Tuesday, February 5, 2013

HAPPY BIRTHDAY FOR SOMEONE!

မင်းကို
သိပ်သတိရတယ်
မရနဲ့လို့ပြောရင်
ခုချိန်ထိ 
ငါမလက်ခံနိုင်သေးဘူး
အဲဒီအတွက် ခွင့်လွှတ်ပေးပါ။

မမျှော်လင့်ထားတာကို
ရုတ်တရက် သိခွင့်ရမယ်လို့
ဘယ်တုန်းကမှ မမျှော်မှန်းထားခဲ့ဘူး။ 

တနေ့နေ့မှာ
ဒီလိုအဖြစ်မျိုးတွေ
ဖြစ်လာမှာကို
နင့်ဘက်က
ဘယ်နှစ်နှစ်လောက်တည်းက
ကြိုတွေးပြီးသားဖြစ်မှာပါ။

အရာရာတွေကို 
ခုထိ 
အိပ်မက်လို့ဘဲ
ထင်ချင်နေသေးတယ်။ 

နင့်နှလုံးသား
တိမ်ပေါ်မှာ မြူးတူးပျော်ပါးလို့
ငါ့နှလုံးသား
မြေမှာခလို့
နင်ပျော်ရင် ငါကျေနပ်ပါတယ်။

ကုမ်ရာသီဖွားချင်း
တူပေမဲ့
နင်မှငါ့ကို မချစ်ခဲ့ဘဲ
အဲဒီတော့ 
ငါရှုံးပြီးသားဘဲပေါ့နော်။ 


ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်

နင်နဲ့အမြဲ
ခင်မင်ခွင့် 
ရချင်သေးတယ်။


အဲဒီအတွက်
နင့်ဘက်က 
သူ အထင်မလွဲအောင်
ရှင်းပြထားပါ လို့
ငါ တောင်းဆိုချင်တာပါ။

ဒီနေ့တနေ့လုံး
နင့်မွေးနေ့ကို
ငါ့မွေးနေ့လို့ ထင်နေခဲ့တာ
နင့်ကို ငါ ...........
သိပ်သတိရတာဘဲ။

ကလေး သိပ်ချစ်တတ်တဲ့ နင့်အတွက် နင်နဲ့နင်ချစ်တဲ့သူနဲ့ပေါင်းစည်းထားတဲ့ ကလေးလေးတစ်ယောက် အမြန်ဆုံးရပါစေနော်။ ( မွေးနေ့ဆုတောင်း )


လေးစားစွာဖြင့်
လရိပ်အိမ်

16 comments:

  1. အိမ်မက်ပါပဲ ခုတော့နိုးထလိုက်တော့နော်
    ချစ်ရဖူးသူတယောက်ရဲ့ မွေးနေ့အတွက်ဆုတောင်းလေးခံစားဖတ်ရင်းဝမ်းနည်းမိတယ်

    ReplyDelete
  2. အချစ်က အင်မတန်ဆန်းကြယ်ပါတယ်။ ထပ်တူကျဖို့ တကယ်မလွယ်တာပါ။ someone အတွက် မွေးနေ့ကဗျာလေး အားပေးသွားပါတယ်မမရေ။

    ReplyDelete
  3. အချစ် အချစ် တကယ်မလွယ်ဘူးနော် ။

    ReplyDelete
  4. someone အတွက် အလွမ်းနင့်နင့်နဲ့ မွေးနေ့ကဗျာလေးကို အားပေးသွားပါတယ် မမရေ ...

    ReplyDelete
  5. someone အတွက် အလွမ်းနင့်နင့်နဲ့ မွေးနေ့ကဗျာလေးကို ဖတ်ရင်းဝမ်းနည်းရိပ်တွေ ဖြတ်ပြေးသွားတယ် မမရေ ...

    ReplyDelete
  6. အချစ်ကြောင့်ပဲ စိတ်အေးချမ်းနိုင်ပါစေမမရေ။

    ReplyDelete
  7. မင်းကို
    သိပ်သတိရတယ်
    မရနဲ့လို့ပြောရင်
    ခုချိန်ထိ
    ငါမလက်ခံနိုင်သေးဘူး
    အဲဒီအတွက် ခွင့်လွှတ်ပေးပါ....

    အင်းးးးးးးးးးးး
    အဲဒါမျိုးက ဆေးလိုတယ်..
    အဲဒိဆေးကလဲ အချိန်ပါပဲ :)))
    ဒါပေမဲ့ ခု မရောဂါက
    အချိန်က ကုစားပေးထားတာတောင်
    မပျောက်သေးဘူးဆိုတော့
    မ တကယ်ကို အချစ်ကြီးတာပဲ ...:P

    ReplyDelete
  8. ဟုတ်တယ် ၊ တကယ်ကို နှစ်နှစ်ကာကာ ချစ်ခဲ့တာပါ ညီမမိုးနတ်ရေ။

    ReplyDelete
  9. ဗုဒေါ ခံစားလှချေလားကွယ်

    ReplyDelete
  10. ဆန္ဒနဲ့ဘဝဆိုတာ ကိုက်ညီဘို့ ခက်ခဲပေမယ့်
    မျှော်လင့်ချက်ဆိုတာတော့ မထင်မှတ်တဲ့ အချိန်လေးတွေမှာ ဖြစ်လာတတ်ပြန်တယ် လရိပ်ရေ။
    မွေးနေ့ဆုတောင်းလေးဖတ်ရင်း ကာယံကံရှင်ရဲ့ ရင်တွင်းခံစားချက်ကို နားလည်သွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ကဗျာလေးက လွမ်းသလိုလိုခံစားရတယ်.. လရိပ်အရမ်းချစ်တတ်တယ်နော်

    ReplyDelete
  12. ရင်နဲ့ရင်းပြီး ထုဆစ်ထားတဲ့ ကဗျာလေးလို့

    ကျွန်တော် ယုံကြည်ပါတယ်။

    အရာရာ အဆင်ပြေ အေးချမ်းနိုင်ပါစေ။

    ReplyDelete
  13. အလွမ်းကဗျာလေး ...

    အိမ်မက်ထဲကနေထွက်ခဲ့ပါလို့
    အကြံပေးပါရစေ..

    ReplyDelete
  14. လရိပ်လေးရေ...

    အချစ်ဟာ..မီးလား.....အချစ်...အချစ်....

    ချစ်တိုင်းလည်းမညား...ထူးအိမ်သင်...

    လရိပ်ရေ အချိန်တွေက ကုစားပေးသွားမှာပါ

    နှလုံးသားရှိသူတိုင်း ခုလို တစ်ကြိမ်တစ်ခါတော့

    ဆန္ဒနှင့်ဘဝ ထပ်တူမကျတာလေးတော့ ခံစားကြရ

    စမြဲပါ....

    ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

    ချစ်ခြင်းအားဖြင့်
    မကြီးလွမ်း

    ReplyDelete
  15. ချစ်ခြင်းဟာအေးမြမလိုနဲ့တစ်ခါတစ်ခါမှပူလောင်ပါတယ်။စွန့်လွှတ်ရခြင်းကိုပူလောင်တယ်လို့မတွေးဘဲသူပျော်တာကိုကြည့်ပြီးကျေနပ်တတ်ဖို့ကြိုးစားတာကပိုပြီးအေးချမ်းပါတယ်။သူ့မွေးနေ့ဆိုတော့လည်းဘယ်မေ့မလဲလေ။ပျော်ရွှင်ပါစေ။

    ReplyDelete
  16. ရန်မင်းအောင်February 18, 2013 at 1:33 AM

    မွေးနေ့ဆုတောင်းလေးကိုရင်ဘတ်ခံစားပြီးနဲ့ဖတ်သွားတယ် ညီမလေး...ကိုယ်တိုင်လည်းခံစားခဲ့ဖူးတော့ စာနာနားလည်ပေးနိုင်ပါတယ်.....ငါ့ညီမတစ်ယောက်ရှေ့ဆက်ပြီး ဘဝမှာ ပျော်ရွှင်မှူများစွာ နဲ့လျှောက်လှမ်းနိုင်ပါစေလို့နော်..

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်