Monday, February 4, 2013

လရိပ်အတွက်မွေးနေ့ ဆုတောင်း



နေမင်းရဲ့လင်းရောင် ဖြာဖြာကျတဲ့ချိန်

မြူနှင်းတို့ ဝေးရာပြေးတဲ့ချိန်
ဒီအချိန် 
အလင်းစက်ကြောင့်
နှင်းရည်တွေ စိုစွတ်ဖို့ခက်နေလေရဲ့

ဟိုအဝေးမှာပေါ့

ပူသလို အေးသလိုနဲ့  စိတ်တွေကိုမြူတဲ့
ဒီအချိန် ဒီရာသီ
လောကအလည်
ရောက်လာတဲ့
လရိပ်
ရင်ကိုငြိမ်းအေးစေတဲ့  အမည်
ပူနေတဲ့ လူကိုငြိမ်းအေးစေတဲ့ လရိပ်
ညအမှောင် ထွန်းလင်းစေတဲ့  လရိပ်
အနေအေးပြီး အဖော်မင်တဲ့ လရိပ်
သူမရဲ့ မွေးနေ့ 
ကျွန်မ ၀ိုင်ပုလင်းမပို့နိုင်ဘူး
ကိတ်မုန့် မပို့နိုင်ဘူး
ဒါလဲပဲ လရိပ် စိတ်မဆိုးပါတဲ့လေ
ဒီနေ့-ဒီအချိန်မှ စ၍
ဘ၀ရဲ့ ခက်ခဲမှုတွေ
အားလုံးအောင်မြင်ပြီး
ရည်မှန်းချက်တွေလဲပြည့်ဝပါစေ
ချစ်ရသူနဲ့အတူ
လက်တွဲ ခိုင်ခိုင်မြဲပါစေလို့
ဆုတောင်းရင်း
အချစ်များစွာဖြင့်
sis jasmine

8 comments:

  1. မစံပယ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ :)

    ReplyDelete
  2. ချစ်ရသူနဲ့ လက်တွဲခိုင်မြဲပါစေ။
    ဆုတကာ့ဆုထဲမှာ အဲဒီဆုပြည့်ဖို့ အရေးကြီးဆုံး။ ဟုတ်တယ်မလားအစ်မလရိပ်။

    ReplyDelete
  3. ဘ၀နဲ့ ဆန္ဒတစ်ထပ်တည်းကျလို့ ပျော်ရွှင်စရာ မနက်ဖြန်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေနော် လရိပ်လေး...:)
    ခင်တဲ့
    လေပြေ

    ReplyDelete
  4. ချစ်တဲ့သူက ဘယ်မှာလဲတောင်မသိသေးဘူး။ မှတ်တိုင်မှာ စောင့်နေရတုန်းဘဲ။

    ReplyDelete
  5. လရိပ်မှာမတင်ချင်ရင် မဂျီးမှာတင်မလို့ပါ
    လရိပ်တင်ပြီးတော့လဲ ထပ်တင်ရမလားဟင်......
    ဒါမှမဟုတ်ဖဘ မှာတင်မယ်လေ ချစ်သူဆိုတာ
    ဖေဖေပြောဖူးတယ် ကားဂိတ်မှာကားစောင့်သလိုပါပဲ
    ကိုယ့်အတွက် ကားကတော့ ရောက်လာမှာပဲလေ

    ReplyDelete
  6. သူမရဲ့ မွေးနေ့
    ကျွန်မ ၀ိုင်ပုလင်းမပို့နိုင်ဘူး
    ကိတ်မုန့် မပို့နိုင်ဘူး
    ဒါလဲပဲ လရိပ် စိတ်မဆိုးပါတဲ့လေ
    ဒီနေ့-ဒီအချိန်မှ စ၍
    ဘ၀ရဲ့ ခက်ခဲမှုတွေ
    အားလုံးအောင်မြင်ပြီး
    ရည်မှန်းချက်တွေလဲပြည့်ဝပါစေ
    ချစ်ရသူနဲ့အတူ
    လက်တွဲ ခိုင်ခိုင်မြဲပါစေလို့
    ဆုတောင်းရင်း
    အချစ်များစွာဖြင့်

    မမစံပယ်စာသားလေးနဲ့ မွေးနေ့ဆုတောင်းပေးပါတယ်နော်။ပျော်ရွှင်ပါစေမမလ၊ရိပ်ရေ..

    ReplyDelete
  7. ဒီနေ့-ဒီအချိန်မှ စ၍
    ဘ၀ရဲ့ ခက်ခဲမှုတွေ
    အားလုံးအောင်မြင်ပြီး
    ရည်မှန်းချက်တွေလဲပြည့်ဝပါစေ
    ချစ်ရသူနဲ့အတူ
    လက်တွဲ ခိုင်ခိုင်မြဲပါစေလို့
    ဆုတောင်းရင်း။
    စပယ်လေးရဲ.တောင်းဆုလေးနဲ.အတူမွေးနေ.မှစ
    ပျော်ရွှင်မှု.အပေါင်းနဲ.ပြည်.စုံစွာဖြင်.လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝရရှိပါစေ။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  8. ရှည်ရှည် ဆုမတောင်းတော့ဘူးးးးးးးးးး
    ဒါပဲဗျာ...ဟာ Ahakhak !
    စတာပါနော် မရေ...
    မဂျီးဂျက် ရေးပေးထားတဲ့ ကဗျာလေးမှာ
    ဆုတောင်းလေးတွေရော အကြောင်းအရာလေးတွေ
    အားလုံးရော စုံနေလို့ပါရှင်....မမလရိပ်
    ယခုမွေးနေ့မှသည် .................>>>>
    စိတ်ကျန်းမာ ကိုယ်ချမ်းသာလို့ လိုရာဆန္ဒတွေပြည့်ဝ
    ပါစေလို့ ...ဆုမွန်ခြွေလျက်
    ချစ်တဲ့....မိုးနတ်

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်