Monday, February 25, 2013

ဘာတွေဖြစ်နေလဲ... လရိပ်အိမ်


ဒီတလော စာတွေမရေးနိုင် ၊ ဘာတွေဖြစ်နေလဲမသိ ၊ အလုပ်ကလိုချင်တာ။ တရုတ်နှစ်ကူးပြီးရင် အလုပ်ရှာမယ်လို့ အားခဲထားသမျှ နေမကောင်းတဲ့ထဲ ရောက်သွားတယ်။ နဂိုက လက်အတွက် ဆေးတွေသောက်နေတာ တနေ့၃ခါ။ တုပ်ကွေးဖြစ်လိုက်တော့ သောက်တဲ့ဆေးက တနေ့၎ခါ ၊ အားလုံး ၇ ခါ။ တုပ်ကွေးသောက်တဲ့ဆေးက တခါသောက်ရင် ၇မျိုး။ လက်အတွက် သောက်တဲ့ဆေးနဲ့ရောသောက်လို့မရလို့ တနေ့တနေ့ အချိန်ကြည့်ပြီးသောက်နေရတာ။ လူက နုံးပြီးတော့ဘဲ အိပ်ချင်နေတာ။ သူများဘလော့တွေထဲတော့ သွားလည်တယ်။ ကိုယ့်ကိုဘဲ စာတွေမရေးနိုင်တာ။ 

ညီမလေးတစ်ယောက်ကို မွေးစားချင်တာ ၊ သူကငြင်းလိုက်တော့ ကိုယ်လဲဘယ်လိုပြောရမှန်းမသိတော့ဘူး။ အမတွေအားလုံးကို ညီမလေးက ညီတူညီမျှ ခင်ပါတယ်တဲ့။ ညီမလေးဆီက ထွက်ကျလာတဲ့ စကားလုံးလေးတွေပါ ၊ မမဘက်ကို နဲနဲတိုးပေးပါလားဆိုတော့ မေတ္တာဆိုတာက လိုတိုးပိုလျှော့လုပ်လို့ရတဲ့ ကိစ္စတွေမဟုတ်ဘူးတဲ့။ ဟုတ်တာပေါ့ ၊  ဒါပေမဲ့ ညီမလေးမှာလဲ ညီမလေးချစ်ခင်နှစ်သက်တဲ့သူတွေရှိနေမှာဘဲ ၊ သူတို့တွေကလဲ ညီမလေးရဲ့စိတ်နဲ့ထပ်တူချစ်ခင်ပါစေလို့ မမ မျှော်လင့်ပါတယ်။ ဒါဆိုရင် မမလဲ ညီမလေးကို သံယောဇဉ်တွေ အရမ်းမငြိတွယ်ခင်မှာ သူများတွေလို တန်းတူဖြစ်နိုင်အောင် ကြိုးစားမယ်လို့ ပြောမိတယ်။ ညီမလေး စိတ်မကောင်းဖြစ်သွားလားဟင်။ 
အရင်လို ဖေ့ဘုတ်တက်ရတာ လန်းဆန်းတက်ကြွမှုတွေ မရှိပြန်တော့ဘူး။ ညီမလေး မက်ဆေ့မှာ စာတွေသွားရိုက်လဲ ပြန်ရိုက်ချင်မှ ရိုက်တော့တယ်။ ကိုယ့်ကိုပိုခင်စေချင်တာလေ ၊ ပြောလိုက်မှဘဲ အဲလိုတွေဖြစ်ကုန်ရော။ အဲဒီအတွက်လဲ ရင်ထဲမှာ ခံစားနေရပြန်ရော။ ညီမလေးနဲ့တွေ့တုန်းကတော့ ဖေ့ဘုတ်ကို စွဲလန်းနေခဲ့တယ် ၊ ခုတော့လဲ ဖေ့ဘုတ်က သူ့ဟာသူ အပေါင်းအဖော်တွေနဲ့ ပျော်ရွှင်နေလေရဲ့။
ညီမလေး ဘဝတလျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။ 

လေးစားစွာဖြင့်
လရိပ်အိမ်

10 comments:

  1. အားမငယ်ပါနဲ့လေ ဘ၀တူတွေပါပဲ
    နှလုံးဆေး သွေးတိုးဆေး အစာအိမ်ဆေး အဲတာမဖြစ်မနေနေ့တိုင်းသောက်ရတာ နှလုံးဆေးက
    တနေ့ ၂ ကြိမ် အစားအိမ်ဆေး အစားစားတိုင်း
    သွေးတိုးဆေး တနေ့ တကြိမ်
    ဒီကြားထဲ ဘယ်လက်ရောင်ပြီးတထောင်ဆစ်နားက
    အကြောမှန်းမသိ အရိုးမှန်းမသိ နာတာကလဲ နေ့တိုင်းဆေးလိမ်းရသေးတယ် ဒါကြောင့်မို့ ညီမလေးလရိပ်ရေ အားတင်းထားနော်
    ပညာတတ်ရုပ်ချောပြီး ပိုက်ဆံချမ်းသာတဲ့လူထက်
    ကျန်းမာရေးကောင်းတဲ့သူထက် အခု အရမ်းအားကျမိတယ်


    ReplyDelete
  2. မမရေ ... ကျန်းမာရေး အထူးဂရုစိုက်ပါနော် ... စိတ်လည်း မညစ်ပါနဲ့ ... အရမ်းခံစားလွန်းရင် စိတ်ကြောင့် ကျန်းမာရေးပိုထိခိုက်တယ် ...

    ReplyDelete
  3. ကျန်းမာရေးကိုတော့ ဂရုစိုက်ပါဗျာ
    မေတ္တာဆိုတာကတော့ ရောင်ပြန်ဟပ်ပါတယ်။

    ReplyDelete
  4. ဟယ် နာ့အမရယ် ...
    ကျန်းမာရေးကို အထူးဂရုစိုက်ပါဟယ်...
    မိုးနတ်လဲ ဦးလေးတစ်ယောက် ၂လလောက်ဆေးရုံ
    တက်နေရတာ မြင်မှ ကျန်းမာရေးကို အရမ်းအရေး
    ကြီးမှန်းသတိထားမိတာ..ခု သူတောင် ဆေးရုံက
    ဆင်းရသေးဘူးးးးးးးးးး
    မ ရယ်...ညလေးစိတ်ပူရအောင်မလုပ်ပါနဲ့ဟယ်..
    နောက်ပြီးတော့ ဟိုညီမလေးကိစ္စဆိုတာလဲ
    စိတ်ထဲ အရမ်းကြီးမခံစားပါနဲ့...အကိုမင်းဧရာကြီး
    ပြောသလို မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်ပါတယ်
    အဲဒါကြောင့် ကိုယ့်ကျန်းမာရေးကိုသာ သေချာ
    ဂရုစိုက်ပါနော် :)
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  5. ကျန်းမာရေး ဂရုစိုက်နော် မမလရိပ်.. ကန်ဒီသာ အဲ့လောက်ဆေးတွေသောက်ရရင် သွားပြီ လူက ဆေးကြောက်တယ်ဆိုတော့ >.<

    ReplyDelete
  6. လရိပ်လေးရေ..

    ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါ။
    စိတ်ထောင်းတော့ ကိုယ်ကြေတဲ့။ သိတယ်
    မို့လား။အဲတော့ အဓိက စိတ်ချမ်းသာအောင်
    နေပါ။ ညီမလေးက မွေးစားမှာလက်မခံလို့
    ဒီလောက်စိတ်ထိခိုက်နေမယ်ဆိုရင်
    မကြီးလွမ်းကိုမွေးစားလိုက်ပါလားဟင်။ အနစ်
    နာခံပါမယ်။ အဟဲ....

    ချစ်ခြင်းအားဖြင့်
    မကြီးလွမ်း

    ReplyDelete
  7. နေမကောင်းတာကတော့ ညီမလေးကြောင့်မဟုတ်ပါဘူးး။ တော်ကြာစာလာဖတ်ပြီး စိတ်ကောက်တော်မူဦးမယ်။ ဖတ်တောင်ဖတ်ပြီးပြီလားမသိ။ မမန့်ချင်လို့ပြန်သွားတာဘဲဖြစ်မယ်။
    မကြီးလွမ်းကို မွေးစားမယ် ၊ ဒါကျတော့ ညီမလေးနဲ့မတူပြန်တော့ဘူး။ မကြီးလွမ်းက အမဖြစ်သွားပြီလေ။

    ReplyDelete
  8. ဟီးဟီး အသူသိနေတယ်နော်.
    ကျန်းမာရေးလဲဂရုစိုက်နော် မမ

    ReplyDelete
  9. လရိပ်ရေ ကျန်းမာပါစေနော်.. ညီမလေးပဲလိုချင်တာလား မမဆိုရင်ရော မမွေးစားချင်ဘူးလား စိတ်ဝင်စားရင် မမ ရှိတယ်နော်... :)

    ReplyDelete
  10. သြော်..ဖြစ်ရမယ်။
    ကျနော့်ကိုညလေးအဖြစ်မွေးစားပါလား။
    ကျနော့်က မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့တော့
    မပြည့်စုံဘူးးးးး)
    စတာပါနော်။ ဘာဖြစ်ဖြစ် အားမငယ်ပါနဲ့။ အရာရာအဆင်ပြေပါစေ။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်