" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးကို သူကြောက်တယ်။
" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးအောက်မှာ သူကျရှုံးခဲ့တာ အကြိမ်ကြိမ်။
" စိန်ခေါ်မှု " ဆိုတဲ့ အသံကြားတိုင်း သူ့ကိုတုန်လှုပ်သွားစေတယ်။
" စိန်ခေါ်မှု " ဆိုတဲ့ ခေါင်းစဉ်ဖတ်ပြီး သူစာတွေရေးချင်နေမိပြန်တယ်။ ဒါပေမဲ့ သူ မရေးဖြစ်ခဲ့ဘူး။ တပတ်မှာ တရက်ဘဲရှိတဲ့ အားလပ်ရက်။ ကျန်းမာရေးမကောင်းတဲ့ သူ့အတွက် အဲဒီရက်ဟာ နတ်သုဒ္ဓာလိုဘဲ။ ဒီလိုနဲ့ သူထပ်ခါကျရှုံးရအုန်းမှာလားလို့တွေးရင်း ဒွိဟဖြစ်နေပြန်တယ်။
" စိန်ခေါ်မှု " အောက်မှာ ၁ခါလဲမဟုတ် ၊ ၂ခါလဲမဟုတ် ၊ ၃ခါ ၊ ၄ခါ သူယိုင်နဲ့လာတယ်။
" စိန်ခေါ်မှု " အောက်မှာ သူ့ခန္ဓာကိုယ်လဲလျောင်းနေခဲ့ရတယ်။
သူ့ခန္ဓာရဲ့ " စိန်ခေါ်မှု " ကိုတော့ ငယ်စဉ်တည်းက ဘာမှမသိစွာနဲ့ ရခဲ့တယ်။
ဘဝရဲ့ " စိန်ခေါ်မှု " တခုဖြစ်တဲ့ လူတွေနဲ့စကားပြောဆက်ဆံရာမှာ ဘယ်တုန်းကမှ အဆင်ပြေမှုမရှိခဲ့ပြန်ဘူး။ အဲဒီအတွက် သူ သိမ်ငယ်ရတယ်။ ဘယ်လောက်ဘဲ ကြိုးစားဆက်ဆံ ၊ အချိန်တန်ရောက်ရင် လူတွေက သူ့ကို မခေါ်တော့ပြန်။ ဒါ ဝဋ်ကြွေးလား??
အလုပ်တဖက် ၊ ကျောင်းတဖက် ရဲ့ " စိန်ခေါ်မှု " ကလဲ သူ့ရဲ့ကျန်းမာရေးကို ချို့တဲ့စေခဲ့ပြန်တယ်။
နှစ်ပတ်အတွင်းဆိုတဲ့ " ဘီပီပီ စိန်ခေါ်မှု "ကို ဖျားနာခြင်းရဲ့နောက်ကွယ်မှာ သူအနိုင်ရလိုက်ချင်တယ်။
ဒီတခါရဲ့ " စိန်ခေါ်မှု " ကို သူအရှုံးခံရင် တသက်လုံး ဘလော့ပေါ် သူ မတက်လာတော့ဘူးဟု သူ့ကိုယ်သူ ပြောနေမိပြန်တယ်။
၃ပတ်ထဲမှာမှ " ဘီပီပီ စိန်ခေါ်မှု " ရေးတဲ့အတွက် ဒီ " စိန်ခေါ်မှု " မှာ သူ ရှုံးနေပြီလား မသိတော့ပါ။
" ဘီပီပီ စိန်ခေါ်မှု " အတိုင်း
၁။ တီတင့်
၂။ (တုံးဖလား) သူကြီးမင်း
၃။ ပစ်ပစ်
၎။ အမမဒမ်ကိုး
၅။ မစံပယ်ချို
၆။ မကြီးလွမ်း ( အလွမ်းမြို့လေး )
၇။ မနော်ဖော
၈။ မရွှေစင်ဦး
၉။ မိုးညချမ်း
၁၀။ ကိုလွင်ပြင်လှိုင်းငယ်
သူ အတွေးသိပ်များတယ်နော်။
လေးစားစွာဖြင့်
လရိပ်အိမ်