Monday, February 18, 2013

တပို့တွဲ ရဲ့ ရိုးမြေကျ

ညီမလေး ရိုးမြေကျ မွေးနေ့အမှတ်တရ 



ရက်ကိုကြည့်လိုက်တော့
ကုမ်ရာသီရဲ့
နောက်ဆုံး အငွေ့အသက်နဲ့
လူ့လောကထဲ ရောက်လာတဲ့
သူမလေး ............   

နောက်ဆုံးပိတ် 
အိတ်နဲ့လွယ်ဆိုသလို
ကုမ်ရာသီဖွားရဲ့ စရိုက်
အပြည့်အဝ ပါလာသူလေး

အဲဒီအချိန်ဟာ
ထမနဲထိုးတဲ့ အချိန်လဲ
ဖြစ်ကောင်းဖြစ်နိုင်ရဲ့။

ဝတ္ထုရေးတဲ့နေရာမှာ
အိုင်ဒီယာတွေ သိပ်မိုက်တဲ့
ရိုးမြေကျ

ကဗျာတွေရေးတဲ့အခါမှာ
စကားလုံးတွေ သိပ်လှတဲ့
ရိုးမြေကျ

ဘာသာပြန်အပိုင်းအစတွေက
နက်ရှိုင်းပြီး 
ရင်ထဲကိုထိစေတယ်။

စာအုပ်မျက်နှာမှာ
ကိုယ်နဲ့သူနဲ့
ပျော်ရွှင်စွာ စနောက်ခဲ့ကြတယ်။

မျောက်ရုပ်တွေကြားထဲမှာ
သွားဖြူဖြူလေးနဲ့
အပြစ်ကင်းစင်နေတဲ့
ရိုးမြေကျ

စာမေးပွဲဖြေရင်
ဘယ်တော့မှ 
အဆင့် - ၁ ကမဆင်းတဲ့
ရိုးမြေကျ

ကိုယ့်ရင်ထဲက
စကားလေးတစ်ခွန်း
ပြောမိတာနဲ့
ဘာဆိုဘာမှ
ပြန်မပြောတော့တဲ့
ရိုးမြေကျ 

ကုမ်ရာသီဖွားတွေဟာ
စာရေးဆရာများတယ်ဆိုဘဲ။

ရိုးမြေကျတိုင်အောင်
ကဗျာတွေ ၊ စာတွေ ၊ ဝတ္ထုတွေ
အများကြီးရေးသားနိုင်တဲ့
နိုင်ငံကျော်၊နာမည်ကျော် စာရေးဆရာမကြီး
ဖြစ်ပါစေလို့ .....................
မွေးနေ့ဆုတောင်းပြည့်စေသား။

*ခုမှသေချာကြည့်မိတယ် ၊ မွေးတဲ့နေ့နဲ့တူတဲ့နှစ်ဘဲ။
  ညီမလေး ရိုးမြေကျ ချစ်ခင်ရသူနဲ့ ထာဝရပျော်ရွှင်ပါစေလို့
  ထပ်ပြီးဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ခင်မင်စွာဖြင့်
လရိပ်အိမ်


11 comments:

  1. လရိပ်ရဲ့ဆုတောင်းလေးအတိုင်းပဲနော်
    ချစ်တဲ့သူနဲ့လဲ ပျော်ရွှင်ပါလို့
    မွေးနေ့ဆုတောင်းကဗျာကောင်းလေးဖတ်ခဲ့ရတယ်

    ReplyDelete
  2. ရေးထားတာလေးက ခင်မင်မှုတွေအများကြီးပါတယ်.. မွေးနေ့ရှင်ရဲ့ စရိုက်ကို အသေးစိတ်မြင်အောင် ရေးနိုင်တာ တော်လိုက်တာ..။

    ReplyDelete
  3. ပျော်ရွှင်ပါစေမွေးနေ့ ရှင်... ရေးတဲ့သူကလည်းတော် မွေးနေ့ ရှင်ကလည်းထက် ပြောဖွယ်မရှိ ကောင်း၏

    ReplyDelete
  4. ဟုတ်မမဆုတောင်းအတိုင်း စာရေးဆရာမဖြစ်ချင်ပါတယ်။ စာတွေကြည့်ရတော့မှာဆိုတော့ ဘလော့ကိုပဲ အာရုံစိုက်ပြီး ဖေ့ဘုတ်သုံးတာလျှော့တော့မယ်မမရေ။ မမလဲပျော်ရွှင်ပါစေ။

    ReplyDelete
  5. မွေးနေ့ရှင် ရိုးမြေကျနဲ့ မွေးနေ့တောင်းဆု ချွေပေးတဲ့ ကဗျာရှင် လရိပ်တို့ စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာဆန္ဒတွေ ပြည့်ဝကြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဟက်ပီးဘတ်ဒေးပါ ညီမလေး စာတွေများများရေးနိုင်ပါစေ...။

    ReplyDelete
  7. မွေးနေ့ရှင်ရော ကဗျာရှင်ပါ လျှောက်တဲ့လမ်းတိုင်း
    ဖြောင့်ဖြူးပါစေ ။

    ReplyDelete
  8. မမရိုးမြေအတွက် မမလရိပ်ရေးပေးတဲ့
    ကဗျာလေးကောင်းတယ်....မမလရိပ်ဆုတောင်းပေး
    သလို မမရိုးမြေကျ အောင်မြင်တဲ့ စာရေးဆရာမ
    တစ်ယောက်အဖြစ်ရပ်တည်နိုင်ပြီး အများအကျိုးသယ်ပိုး
    နိုင်တဲ့သူ ဖြစ်ပါစေရှင်....:)))

    ReplyDelete
  9. သူတို့ပေးသောဆုတွေ အကုန်ပြည့်စေကြောင်းကို
    ကျွန်တော်ထပ်လောင်းခဲ့ပါတယ်ဗျာ။

    ReplyDelete
  10. Happy Birthday ပါ ..မွေးနေ့ရှင်လေးရေ..
    ကဗျာလေးလည်း လှတယ်..

    ReplyDelete
  11. ကုမ်ရာသီဖွားတွေဟာ
    စာရေးဆရာများတယ်ဆိုဘဲ။

    အဲဒါဟုတ်တယ်...။
    ချစ်စရာကဗျာလှလှလေးကို ခံစားဖတ်ရှုသွားပါတယ်..။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်