Tuesday, December 4, 2012

လိုက်လေ........ ဝေးလေ


ကိုယ့်ဘက်က စပြီးချစ်ရတဲ့
တစ်ယောက်သောသူကို
ဘယ်တော့မှလဲ မမျှော်နဲ့
ဘယ်တော့မှလဲ ချစ်ဖို့မကြိုးစားနဲ့။

သူတစ်ခုခုပြောတိုင်း
ကိုယ်ခံစားရတယ်။

ငါ နင့်ကို
တကယ်တော့
မချစ်ခဲ့တာ မဟုတ်ဘူး။
မသိစိတ်ကချစ်ခဲ့ပြီး
သိစိတ်မှာမုန်းနေမိတာ။

အမုန်းမရှိတဲ့
အချစ်မရှိတဲ့
နှလုံးသားမပါတဲ့သူ
ဖြစ်ချင်တယ်။

ဒါမှ
ငါ့နှလုံးသားမှာလဲ
ဒဏ်ရာဆိုတာ
မရှိတော့ဘူးပေါ့။

ဒဏ်ရာမရှိရင်
ခွဲစိတ်စရာလဲ
မလိုတော့ဘူး။

ခုတော့
ငါ့မှာ နှလုံးအတုနဲ့
အသက်ဆက်ရှင်နေရပါလား။

နှလုံးအတုနဲ့ဆိုရင်တော့
အချစ်တု အမုန်းတုတွေများ
ထွက်ပေါ်လာမလားဘဲ။

အချစ်စစ် အချစ်မှန်
မရှိအောင်
နင်လုပ်ခဲ့တာဘဲလေ
ခုချိန်မှာ
ငါဘာတတ်နိုင်မှာလဲ။

I Miss U လို့
မပြောဖြစ်တာ
ကြာခဲ့ပေမဲ့
ငါခုထိ နင့်ကို
လွမ်းဆဲပါဘဲ။

သတိရခြင်း
တမ်းတခြင်း
လွမ်းဆွတ်ခြင်းတွေ
ခံစားရခြင်းမှ 
ကင်းလွတ်ခွင့်ရချင်တယ်။

အလွမ်းတွေရယ်
ချုပ်ငြိမ်းပေးပါတော့နော်။


လေးစားစွာဖြင့်
လရိပ်အိမ်

12 comments:

  1. ဟုတ်တယ် တခါတလေ နှလုံးသားမပါတဲ့သူဖြစ်ချင်တယ်

    ReplyDelete
  2. ပုထုဇဉ်လူသားစစ်စစ်မို့ အချစ် အမုန်းတွေ ရှိနေအုံးမှာပဲ လရိပ်ရေ။ ရင်တွင်းဖြစ်ကဗျာလေး အားပေးသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကဗျာလေးကတိုက်ဆိုင်မှုရှိလို့လားမသိဘူး ကဗျာလေးကိုဖတ်ရတာ စိတ်ထဲမှာတစ်မျိုးကြီးပဲ
    ဟုတ်တယ် ကိုယ်ချစ် ထက် သူချစ်ကမှပိုကောင်းတာ
    မမစံပယ်ပြောသလို တစ်ခါတစ်လေ နှလုံးသားမပါတဲ့သူဖြစ်ချင်မိတယ်
    ပျော်ရွှင်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  4. အလွမ်းများချုပ်ငြိမ်းစေသတည်းးးး

    ReplyDelete
  5. မြိုသိပ်ထားရတာကပိုပင်ပန်းစေတယ်သူငယ်ချင်းရေ

    နှလုံးသားကိုတခါတလေလဲ အပြစ်တင်မိပါရဲ့

    သူ့ဟာသူဟန်ဆောင်နေရရှာတယ်လို့လေ့

    ဖြစ်တတ်တဲ့သဘောလေးပါ ကဗျာကောင်းလေးပဲ

    ReplyDelete
  6. အချစ်ဆိုတာကတော့ ဒီလိုပါဘဲလေ...

    ReplyDelete
  7. အစ်မလရိပ်နော်။ ထိထိမိမိပိုင်ဆိုင်တာလေးဆိုလို့ ချစ်နေခွင့်လေးပဲရှိတာပါ။ အဲတာကို ဘယ်တော့မှချစ်ဖို့မကြိုးစားနဲ့လို့ပြောတော့ ဒီလူဘယ်လိုနေရမှာလဲ။

    ReplyDelete
  8. အဲဒါကိုယ့်ဟာကိုပြောတာ ညီမလေး ရိုးမြေကျ။

    ReplyDelete
  9. တိပါဝူး။ညလေးကညလေးကို စောင်းပြောနေတာလားလို့

    ReplyDelete
  10. လွမ်းတတ်တဲ့ မမလရိပ် :D :D

    ReplyDelete
  11. ကဗျာလှလှလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

    ကဗျာဆိုတာ အရင်းအနှီးကြီးပါတယ် ။

    ရင်နဲ့ရင်းခဲ့ရတာမို့

    ကျွန်တော် ကဗျာတိုင်းကို တန်ဖိုးထားပါတယ် ။

    ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

    ReplyDelete
  12. လရိပ်လေး..

    ချစ်တတ်
    လွမ်းတတ်
    ခံစားပြနေပါလား။
    တရားသဘောနဲ့ကြည့်
    အပုပ်ကောင်တွေပါကွယ်...အဟီးးးးးး
    အဲဒီတော့ ချစ်မလား မုန်းမလား လွမ်းမလား...
    အားပေးတွားတယ် လရိပ်လေးရေ

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်