တန်ဖိုးထားခြင်း၏နောက်ကွယ်တွင်.....ပိုစ့် ကိုဖြုတ်ထားပါတယ်။
ကိုယ့်အပေါ်ဒီလိုလုပ်ထားပေမဲ့ ကိုယ်က လူတစ်ယောက်ကို အပုတ်ချသလို ရေးထား ၊ သူ့ရဲ့အီးမေးကိုလဲ ကိုယ့်ဟာမှတ်ပြီး တင်လိုတင်(လူ့စည်းကမ်းကိုဖောက်ဖျက်နေသလို)ဖြစ်နေတဲ့အတွက်ကြောင့် မတင်ချင်တော့လို့ပါ။(ဖတ်ပြီးသွားသောသူများ ၊ သူ့ကိုသံယောဇဉ်ရှိနေသေးတယ်လို့တော့ မထင်စေချင်ပါ)
ကွန်မန့်ပေးခဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်။
ဒါကြောင့် ကိုဏီလင်းညို နဲ့အမေးအဖြေလုပ်ထားတာလေးရယ် ၊ ကဗျာလေးရယ် ကိုဘဲ ပြန်တင်လိုက်ပါတယ်။ ကွန်မန့်ပေးသွားသူများကိုလဲလေးစားတဲ့အနေနဲ့ကွန်မန့်တွေပြန်တင်ပေးလိုက်ပါတယ်။
မေးသူက ဘလော့ဂါလရိပ်အိမ်ဖြစ်ပြီး ဖြေသူက သက်တံဆယ်စင်းမှဘလော့ဂါစာရေးဆရာ ကိုဏီလင်းညို ဖြစ်ပါတယ်။
သူငယ်ချင်းနဲ့ မိတ်ဆွေ ဘာကွာလဲ။ ကျေးဇူးပြုပြီးဖြေပေးပါ။
သူငယ်ချင်းဆိုတာ... ငယ်ငယ်လေးကတည်းက အတူတူ ယှဉ်တွဲကြီးပြင်းပြီး ရင်းနှီးခင်မင်ခဲ့တဲ့သူလို့ ကျွန်တော်ထင်ပါတယ်...
မိတ်ဆွေကတော့ ကြီးမှ တွေ့ဆုံခင်မင်ကြတဲ့ သူမျိုးတွေလို့ ယူဆမိတယ်...
အဲ့ဒီတော့ ရင်းနှီးတဲ့ နက်ရှိုင်းမှုပမာဏတစ်ခုတော့ ကွာမယ်ထင်ပါတယ်...
ဒါဆို ဒီမိတ်ဆွေတွေကို သူငယ်ချင်းလိုပေါင်းလို့မရဘူးေ ပါ့ အဲလိုလား
အဲ့ဒီလိုလည်း မဟုတ်ပြန်သေးဘူးဗျ...
ရင်းနှီးတဲ့ နက်ရှိုင်းမှုပမာဏတစ်ခုရောက်ရင် သူငယ်ချင်းလုပ်လို့ရပြီပေါ့ အဲလိုလား
ဟုတ်တယ်...
ကျွန်တော်ဆိုလည်း...ငယ်သူငယ်ချ င်းတွေ ရှိခဲ့တယ်...။
ပြည်ပထွက်ဖြစ်တော့ ဝေးသွားတယ်...
သူတို့နဲ့ပြန်တွေ့တဲ့အချိန်မှာ အခြေအနေ၊ အတွေးခေါ်ယူဆပုံတွေ နည်းနည်း ကွာသွားတယ်...
ဒါပေမယ့် စိတ်ထဲမှာ သူတို့ကို နေရာပေးနေမိဆဲပဲ
ကြီးမှတွေ့ဖြစ်ကြပေမယ့်လည်း... တစ်ယောက်နဲ့တစ်ယောက်ကြားမှာ၊ နားလည်မှုတွေ အားကောင်းလာတာနဲ့အမျှ၊ သူငယ်ချင်းတွေလို ခင်မင်လာနိုင်တာပဲလေ...
ပြောရင်းနဲ့ ရှုပ်ကုန်ပြီထင်တယ်... :D
ဟင့်အင်း မရှုပ်ပါဘူး။ သဘောပေါက်သွားပြီ။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့
နောက်တစ်ခုမေးချင်တယ်။ ဒီလိုမိတ်ဆွေတွေကို ကိုယ့်ဘက်က သူငယ်ချင်းလို သဘောထားပေမဲ့ သူ့ဘက်က မိတ်ဆွေလိုသဘောထားတော့ နားလည်မှုတွေလွဲတတ်တာပေါ့ ဟုတ်လား
ကိုယ့်အပေါ်မှာ မနက်ရှိုင်းတဲ့ မိတ်ဆွေတွေကို ကိုယ်က သူငယ်ချင်းလို့ သဘောထားမိရင်... ထားမိတဲ့သူဟာ... စိတ်ပင်ပန်းရမှာ အမှန်ပါပဲ
ဟုတ်ကဲ့ခုလိုဖြေပေးတဲ့အတွက်
အများကြီး ကျေးဇူးတင်ပါတယ်ကိုဏီလင်းညို
လရိပ်ရေးထားတဲ့ ကဗျာ ပါ။
လူကြီးမိတ်ဆက်ပေးတိုင်း
သူငယ်ချင်း
မဖြစ်ရတော့ဘူးလား။
သူငယ်ချင်း မဟုတ်ရင်
နင်ကဘာကိုထင်တာလဲ။
ငါကတော့
လူကြီးမိတ်ဆက်ပေးတာ
သူငယ်ချင်းလို့ဘဲထင်ခဲ့တာ။
တကယ်တော့
ဒါဟာ
မိတ်ဆွေတဲ့။
ငါဟာ နင့်ရဲ့
သူငယ်ချင်း
မဟုတ်ဘူးဆိုတာ
သိပါပြီ။
သူ့ဘက်က
မိတ်ဆွေလဲ
မဟုတ်ဘူးဆိုဘဲ။
မိတ်ဆွေမကျ
သူငယ်ချင်းမကျသူနဲ့
ဆက်ဆံရတာ
ငါဘာဖြစ်သွားပြီလဲ။
ရင်ထဲမှာ တကယ်
ထိခိုက်မိပါတယ်။
လေးစားစွာဖြင့်
လရိပ်အိမ်
ကွန်မန့်တွေ
ရိုးမြေကျ said...
ရှည်ရှည်ရေးထားလိုက်တာ..၊
သူငယ်ချင်း လို့  သတ်မှတ်ရင်လည်းသူငယ်ချင်း
ပေါ့ ၊ သူဘယ်လိုပဲ ပြင်ပြင် ကိုယ်မပြင်ပဲ
အခင်အမင်မပျက်နေလို့ ရမယ်ထင်တာပဲ။
မရေးတာ ကြာသွားလို့  တွေးတာလည်း
ချာ သွားနိုင်ပါတယ်နော..။
မေမေကမပေါင်းရဘူးဆိုတာတောင်ခိုးပြီးပေါင်းတယ်
ခုမှပဲ မိတ်ဆွေနဲ့ သူငယ်ချင်းဆိုတာလေးခွဲခြားပြီးမြင်လိုက်ရတယ်
ဖုန်းနံပါတ်ပြောင်းသွားပြီနော် နောက်ရက်ပေးထားအုန်းမယ်
အရင်နံပါတ်ပျက်သွားလို့ပါ
ချစ်တဲ့ sis jasmine
ယောက်ကျားလေးအချင်းချင်းအနေနဲ့ကြည့်ရင် ဒါဟာဘာမှမဖြစ်လောက်တဲ့ကိစ္စ။
လရိပ်မှာလဲ မိန်းကလေးသူငယ်ချင်း အဲလိုတွေရှိတာဘဲ။ ဒါပေမဲ့ ကိုယ်ကဒီလိုဘဲအောင့်အီးသည်းညည်းခံပြီးပေါင်းတယ်။ ကိုယ့်ကိုလာကြောတာသိရက်နဲ့ပေါင်းတာ။ အခင်အမင်မပျက်ချင်လို့လေ။
ခုက အဲလိုမဟုတ်ဘူးလေ ၊ လရိပ်ကမိန်းကလေး ၊ သူက ယောက်ကျားလေးလေ။ ကိုယ်ကသူငယ်ချင်းလိုဘဲဆက်ဆံတာ ၊ သူ့ဘက်က သူငယ်ချင်းလိုလဲမဆက်ဆံ၊မိတ်ဆွေလိုလဲ မဆက်ဆံတော့ လရိပ်ကခံစားတတ်တဲ့သူဆိုတော့ ဒီလိုအပြုအမူမျိုးတွေ လရိပ်မခံစားနိုင်ဘူး။ လရိပ်က စာရေးဆရာမဟုတ်သေးတော့စာရေးဆရာလိုတော့ မရေးတတ်တာအမှန်ပါ။ လရိပ်ဝတ္ထုရေးနေတာမဟုတ်ပါဘူး။လေဘယ်မှာလဲ ဝတ္ထုလို့မတပ်ထားပါဘူး။ လရိပ်ရဲ့မကျေနပ်ချက်တွေကို ဒိုင်ယာရီအနေနဲ့ဘဲရေးတာပါ။ စာအုပ်ထဲမှာမဟုတ်ဘဲ အင်တာနတ်မှာ ပေါ်တင်ရေးတဲ့အတွက် ယောက်ကျားလေးတွေဘက်ကကြည့်ရင် ဒီကိစ္စဟာမရေးသင့်ဘူးလို့ထင်ကြမှာအမှန်ဘဲ။
"သူဘယ်လိုပဲ ပြင်ပြင် ကိုယ်မပြင်ပဲ အခင်အမင်မပျက်နေလို့ ရမယ်ထင်တာပဲ။" လို့မိန်းကလေးဘက်က(ညီမလေးတစ်ယောက်အနေနဲ့) မခံစားပေးနိုင်ဘဲနဲ့ပြောဖို့မသင့်ပါဘူး။ ကိုယ်က သူငယ်ချင်းလိုဘဲ ဆက်ဆံပေမဲ့ သူ့ဘက်က သူ့ကိုလိုက်နေတယ်လို့ထင်မှာ အမှန်ပါဘဲ။ လရိပ်မကြိုက်တဲ့ယောက်ကျားလေးတစ်ယောက်(ဆရာဝန်)ကို အဲဒီဆရာဝန်က အဲလိုအနေနဲ့ထင်ရင် လရိပ်သိက္ခာကျတယ်လို့ခံစားရပါတယ်။ အဲဒါကြောင့် လရိပ်ဘက်က သူ့ကို သူငယ်ချင်းအနေနဲ့စွန့်လွှတ်ပါတယ်။
ခင်မင်မှုတစ်ခုထဲနဲ့ ပြန်ရကောင်းစေရယ်လို့
မသတ်မှတ်ပဲ ကူညီပေးသူ ...
ကိုယ့်အကျိုးကို အမြဲလိုလားတတ်သူ ...
မိမိကွယ်ရာမှာ ဖြစ်စေ ဘယ်သောအခါမှ
ကိုယ့်မကောင်းကြောင်း မပြောတတ်သူ ... ဟာ
မိတ်ဆွေစစ်တစ်ယောက်ရဲ့ ရှိသင့်တဲ့
ဂုဏ်အင်္ဂါတွေနဲ့ ညီညွတ်သူလို့
ကျွန်တော် အကြမ်းဖျင်း မှတ်သားဖူးပါတယ် ။
မိတ်ဆွေစစ်တွေရဲ့ မေတ္တာအရိပ်ကိုသာ
ထာဝရ ရရှိ ပိုင်ဆိုင်နိုင်ပါစေ ညီမလေး ။
လရိပ်ခံစားချက်လေးသေချာဖတ်သွားတယ် သူငယ်ချင်းကောင်းနဲ့ ဆုံစည်းနိုင်ပါစေ
မိတ်ဆွေနဲ့ သူငယ်ချင်းကွာခြားပုံကို ရှင်းရှင်းလင်းလင်းကြီးသိမြင်လိုက်ရပါပြီ ကျေးဇူးတင်ပါတယ် အခုလိုတင်ပြတဲ့အတွက် မမလရိပ်အတွက်လည်း တစ်ကယ်စိတ်မကောင်းဘူး ကျွန်တော်ကိုယ်ချင်းစာပါတယ်
ReplyDeleteပျော်ရွှင်နိုင်ပါစေနော် မမလရိပ်လေး
ခင်တဲ့(အိပ်မက်ကောင်းကင်)
သူငယ်ချင်းနဲ့ မိတ်ဆွေကွာခြားပုံလေး ဖတ်သွားတယ် လရိပ်ရေ။ လူအမျိုးမျိုး စိတ်အထွေထွေကြားမှာ ကိုယ့်စိတ်ကိုယ် မညှင်းဆဲမိစေဘို့ သတိထားရမယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အရင်ပိုစ့်ကို မဖတ်လိုက်ရတော့ နားမလည်တော့ဘူး @_@
ReplyDeleteပိုခင်တဲ့သူပိုချစ်တဲ့သူကပိုခံစားရတယ်နော်။
ReplyDeleteရယူလိုခြင်းကင်းတဲ့ချစ်ခြင်းမျိုးက
ဘယ်နေရာမှာဖြစ်ဖြစ်အသင့်တော်ဆုံးပါပဲ။
ပထမပို.စ်ကိုမဖတ်ရတော့သိပ်တော့မသိဘူး။
ဘာပဲဖြစ်ဖြစ်တခုတော့ရသွားတယ်။သူများပေါ်ထားမယ့်စိတ်
အလည်ေ၇ာက်ခဲ့ပါတယ်
ReplyDeleteစာေ၇းကောင်းတာလေးတွေဖတ်ခဲ့၇တယ်။
စိတ်ေ၇ာကိုယ်ပါကျန်းမာချမ်းသာပါစေ
မိုးနတ်လဲ ဒီပို့စ်လေးကို ဖတ်ပြီးမှပဲ
ReplyDeleteသူငယ်ချင်းနဲ့ မိတ်ဆွေကို ကွဲပြားသွားတော့တယ်..
မိုးနတ်လဲ သူငယ်ချင်းအပေါင်းအသင်းမင်သူပါပဲ...
ချစ်တဲ့ မိုးနတ်
အမေးအဖြေလေးကိုလည်း သဘောကျတယ် ... တစ်ခါတစ်ရံ မှာပေါ့.... မေတ္တာဆိုတာ အသွားအပြန်ရှိတယ် ဆိုတဲ့ စကားကို မယုံကြည်ဘူး....
ReplyDeleteကျွန်တော်နဲ့နည်းနည်းတော့သဘောထားကွဲလွဲမယ်ထင်တယ်။ငယ်ငယ်ကတည်းကခင်တာကငယ်သူငယ်ချင်းပါ။တက္ကသိုလ်တက်ရင်းခင်တဲ့သူငယ်ချင်းတွေကလည်းသူငယ်ချင်းပါပဲ။ကျွန်တော့်အယူအဆဆိုရင်ခင်မင်ရတဲ့ကာလပိုပြီးကြာမယ်။ရင်ဘတ်ချင်းပိုနီးမယ်ဆိုရင်သူငယ်ချင်းပဲ။မိတ်ဆွေဆိုတာကကျတော့နည်းနည်းပိုဝေးတယ်။ရင်ဘတ်ချင်းနီးချင်မှနီးမယ်။ဒါပေမဲ့လိုအပ်ရင်ကူညီချင်လည်းကူညီမယ်။ဘာသိဘာသာနေချင်လည်းနေမယ်။အဲဒါမိတ်ဆွေ။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်လေ့လာသွားပါတယ်။လင့်ချိတ်လိုက်ပါတယ်။ခွင့်ပြုမယ်လို့မျှော်လင့်ပါတယ်။
ReplyDelete