ပေါ့ပျက်ပျက်အချစ်တွေနဲ့
ငါ့နှလုံးသားကို
မလှည့်စားပါနဲ့တော့လား
သူ့အတွက်နဲ့ကျခဲ့ရတဲ့
မျက်ရည်တွေမနဲတော့ပါဘူး။
သင့်မှာ
နူးညံ့တဲ့ နှလုံးသားရှိရင်
ငါ့ ရင်ခွင်ထဲ
ခဏလောက်တော့
ဝင်ကြည့်ခဲ့ပါ။
နင်နဲ့ငါကြားက
ဆက်ဆံရေးတွေက
ဒီလောက်တောင်
စုတ်ပြတ်နေပြီလား။
ဆက်ဆံရေးက
စုတ်ပြတ်သတ်ရုံဘဲ
ဒါပေမဲ့
ငါ့နှလုံးသားက
ဖာထေးလို့မရအောင်
ပေါက်ပြဲနေပြီ။
နင့်နှလုံးသားက
အမြဲအနိုင်ရသူလေ။
ငါက နင့်ရဲ့နှလုံးသား
ဟိုး အောက်ဆုံးမှာ
ကျွံနေလို့
ခြေထောက်နဲ့ခွပြီး
ကျော်တက်ရမလား
ဓားနဲ့ခွဲပြီး
ထွက်လာရမလားလို့
စဉ်းစားနေမိတယ်။
နင့်ရဲ့
နှလုံးသားအောက်ဆုံးမှာ
ကျွံနေရတဲ့အကြောင်းက
ငါ့ပေါ်ကို ငါ့ထက်
သံယောဇဉ်ရှိတဲ့သူကို
နင့်နှလုံးသားထဲမှာ
ထည့်ထားလို့ပေါ့။
နှလုံးသားကို
သိမ်းပိုက်သွားသောသူများ
တဆိတ်လောက်တော့
ထွက်ပေါက်ခွင့်လေး ..... ပေးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်
ထွက်ပေါက်လေးရှာတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ကဗျာလေး ကောင်းတယ် ။
ReplyDeleteထွက်ပေါက်ရစေဗျား။ ပေါက်ပြဲနေတဲ့ နှလုံးသားလေးအပ်ချည်နဲ့ချုပ်ပေးမယ်နော်။
ReplyDeleteနှလုံးသားကို သိမ်းပိုက်သွားသူများ
ReplyDeleteထွက်ပေါက်ခွင့်ပေးပါ..........
တခါတလေလဲ ထွက်ပေါက်မရှိတဲ့ကျည်းထဲကျပ်ထဲဘ၀က
အရသာရှိနေတတ်တယ်နော်လရိပ်ရေ...................
မန့်လို့မရဘူးလို့ ပြောကြလို့ စမ်းသပ်ကြည့်တာပါ။
ReplyDeleteကောင်းသောထွက်ပေါက်တွေ့ နိုင်ပါစေကွယ်
ReplyDeleteကျဉ်းထဲကြပ်ထဲရောက်သူတိုင်းမှာ ထွက်ပေါက်ဆိုတာ ပေါ်လာစမြဲမို့ တောင်းတတဲ့အတိုင်း ထွက်ပေါက်လေးအမြန်ဆုံးရပါစေနော်။
ReplyDeleteကဗျာလေးအားပေးသွားတယ် လရိပ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရင်နဲ့ရင်းပြီးမွေးဖွားလိုက်တဲ့ ကဗျာလေးကို
ReplyDeleteရင်နဲ့ ရင်းပြီး ခံစားခဲ့ပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ လရိပ်အိမ် ။
နှလုံးသားကို
ReplyDeleteသိမ်းပိုက်သွားသောသူများ
တဆိတ်လောက်တော့
ထွက်ပေါက်ခွင့်လေး ..... ပေးပါ။
လာရောက်အားပေးသွာတယ်။
မကြီးလွမ်း
ကဗျာကောင်းလေးကို လာရောက်ခံစားရင်း
ReplyDeleteနှစ်သစ်မှာစိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မမလရိပ်ရေ
ခင်တဲ့(အိပ်မက်ကောင်းကင်)
မသေချင်ဘူးနှလုံးသားထဲမှာမွန်းကျပ်ပြီးတော့ပေါ့
ReplyDeleteမသေချင်ဘူးနှလုံးသားထဲမှာမွန်းကျပ်ပြီးတော့ပေါ့
ReplyDeleteကဗျာကောင်းလေးကို မျှဝေခံစားခဲ့ပါတယ်
ReplyDeleteမမလရိပ်ရေ....ကဗျာလေးက တော်တော်
အဓိပ္ပါယ်ရှိတယ်နော်...:)
ခင်တဲ့...မိုးနတ်