ကီဝီသီးသည်အာဟာရဓာတ် မြောက်များစွာပါဝင်သည်။ သူ့ကိုလူနည်းစုများကသာနှစ်သက်ြ
ကသည်။
ကီဝီသီးသည်လိမ္မော်သီးထက်ဗီတာမင်
စီပါဝင်မှုပိုများသည့်အပြင် ပန်းသီးထက်အမျှင်ပါဝင်မှုပိုများ
သည်။
ကီဝီသီးသည် ငှက်ပျောသီးထက် ပိုတက်စီယမ်ဓာတ် ကြွယ်ဝသောကြောင့် သွေးတိုးရောဂါဖြစ်ပွါးမှုကိုကာကွ
ယ်ပေးသည်။
ထို့အပြင် ကီဝီသီးသည် အစာချေစွမ်းအားမကောင်းသောသူများ
အတွက် အဖိုးတန်သောအသီးတစ်လုံးဖြစ်သည်။ အမျှင်ဓာတ်အများဆုံးပါဝင်ပြီး ထူးခြားသောကော်ဓာတ်ပါဝင်သည့်အတွ
က် ဝမ်းပျော့စေသည်။
နယူးဇီလန်ရှိ ငှက်များ၏ကီဝီနာမည်ကိုအစွဲပြူ၍ ကီဝီသီးဟုခေါ်ခြင်းဖြစ်သည်။
ကီဝီသီးသည်အမွှေးအမျှင်ထူပြီး အညိုရောင်အခွံနှင့် အသားမှာ အစိမ်းရောင်၊ အထဲတွင်အဖြူရောင်တစ်လွှာနှင့်စား
လို့ရသောအမဲရောင်အစေ့နှင့်ကာရံ
ထားသည်။
ကီဝီသီးစိုက်ပျိုးသောနိုင်ငံမျာ
းမှာ အမေရိကန် ၊ ပြင်သစ် ၊ စပိန် ၊ အီတလီ ၊ အစ္စရေး ၊ ချီလီ ၊ ဩစတြေးလျ ၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံတို့ဖြစ်သည်။
ကီဝီသီးကို ဧပြီမှဒီဇင်ဘာလ အတွင်းဝယ်ယူရရှိနိုင်သော်လည်း အများဆုံးမှာ ဇွန်မှအောက်တိုဘာလထိဖြစ်သည်။
ကီဝီသီးတွင် အမျိုးအစား ၁၀မျိုးနီးပါးရှိသည်။ ယေဘူယျအားဖြင့် ဈေး ၊ စူပါမားကက်များတွင်ဝယ်ယူရရှိနို
င်သောအမျိုးအစားများမှာ ကြီးပြီးချိုသော အစိမ်းရောင်ကီဝီနှင့် ရှားပါးသောအဝါရောင်ကီဝီတို့ဖြစ်
သည်။ အဝါရောင်ကီဝီသည် အနည်းငယ်သေးပြီးအချိုအရသာပြင်း
ကာ ကြေးနီရောင်အခွံနှင့်အဝါရောင်
အသားကိုပိုင်ဆိုင်ထားသည့်အသီြး
ဖစ်သည်။
ကီဝီသီးသည် ဗီတာမင်စီ၏အကောင်းဆုံးအရင်းအြ
မစ်ဖြစ်ပြီး အထူးသဖြင့်အသက်ရှုလမ်းကြောင်းဆို
င်ရာပြသနာများဖြစ်သော ချောင်းဆိုးရင်ကျပ်ခြင်း ၊ အသက်ရှုမဝခြင်းများကိုသက်သာစေသည်
။
ကီဝီသီးသည် အမျှင်ဓာတ်များ၏မြစ်ဖြားခံရြာ
ဖစ်ပြီး အူလမ်းကြောင်းနှင့်ပတ်သက်သော အထူးသဖြင့် ကင်ဆာများဖြစ်နိုင်မှုကိုလျှော့
ချပေးရာတွင်အသုံးဝင်သည်။ ကိုလက်စထရောများကို လျှော့ချပေးသည့်အပြင်နှလုံးသွေး
ကြောရောဂါများနှင့် နှလုံးကြောင့် ရုတ်တရတ်မေ့မြောမှုကို လျှော့ချပေးသည်။
အဆီကျလားဟင်...
ReplyDeleteကီဝီသီးကိုကြိုက်တယ် အရမ်းမချိုလို့ ချိုဆိပ့်နေတဲ့အရာဘာမှမကြိုက်လို့
ReplyDeleteတခါတလေတော့ စားဖြစ်တယ်
တခြားအသီးထက်နောက်ဆိုသူ့ကိုပိုစားရမယ်
ခင်မင်တဲ့ sis jasmine
အဆီကျမကျတော့သိဘူးကွ။ အအေးတော့မမိတတ်ဘူး။
ReplyDeleteကီဝီသီးကိုအရမ်းကြိုက်တယ်....။ သူက အာနိသင်တွေများတာကိုးး ဒါကြောင့် ဈေးကြီးပေးရတာ...။အဖိုးတန်အသီးလေးအကြောင်းပြောပြလို့ ကျေးဇူး...။
ReplyDeleteမမ ကြိုက်တယ်... လရိပ်....ကျေးကျေး
ReplyDelete