Wednesday, March 14, 2012

ဆေးဖက်ဝင်အာနိသင်ရှိသော ဒူးရင်ဩဇာ(soursop)၏အကျိုးကျေးဇူးများ


ဒူးရင်းဩဇာသည် အရသာအရှိဆုံးအသီးဖြစ်သည်။

ဒူးရင်းဩဇာကို မရင့်မှည့်ခင်ခူးဆွတ်ရပါသည်။ ရင့်မှည့်ပြီးပါက သူ့အလိုလိုအောက်သို့ပြုတ်ကျသွားသောကြောင့်ဖြစ်သည်။ ထိုသို့အောက်သို့ပြုတ်ကျသွားပါက အသီးသည် အညိုအမဲစွဲသွားပြီးမကောင်းတော့
ပါ။

အခွံသည် ပါးပြီး ကတော့ပုံသဏ္ဍာန်ရှိသော နံရိုးနုငယ်လေးများဖြင့်ဖုံးအုပ်ထားသည်။

သစ်သီး၏အသားပိုင်းသည် အဖြူရောင်ဖြစ်ပြီး အရည်ပါဝင်မှုနှုန်းများသည်။

နှစ်လိုဖွယ်အရသာရှိပြီး အထဲရှိ အမဲရောင်အစေ့ကိုစားလို့မရပါ။

ဒူးရင်းဩဇာတွင်အစေ့နဲပါးသောအသီးမှာရှားပါးလှသည်။

ဒူးရင်းဩဇာသည် အရသာရှိပြီးကျန်းမာရေးအတွက်ကောင်းရုံသာမက အစာအိမ်ရောဂါအစရှိသော ရောဂါငယ်မှအူထဲရှိကပ်ပါးပိုးအထိ ရောဂါအမျိုးမျိုးကို ကုသရာတွင်ဆေးဖက်ဝင်သည်။

အစေ့သည် အအန်ပျောက်စေသော ဂုဏ်သတ္တိပါဝင်သည်။

အရွက်၏အရည်သည် ခေါင်းပေါ်မှသန်းများကို ဖယ်ရှားပေးသည့်အပြင် ရောင်ရမ်းခြင်းကိုလျှော့ကျစေသည်

လတ်ဆတ်သောအရွက်များသည် အရေပြားအပူလောင်ခြင်းကို လျင်မြန်စွာသက်သာအနာကျက်စေသည်။

အပင်၏အခေါက်သည် အဆိပ်အတောက်ကိုဖယ်ရှားပေးသည်။

ဒူးရင်းဩဇာ၏အပွင့်များသည် လည်ချောင်းထဲတွင်ချွဲများလွန်ကဲများပြားနေခြင်းကို လျှော့နဲစေသည်။

စိစိညှက်ညှက်ကျေအောင်ချေထားသော အရွက်များသည် ဝဲနှင်းခူရောဂါကိုသက်သာပျောက်ကင်းစေသည်သာမက အရေပြားပြသနာအမျိုးမျိုးကိုပျောက်ကင်းစေသည်။ 

လေးစားစွာဖြင့်
လရိပ်အိမ်

3 comments:

  1. ဒူးရင်းသြဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်အာနိသင်တွေ ဖတ်သွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. where can we get that soursop. is it availabe in yangon ? i have never seen or heard of it.

    ReplyDelete
  3. It is availabe in yangon. It gets in summer( MARCH AND APRIL).

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်