သွားချိန်လိုက်တယ်။

ဖိအားက ဒီအတိုင်းဘဲမပြောင်းဘူး။ အဲဒါနဲ့ ဆရာဝန်လဲ အရေးကြီးတယ်ဆိုပြီး ဆေးရုံကြီးကိုလွှဲလိုက်တယ်။ ဆေးရုံရောက်တော့ ၁ရက်လုံးစက်တွေအများကြီးနဲ့ စစ်ဆေးခံရတယ်။ နောက်တစ်ရက်မှ ဆရာဝန်ကြီးနဲ့ တွေ့ ရတယ်။ ဆရာဝန်ကြီးကစမ်းလဲပြီးရော ၊ အရေးကြီးတယ်။ နောက်၂လနောက်ကျရင် မျက်လုံးကန်းနိုင်တယ်လို့ ပြောပါတယ်။ ချင်းကွမ်းရန် 青光眼 (Glaucoma) ဖြစ်နေတာလို့ ပြောပါတယ်။ မျက်လုံးဖိအားကျအောင်လို့ သောက်ဆေး၂မျိုးပေးတယ်။ မျက်စဉ်းဆေး၂မျိုးပေးတယ်။ အချိန်အတိကျထဲ့ခိုင်း ၊ သောက်ခိုင်းပါတယ်။ အရမ်းအရေးကြီးတယ်လို့လဲပြောလိုက်တယ်။ နောက်တစ်ရက်လာပြခိုင်းတယ်။ ဆေးသောက်ပြီး ဖိအားပြန်တိုင်းမယ်ပေါ့။ အဲဒီဆေးကသောက်ပြီး အရမ်းနေရခက်တယ်။ လူတကိုယ်လုံး ထုံနေတယ်။
နောက်တစ်ရက်ပြန်သွားပြတော့ ဖိအားက သိသိသာသာ ကျသွားတယ်။ ဘယ်ဘက် ၂၀ ၊ ညာဘက် ၁၆ ဘဲ ကျန်တော့တယ်။ အဲဒီတုန်းက စင်ကာပူကကျောင်းတက်ဖို့ စာကလဲရောက်နေတော့ လူ၁ယောက်လုံး ဘယ်လိုလုပ်ရမှန်းမသိဘူး။

အဲဒါနဲ့ ဆရာဝန်က သောက်ဆေးရပ်ပြီး မျက်စဉ်းဘဲခပ်ခိုင်းတော့တယ်။ နောက်၁ပတ်ထပ်ချိန်းလိုက်တယ်။ နောက်၁ပတ်မှ ဆရာဝန်ကိုမေးရမှာပေါ့ ၊ စင်ကာပူသွားလို့ ရမရကို။ နောက်တစ်ပတ်ရောက်တော့ ဆရာဝန်ကိုမေးပါတယ်။ စင်ကာပူမှာစာသွားဖတ်လို့ ရမလားပေါ့။ ဆရာဝန်ကရပါတယ်တဲ့ ၊ ဒါပေမဲ့ ဘယ်နေရာရောက်ရောက် မျက်လုံးကတော့ ပုံမှန် စစ်ဆေးနေရမှာပေါ့လေ။ မျက်စဉ်းလဲအမြဲခပ်နေရမှာပါတဲ့။ အဲဒီလိုနဲ့ စင်ကာပူကျောင်းကို တစ်ပတ်နောက်ကျပြီးတက်ဖြစ်ခဲ့ပါတယ်။

ဒီရောဂါက လူကြီးတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။ မျိုးရိုးရှိရင်လဲဖြစ်တတ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မျိုးရိုးမရှိလဲ ဖြစ်တတ်တယ်။ ရောဂါဖြစ်ရင် ဘာမှသိသာ ခံစားမှုမရှိဘူးတဲ့။ အဲဒါကြောင့်အသိနောက်ကျပြီး မျက်လုံးကန်းတာဖြစ်နိုင်ပါတယ်။
ဒါကြောင့်အားလုံးဘဲ မျက်လုံးဖိအား နဲ့ မျက်လုံး စမ်းသပ်ခြင်း ကို တစ်နှစ်တစ်ခါလုပ်ဖို့ အသိပေးလိုက်ပါတယ်။ 

ခုတော့တော်တော်ကောင်းနေပါတယ်။ ဆရာဝန်နဲ့ ၃လတစ်ခါ ပုံမှန်စစ်ဆေးပါတယ်။ အမြဲစစ်တိုင်း မျက်လုံးဖိအား ၂၀ နဲ့ ၂၃ ကြားမှာဘဲရှိပါတော့တယ်။ ခုထက်ထိလဲ မျက်စဉ်းဆေးထည့်နေရတုန်းပါဘဲ။

# ခုဆေးထိုးခံနေရတာတော့ ဒါနဲ့မဆိုင်ပါဘူး။
    လရိပ်အိမ်က ကျန်းမာရေး သိပ်မကောင်းပါဘူး။
    အရင်က တင်ခဲ့ဖူးတဲ့ post လေးပါ။ ဘလော့ပျက်သွားလို့ပါ။

လေးစားစွာဖြင့်
လရိပ်အိမ်

ဒါကတော့ GLAUCOMA အကြောင်းပါ။ သိချင်တဲ့သူများ သိရအောင်ပါ။

GLAUCOMA

မျက်စိ ရေတိမ် ရောဂါ ဟာ အမြင် အာရုံ ကြော (Optic Nerve) ကို ထိခိုက် စေတဲ့ ရောဂါ တစ်မျိုး ဖြစ်ပြီး ပြန်လည် ကုသ မရနိုင် တော့တဲ့ မျက်စိ ကွယ်ခြင်း (Irreversible Blindness) ရဲ့ အကြောင်း တစ်ရပ် လည်း ဖြစ်ပါတယ်... ကမ္ဘာ တစ်ဝှမ်း မှာ ရေတိမ် ရောဂါ ကြောင့် မျက်စိ နှစ်ဖက် လုံး ကွယ်သူ ပေါင်း ၆သန်း ခန့် ရှိနေ ပါတယ်... အမေရိက ရဲ့ စစ်တမ်း တစ်ရပ် မှာတော့ အမေရိက မှာ လူဦးရေ ၃သန်း ခန့် ရေတိမ် ရောဂါ ခံစား နေရပြီး အဲဒီ ထဲက တစ်ဝက် လောက်ဟာ မိမိမှာ ရေတိမ် ရောဂါ ရှိမှန်း မသိသူ များ ဖြစ်ကြ ပါတယ်... အကြောင်းမှာ ဖြစ်စ တွင် ရောဂါ လက္ခဏာ မသိသာ ခြင်း၊ မျက်စိ မှုန်ဝါး လာတာ ကို ရေတိမ် ရောဂါ ကြောင့် ဟု မသိ ခြင်း တို့ကြောင့် ဖြစ်ပါတယ်...

မျက်လုံး တွင်းရှိ ရေဖိအား (Intraocular Pressure) အကြောင်း ပထမ အနေနဲ့ ပြောပြ ချင်ပါတယ်... မျက်လုံး တွင်း ရေဖိအား ဟာ ပုံမှန် အားဖြင့် ၈ မှ ၂၂ မီလီမီတာ မာကျူရီ (8 to 22 mmHg) ကြားမှာ ရှိပါတယ်.. ရေဖိအား နည်းရင် မျက်လုံး ပျော့သွား ပြီး ရေဖိအား များလာ ရင် မျက်လုံး မာကျော လာ ပါတယ်.. မျက်လုံး တွင်း အရည် (Aqueous Humor) များကို မျက်ဝန်း (Iris) အနောက်ဖက် နဲ့ မျက်စိ မှန်ဘီလူး (Lens) ဘေးရှိ စီလီယာရီ ဘော်ဒီ (Ciliary body) များက ထုတ်လုပ် ပေးပါတယ်... အဲဒီ ကနေ သူငယ်အိမ် (Pupil) ကို ဖြတ်ကာ မျက်စိ ရှေ့ပိုင်း ရှိ အစိတ် အပိုင်း များ အာဟာရ အတွက် ဖြည့်ဆည်း ပေးပြီး မျက်ကြည်လွှာ (Cornea) နဲ့ မျက်ဝန်း ကြားထောင့် လမ်းကြောင်း (Trabecular Mechwork) မှတစ်ဆင့် စီးဆင်း ထွက် သွားပါတယ်.. အကြောင်း အမျိုးမျိုး ကြောင့် လမ်းကြောင်း ပိတ်သွား ခြင်း၊ဒါမှ မဟုတ် အရည် ထုတ်လုပ် မှုများ ခြင်းတို့ ကြောင့် မျက်လုံး တွင်း ရေဖိအား မြင့်တက် လာပြီး ရေတိမ် ရောဂါ လက္ခဏာ များ ဖြစ်ပေါ် လာပါတယ်... မည်သည့် အတွက် ကြောင့် ရေတိမ် ရောဂါ ဖြစ်ရသည် ကိုမူ ယခုထိ ရှင်းရှင်း လင်းလင်း မသိ ရသေးပါ.. ဒါပေမယ့် မျိုးရိုး လိုက်ပြီး ဖြစ်တတ် ကြောင်း၊ အနောက် နိုင်ငံ များတွင် လူမည်း များ၌ အဖြစ် များကြောင်း တွေ့ရှိ ရပါတယ်...

ရေတိမ် ရောဂါ အဓိက အားဖြင့် နှစ်မျိုး ရှိပါတယ်...

1. ထောင့်ကျယ် ရေတိမ် (Open-Angle Glaucoma)
2. ထောင့်ကျဉ်း ရေတိမ် (Closed-Angle Glaucoma)

တို့ ဖြစ်ပါတယ်...

ထောင့်ကျယ် ရေတိမ် ဟာ အဖြစ် များဆုံး အမျိုး အစား ဖြစ်ပြီး ဖြစ်စမှာ လက္ခဏာ မပြသ ဘဲ အချိန် အတော် ကြာမှသာ လက္ခဏာ များ ပြလာ ပါတယ်... အရည် စီးထွက် ရာ လမ်းကြောင်း ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် ရပြီး မျက်စိ မှုန်ဝါး လာခြင်း၊ အမြင် အာရုံ ကျဉ်းမြောင်း လာခြင်း စတဲ့ လက္ခဏာ များ ပြသ လာပါတယ်... ထောင့်ကျဉ်း ရေတိမ် ကတော့ ရုတ်တရက် လက္ခဏာ များ ဖြစ်ပေါ် လာတတ် ပြီး မျက်လုံး နီရဲ လာခြင်း၊ မျက်စိ ကိုက်လာ ခြင်း၊ ခေါင်းကိုက် ပျို့အန် တတ်ခြင်း၊ အမြင် မှုန်ဝါး ပြီး အလင်းရောင် ကြည့်တဲ့ အခါ ဘေးမှာ အလင်း ကွင်း (Halo) များ မြင်ရ ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်... ထောင့်ကျဉ်း ရေတိမ် ဟာ မျက်ဝန်း နဲ့ အရည် စီးထွက် ရာလမ်း ကြောင်း တို့ ထိကပ် ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် လာရ ပါတယ်.. အဆိုပါ ရေတိမ် ရောဂါ များကို အချိန်မီ ကုသမှု မခံယူ ပါက ရေဖိအား များသည့် ဒဏ်ကြောင့် မြင်လွှာ (Retina) ရှိ အမြင် အာရုံ ကြော (Optic Nerve) ထိခိုက် ချိုင့်ဝင် သွားပြီး လုံးဝ မျက်လုံး ကွယ်သွားခြင်း (Permanent Blindness) ဖြစ်ပေါ် စေပါတယ်..

မျက်စိ ရေတိမ် ရှိမရှိ စမ်းသပ် ရန် မျက်စိ အထူးကု ဆရာဝန် မှသာ စစ်ဆေး ဆုံးဖြတ် နိုင်မှာ ဖြစ်ပါတယ်.. မျက်လုံးတွင်း ရေဖိအား တိုင်း ကိရိယာ (Tonometry) ဖြင့် တိုင်းတာခြင်း၊ မျက်စိ စစ်ဆေး ကိရိယာ (Ophthalmoscope) ဖြင့် အမြင် အာရုံ ကြော အခြေ အနေ၊ မျက်လုံး တွင်း အခြေ အနေ များကို စစ်ဆေးခြင်း၊ မြင်ကွင်း စစ်ဆေး ခြင်း (Visual Field Testing) တို့ဖြင့် ပြလုပ် ကာ ရေတိမ် ရှိမရှိ စစ်ဆေး နိုင်ပါတယ်...

ကုသမှု အနေ ဖြင့် သောက်ဆေး၊ မျက်စဉ်း ခပ်ဆေး၊ ခွဲစိတ် ကုသ ခြင်းနည်း တို့ဖြင့် ပြုလုပ် နိုင်ပါတယ်.. Beta blockers (timolol, levobunolol, metipramolol) စသည့် မျက်စဉ်း ဆေး များမှာ စီလီ ယာရီ ဘော်ဒီ မှ အရည် ထုတ်လုပ် မှုကို လျှော့ချ ပေးပြီး မျက်လုံးတွင်း ရေဖိ အား လျော့ကျ စေပါတယ်.. Adrenergic agonists (Beta2 agonists) အုပ်စု ဆေးများ ဖြစ်တဲ့ (Brimonidine, Apraclonidine, Dipivefrin) ကတော့ အရည် ထုတ်လုပ် မှု ကျဆင်း စေတဲ့ အပြင် အရည် စီးထွက် မှုကို လည်း ဖြစ်ပေါ် စေပါတယ်.. Prostaglandin analogs (Latanoprost, Travoprost, Brimatoprost) မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက် မှုကို ဖြစ် စေတဲ့ ဆေးများ ဖြစ်ပါတယ်.. Carbonic Anhydrase Inhibitors (Acetazolamide, Methazolamide) သောက် ဆေးများ ကတော့ အရည် ထုတ်လုပ် မှုကို လျော့ကျ စေပါတယ်.. Parasympathomimetics (Pilocarpine, Echothiophate) စတဲ့ မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက် မှုကို ဖြစ်စေ ပြီး မျက်စိ သူငယ် အိမ်ကို လည်း ကျဉ်းစေလို့ အရင်က တွင်တွင် ကျယ်ကျယ် သုံးပေ မယ့် အခု တော့ အသုံး နည်းလာ ပါတယ်.. ၎င်း မျက်စဉ်း ဟာ တစ်နေ့ ၃-၄ ကြိမ် ခပ်ပေး ရခြင်း ဘေးထွက် ဆိုးကျိုး များတာ ကြောင့် အသုံး နည်းလာ ရတာ ဖြစ်ပါတယ်..

ခွဲစိတ် ကုသ မှု အနေ ဖြင့် ရိုးရိုး ခွဲစိတ် ခြင်း (Trabeculectomy, Viscocanalostomy)၊ လေဆာ ရောင်ခြည် ဖြင့် ခွဲစိတ် နည်းများ (Laser Iridotomy, Laser Trabeculoplasty, Laser Cilioablation) တို့ဖြင့် အရည် စီးထွက် မှု ပွင့်အောင် ပြုလုပ် နိုင်ပါတယ်.. ဒါ့ကြောင့် မျက်စိ ရေတိမ် ရောဂါ ကို ပေါ့ပေါ့ တန်တန် မထား သင့်ပဲ ဂရုစိုက် နေထိုင် ခြင်း၊ မျက်စိ မှုန်ဝါး လာပါက မျက်မှန် လုပ်ရန် အတွက် တစ်ခု တည်းကိုသာ အာရုံ မထားဘဲ တတ်ကျွမ်း သော မျက်စိ အထူးကု ဆရာဝန် နဲ့ စနစ် တကျ စစ်ဆေး ကုသ မှု ခံယူ သင့်ပါ ကြောင်း သတိ ပေးရေး သား လိုက်ရ ပါတယ်.. အားလုံး မျက်စိ ရောဂါ နဲ့ ဘေးဘယာ အပေါင်း မှကင်း ဝေးနိုင် ပါစေ...

References;
http://www.medicinenet.com/glaucoma/article.htm
http://en.wikipedia.org/wiki/Glaucoma

http://health.ngoinmyanmar.org/2009/08/glaucoma.html မှ ကူးယူဖော်ပြသည်။

Wednesday, March 14, 2012

ဆေးဖက်ဝင်အာနိသင်ရှိသော ဒူးရင်ဩဇာ(soursop)၏အကျိုးကျေးဇူးများ


ဒူးရင်းဩဇာသည် အရသာအရှိဆုံးအသီးဖြစ်သည်။

ဒူးရင်းဩဇာကို မရင့်မှည့်ခင်ခူးဆွတ်ရပါသည်။ ရင့်မှည့်ပြီးပါက သူ့အလိုလိုအောက်သို့ပြုတ်ကျသွားသောကြောင့်ဖြစ်သည်။ ထိုသို့အောက်သို့ပြုတ်ကျသွားပါက အသီးသည် အညိုအမဲစွဲသွားပြီးမကောင်းတော့
ပါ။

အခွံသည် ပါးပြီး ကတော့ပုံသဏ္ဍာန်ရှိသော နံရိုးနုငယ်လေးများဖြင့်ဖုံးအုပ်ထားသည်။

သစ်သီး၏အသားပိုင်းသည် အဖြူရောင်ဖြစ်ပြီး အရည်ပါဝင်မှုနှုန်းများသည်။

နှစ်လိုဖွယ်အရသာရှိပြီး အထဲရှိ အမဲရောင်အစေ့ကိုစားလို့မရပါ။

ဒူးရင်းဩဇာတွင်အစေ့နဲပါးသောအသီးမှာရှားပါးလှသည်။

ဒူးရင်းဩဇာသည် အရသာရှိပြီးကျန်းမာရေးအတွက်ကောင်းရုံသာမက အစာအိမ်ရောဂါအစရှိသော ရောဂါငယ်မှအူထဲရှိကပ်ပါးပိုးအထိ ရောဂါအမျိုးမျိုးကို ကုသရာတွင်ဆေးဖက်ဝင်သည်။

အစေ့သည် အအန်ပျောက်စေသော ဂုဏ်သတ္တိပါဝင်သည်။

အရွက်၏အရည်သည် ခေါင်းပေါ်မှသန်းများကို ဖယ်ရှားပေးသည့်အပြင် ရောင်ရမ်းခြင်းကိုလျှော့ကျစေသည်

လတ်ဆတ်သောအရွက်များသည် အရေပြားအပူလောင်ခြင်းကို လျင်မြန်စွာသက်သာအနာကျက်စေသည်။

အပင်၏အခေါက်သည် အဆိပ်အတောက်ကိုဖယ်ရှားပေးသည်။

ဒူးရင်းဩဇာ၏အပွင့်များသည် လည်ချောင်းထဲတွင်ချွဲများလွန်ကဲများပြားနေခြင်းကို လျှော့နဲစေသည်။

စိစိညှက်ညှက်ကျေအောင်ချေထားသော အရွက်များသည် ဝဲနှင်းခူရောဂါကိုသက်သာပျောက်ကင်းစေသည်သာမက အရေပြားပြသနာအမျိုးမျိုးကိုပျောက်ကင်းစေသည်။ 

လေးစားစွာဖြင့်
လရိပ်အိမ်

Sunday, March 11, 2012

ကျန်းမာရေးအတွက်ကောင်းသောပန်းသီး၏အကျိုးကျေးဇူးများ

ပန်းသီးသည် ဓါတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသောအသီးဖြစ်သည်။

ပန်းသီးထဲတွင် ဓါတ်သတ္တုနှင့်ဗီတာမင်မြောက်များစွာပါဝင်သဖြင့် သွေးများကိုသန်မာစေသည်။

ပန်းသီးဗီနီကာသည် ကျောက်ကပ်ကျောက်ဖြစ်တည်မှုကိုကာ
ကွယ်ပေးသည်။

ပန်းသီးတစ်နေ့တစ်လုံးစားပေးခြင်းအားဖြင့် ကိုလက်စထရောကိုလျှော့ချပေးသည့်အပြင် အရေပြားရောဂါဖြစ်ပွါးမှုနှုန်းနည်းစေပါသည်။

ပန်းသီးသည် အဝလွန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်ရောင်ခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ဆီးအိမ်ရောင်ရမ်းခြင်း၊ သွေးအားနည်းခြင်း၊အိပ်မပျော်ခြင်းတို့အတွက်အထူးကောင်းမွန်ပါသည်။

လေးစားစွာဖြင့်
လရိပ်အိမ်

Thursday, March 8, 2012

ကျန်းမာရေးအတွက်ကောင်းသောနဂါးမောက်သီး(Dragon Fruit)၏အကျိုးကျေးဇူးများ

နဂါးမောက်သီး၏အရသာသည် ချိုသောအရသာရှိသည်။ နဂါးမောက်သီး၏အရည်သည် သစ်တော်သီး ၊ ကီဝီသီး ၊ သခွါးမွှေးတို့နှင့်ဆင်တူပါသည်။ နဂါးမောက်သီး၏အခွံကိုခွါလိုက်ပါက အဖြူရောင်အသား ( သို့ ) အနီရောင်အသားနှင့်အတူ စားလို့ရသော အမဲရောင်အစေ့ငယ်လေးများ ကိုတွေ့ရမှာဖြစ်ပါသည်။

နဂါးမောက်သီးကိုယခုစိုက်ပျိုးေ
နသောနိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင် ၊ ယိုးဒယား နှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်ကြသည်။

နဂါးမောက်သီးသည် သွေးတွင်းရှိသကြားဓာတ်ကိုလျှော့ချပေးသည်။
ကင်ဆာဖြစ်ပွါးမှုကိုကာကွယ်ပေးသည်
မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးသည့်အပြင် အသားအရေကိုချောမွတ်စေသည်။
အစာစားချင်စိတ်ကိုဖြစ်ပေါ်စေသည့်အပြင် အစာချေဖျက်မှုအားကောင်းသည်။
မျက်လုံးကျန်းမာရေးကိုကောင်းစေသည်။
အရိုးနှင့်သွားများကိုခိုင်မာစေသည်။
ဓားရှမိသောဒဏ်ရာများကို လျင်မြန်စွာအနာကျက်စေသည်။ 
မှတ်ညဏ်အားကောင်းစေသည်။


နဂါးမောက်သီးတွင်အမျိုးအစားသုံးမျိုးရှိသည်။

၁။ အနီရောင်အခွံနှင့်အဖြူရောင်အသား
၂။ အနီရောင်အခွံနှင့်အနီရောင်အသား

၃။ အဝါရောင်အခွံနှင့်အဖြူရောင်အသား

Wednesday, March 7, 2012

ကျန်းမာရေးအတွက်ကောင်းသော သင်္ဘောသီး ၏အကျိုးကျေးဇူးများ

သင်္ဘောသီးတွင် အစာချေဖျက်နိုင်သော အင်ဇိုင်းဓာတ်ပါရှိပြီးအစာချေဖျက်မှုကိုကူညီပေးသည်။
ရင့်မှည့်သောအသီးသည် အစာကြေလွယ်စေပြီး ဝမ်းပျော့စေသည်။
သင်္ဘောသီးဖျော်ရည်သည်အူမကြီးအတွ
င်းရောဂါပိုးဝင်မှုကိုသက်သာရာရအောင်ကူညီပေးသည်။
၂၃၀စီစီရှိသောသင်္ဘောသီးဖျော်ရည်သည် အန်ခြင်းကိုသက်သာရာရစေသည်။



လေးစားစွာဖြင့်
လရိပ်အိမ်

Saturday, March 3, 2012

ကျန်းမာရေးအတွက်ကောင်းသောကီဝီသီး၏အကျိုးကျေးဇူးများ


ကီဝီသီးသည်အာဟာရဓာတ် မြောက်များစွာပါဝင်သည်။ သူ့ကိုလူနည်းစုများကသာနှစ်သက်ကြသည်။
ကီဝီသီးသည်လိမ္မော်သီးထက်ဗီတာမင်
စီပါဝင်မှုပိုများသည့်အပြင် ပန်းသီးထက်အမျှင်ပါဝင်မှုပိုများသည်။
ကီဝီသီးသည် ငှက်ပျောသီးထက် ပိုတက်စီယမ်ဓာတ် ကြွယ်ဝသောကြောင့် သွေးတိုးရောဂါဖြစ်ပွါးမှုကိုကာကွယ်ပေးသည်။
ထို့အပြင် ကီဝီသီးသည် အစာချေစွမ်းအားမကောင်းသောသူများအတွက် အဖိုးတန်သောအသီးတစ်လုံးဖြစ်သည်။ အမျှင်ဓာတ်အများဆုံးပါဝင်ပြီး ထူးခြားသောကော်ဓာတ်ပါဝင်သည့်အတွက် ဝမ်းပျော့စေသည်။

နယူးဇီလန်ရှိ ငှက်များ၏ကီဝီနာမည်ကိုအစွဲပြူ၍ ကီဝီသီးဟုခေါ်ခြင်းဖြစ်သည်။
ကီဝီသီးသည်အမွှေးအမျှင်ထူပြီး အညိုရောင်အခွံနှင့် အသားမှာ အစိမ်းရောင်၊ အထဲတွင်အဖြူရောင်တစ်လွှာနှင့်စားလို့ရသောအမဲရောင်အစေ့နှင့်ကာရံထားသည်။
ကီဝီသီးစိုက်ပျိုးသောနိုင်ငံများမှာ အမေရိကန် ၊ ပြင်သစ် ၊ စပိန် ၊ အီတလီ ၊ အစ္စရေး ၊ ချီလီ ၊ ဩစတြေးလျ ၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံတို့ဖြစ်သည်။
ကီဝီသီးကို ဧပြီမှဒီဇင်ဘာလ အတွင်းဝယ်ယူရရှိနိုင်သော်လည်း အများဆုံးမှာ ဇွန်မှအောက်တိုဘာလထိဖြစ်သည်။

ကီဝီသီးတွင် အမျိုးအစား ၁၀မျိုးနီးပါးရှိသည်။ ယေဘူယျအားဖြင့် ဈေး ၊ စူပါမားကက်များတွင်ဝယ်ယူရရှိနိုင်သောအမျိုးအစားများမှာ ကြီးပြီးချိုသော အစိမ်းရောင်ကီဝီနှင့် ရှားပါးသောအဝါရောင်ကီဝီတို့ဖြစ်သည်။ အဝါရောင်ကီဝီသည် အနည်းငယ်သေးပြီးအချိုအရသာပြင်းကာ ကြေးနီရောင်အခွံနှင့်အဝါရောင်အသားကိုပိုင်ဆိုင်ထားသည့်အသီးဖြစ်သည်။

ကီဝီသီးသည် ဗီတာမင်စီ၏အကောင်းဆုံးအရင်းအမြစ်ဖြစ်ပြီး အထူးသဖြင့်အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာများဖြစ်သော ချောင်းဆိုးရင်ကျပ်ခြင်း ၊ အသက်ရှုမဝခြင်းများကိုသက်သာစေသည်
ကီဝီသီးသည် အမျှင်ဓာတ်များ၏မြစ်ဖြားခံရာဖြစ်ပြီး အူလမ်းကြောင်းနှင့်ပတ်သက်သော အထူးသဖြင့် ကင်ဆာများဖြစ်နိုင်မှုကိုလျှော့ချပေးရာတွင်အသုံးဝင်သည်။ ကိုလက်စထရောများကို လျှော့ချပေးသည့်အပြင်နှလုံးသွေးကြောရောဂါများနှင့် နှလုံးကြောင့် ရုတ်တရတ်မေ့မြောမှုကို လျှော့ချပေးသည်။