Monday, February 4, 2013
လရိပ်အတွက်မွေးနေ့ ဆုတောင်း
နေမင်းရဲ့လင်းရောင် ဖြာဖြာကျတဲ့ချိန်
မြူနှင်းတို့ ဝေးရာပြေးတဲ့ချိန်
ဒီအချိန်
အလင်းစက်ကြောင့်
နှင်းရည်တွေ စိုစွတ်ဖို့ခက်နေလေရဲ့
ဟိုအဝေးမှာပေါ့
ပူသလို အေးသလိုနဲ့ စိတ်တွေကိုမြူတဲ့
ဒီအချိန် ဒီရာသီ
လောကအလည်
ရောက်လာတဲ့
လရိပ်
ရင်ကိုငြိမ်းအေးစေတဲ့ အမည်
ပူနေတဲ့ လူကိုငြိမ်းအေးစေတဲ့ လရိပ်
ညအမှောင် ထွန်းလင်းစေတဲ့ လရိပ်
အနေအေးပြီး အဖော်မင်တဲ့ လရိပ်
သူမရဲ့ မွေးနေ့
ကျွန်မ ၀ိုင်ပုလင်းမပို့နိုင်ဘူး
ကိတ်မုန့် မပို့နိုင်ဘူး
ဒါလဲပဲ လရိပ် စိတ်မဆိုးပါတဲ့လေ
ဒီနေ့-ဒီအချိန်မှ စ၍
ဘ၀ရဲ့ ခက်ခဲမှုတွေ
အားလုံးအောင်မြင်ပြီး
ရည်မှန်းချက်တွေလဲပြည့်ဝပါစေ
ချစ်ရသူနဲ့အတူ
လက်တွဲ ခိုင်ခိုင်မြဲပါစေလို့
ဆုတောင်းရင်း
အချစ်များစွာဖြင့်
sis jasmine
Saturday, February 2, 2013
ညီမလေး ရိုးမြေကျ ရေးပေးသော ကဗျာ
http://yinnyein4yoe.blogspot.tw/2013/02/blog-post.html?showComment=1359777892256#c1671369024386791065
#သူတင်ပေးသော ကဗျာကို နဲနဲ ကွန်ပလိမ့်တက်လိုက်တာ စိတ်ကောက်သွားတယ်။ ဖျက်မယ်တကဲကဲလုပ်နေတာ။
ကုမ်ရာသီဖွားများ စိတ်ကောက်တတ်သလားလို့ စာရင်းကောက်ယူရမလိုဖြစ်နေပြီ။
မွေးနေ့ကဗျာကို စေတနာနဲ့တင်ပေးသောညီမလေးရိုးမြေကျ၏ စေတနာကို ဝေဒနာ ဖြစ်အောင်လုပ်မိတဲ့အတွက် မမ တောင်းပန်ပါတယ် ညီမလေးရေ။
လေးစားစွာဖြင့်
လရိပ်အိမ်
#သူတင်ပေးသော ကဗျာကို နဲနဲ ကွန်ပလိမ့်တက်လိုက်တာ စိတ်ကောက်သွားတယ်။ ဖျက်မယ်တကဲကဲလုပ်နေတာ။
ကုမ်ရာသီဖွားများ စိတ်ကောက်တတ်သလားလို့ စာရင်းကောက်ယူရမလိုဖြစ်နေပြီ။
မွေးနေ့ကဗျာကို စေတနာနဲ့တင်ပေးသောညီမလေးရိုးမြေကျ၏ စေတနာကို ဝေဒနာ ဖြစ်အောင်လုပ်မိတဲ့အတွက် မမ တောင်းပန်ပါတယ် ညီမလေးရေ။
လေးစားစွာဖြင့်
လရိပ်အိမ်
Tuesday, January 8, 2013
အကြောင်းကြားခြင်း
လရိပ် ခရီးသွားစရာရှိလို့ ဘာမှရေးဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့အကြောင်းလေးပြောချင်တာပါ။ ဒီလ၂၁ ရက်နေ့မှ ပြန်ရောက်ပါမယ်။ အစကတော့ နှစ်သစ်မှာ တင်စရာ တခုရှိတယ်။ လုံးဝမအားဘူးဖြစ်သွားလို့ပါ။ ကွန်ပြူတာမယူသွားတော့ တင်ဖြစ်မှာမဟုတ်ပါဘူး။ ဘယ်ဘလော့ကိုမှလဲ လည်နိုင်မယ်မထင်ပါ။ ပြန်လာမှဘဲလာလည်ပါတော့မယ်။ဒီစာကိုတောင်မှ ရတဲ့အချိန်လေးမှာ ရေးလိုက်တာပါ။
လရိပ်ဇန်နဝါရီ၂ရက်နေ့ ဆေးထိုးပြီးပြန်လာတည်းက နေလို့သိပ်မကောင်းဘူး။ လူကအားမရှိသလိုခံစားရတယ်။ ခရီးသွားမှာမို့ လက်ဆောင်ပစ္စည်းတွေဝယ်ရ၊ မြန်မာကနေလာတဲ့ မိတ်ဆွေတစ်ယောက်ကိုလဲ ကူညီရ၊ ပစ္စည်းတွေကိုလဲ ဘတ်ဂေ့ထဲထည့်ရ၊ ကောင်းကောင်းမအိပ်ရ။ မနေ့က ဆေးရုံမှာ သွား သွား ပြတယ်။ အမေ့အကိုရဲ့အမျိုးသမီး (လရိပ်အဒေါ်ပေါ့နော်) ကလဲ လရိပ်ပြတဲ့ဆေးရုံမှာ သွေးဖောက်ရမယ်တဲ့။ အဲဒါ ဆေးရုံနားမှာချိန်းထားတာ ၊ သူက MRT စီးဖို့လမ်းလျှောက်လာတာ လမ်းမှာ ချော်လဲပြီး ခြေထောက်ကျိုးသွားလို့ အရေးပေါ်ရောက်သွားတယ်။ လရိပ်က မနေ့ကညနေသွားကြည့်ချင်တာ ၊ လူက မနိုင်တော့ဘူး။ ပစ္စည်းကလဲထည့်ထားတာ ကီလိုကျော်နေတယ်။ အဲဒါပြန်လုပ်ရ။ ဒီနေ့သူက ခြေထောက်ခွဲရမယ်။ စတီးချောင်းထည့်ရမယ်။ အသက်ကြီးပြီဆိုတော့ အရိုးပွတာထင်တယ်။ ၃ ဆစ်လောက် ကျိုးသွားတယ်။ ဒီနေ့ညနေတော့ သွားကြည့်လိုက်မယ်။ ခရီးမထွက်ခင်လေး သွားကြည့်လိုက်မယ်။ အရမ်းစိတ်မကောင်းဖြစ်တာဘဲ။ စိတ်လဲပူတယ်။ မနက်အစောကြီးခွဲမှာဆိုတော့ လရိပ်မသွားနိုင်ဘူးဖြစ်နေတယ်။ အိပ်ချင်လို့။ ခု မနက် ၂နာရီထိုးပြီ။ ပင်ပန်းလွန်ပြီး အိပ်မပျော်ဖြစ်နေတယ်။
လေးစားစွာဖြင့်
လရိပ်အိမ်
Monday, December 31, 2012
သူနှင့်၂၀၁၂ နောက်ဆုံးရက်
ဒီနေ့သည် နှစ်တစ်နှစ်အကုန် ၊ နောက်တစ်နှစ်သို့ကူးပြောင်းမည့်နေ့ဖြစ်သည်။
သူဒီနေ့ဘာတွေလုပ်ခဲ့လဲ။ သူဒီနေ့ဆေးခန်းပြရန် ဆရာဝန်နှင့်ချိန်းထားသည်။ ညနေမှပြရမည်ဖြစ်သည်။
ဒီနေ့အမတစ်ယောက်လဲ သူပြသည့်ဆေးရုံတွင် ဆေးခန်းပြစရာရှိ၍ ဆေးရုံကြီးတွင် သူ တွန်ကင် အစောကြီးသွားယူပေးသည်။ အွန်လိုင်းတွင် တွန်ကင်ပြည့်နေပြီဖြစ်သည်။ မနက်အစောကြီးသွားယူနိုင်ရင်တော့ နံပတ်ရပါသည်။
ခါတိုင်းမနက် ၉နာရီခွဲ ၊ ၁၀နာရီထိအိပ်ဖြစ်သည်။ ညဆိုရင် သူအမြဲနောက်ကျမှအိပ်ဖြစ်သည်။ သူအိပ်မပျော်ပါ။ မနက်က ၅နာရီ၁၅မိနစ်ထရမည်ဖြစ်၍ မနေ့ညတော့ ၁၂နာရီကိုအတင်းအိပ်ပစ်လိုက်သည်။ အတင်းအိပ်တိုင်းအိပ်နိုင်သည်လို့မထင်ပါနှင့်။ မနေ့ကလဲ အစောကြီးထထားသောကြောင့်ဖြစ်သည်။ ကော်စကိုတွင် ပစ္စည်းသွားဝယ်စရာရှိသောကြောင့်ဖြစ်သည်။ သူခရီးသွားစရာရှိသည်။ သူငယ်ချင်းမှာထားသောပစ္စည်းများသွားဝယ်ရန်ဖြစ်သည်။ ဒီတစ်ပတ်သွားမဝယ်ရင်မမှီတော့။ သို့သော်သူ့တွင်ကတ်ပြားမရှိပါ။ ကတ်ပြားမရှိရင်ဝင်ခွင့်မရှိ။ ဦးလေးမှာ ကော်စကိုကတ်ရှိသည်။ ဦးလေးက အလုပ်တက်တော့ ဦးလေးအလုပ်နားတဲ့ရက်ဘဲသွားလို့ရသည်။
ဒီ၂ရက်တော်တော်အေးပါသည်။ ၈ဒီဂရီထိကျသည် ၊ မနေ့ကမိုးရွာသောကြောင့် စိမ့်ပြီးအေးသည်။ ဒီနေ့မိုးမရွာပါ ၊ သို့သော်လည်းအေးသည်။ ဒီနေ့၉ဒီဂရီပါ။
၂ရက်လောက်အိပ်ရေးမဝတော့ ၊ ဒီနေ့သူဘာဖြစ်သွားသလဲ။
ဆေးခန်းသွားပြပြီးပြန်လာတော့ ညနေ ၅ နာရီရှိပြီ။ အမှန်တော့ သူသွားလည်ချင်သေးသည်။ ဖိနပ်ပြတ်သွားသောကြောင့် အိမ်ကိုမအီမလယ်နှင့်ပြန်လာရသည်။ အဒေါ်က ဦးလေးခေါ်သောကုန်တိုက်ကို လိုက်သွားရမည်ဖြစ်၍အမှိုက်မပစ်နိုင်ပါ။ သူဖိနပ်ပြတ်နေတာနှင့်အတော်ပင်။ ရှိသမျှအိမ်ကအမှိုက်တွေအကုန်လွှတ်ပစ်မည်၊ရှိသမျှ ဖိနပ်အစုတ်တွေလွှတ်ပစ်လိုက်မည်။ ဒီနေ့ထီဆုကြီးထိုးထားသည်။အမှိုက်ကားက ည၆နာရီခွဲမှလာမည်။၅နာရီမှရောက်တော့အိမ်နားကကုန်တိုက်ကိုဝင်သည်။ ဖိနပ်ပြတ်နှင့်လျှောက်သွားကြည့်သည်။ အမှန်က သူ အိုဗာတင်းအေးအေးလေးသောက်ချင်သောကြောင့်သွားဝယ်ခြင်းဖြစ်သည်။ ကုန်တိုက်စမဝင်ထဲက တယ်လီဖုန်းရှာမတွေ့။ သူစိတ်ထင်တာ ဘတ်စကားပေါ်မှာကျန်ခဲ့ပြီ။ သူပြာသွားသည်။ အဒေါ်က အဲဒီဘတ်စကားနှင့်ဆက်လိုက်သွားပြီး ၈မှတ်တိုင်အရောက်တွင်ဆင်းရမည်ဖြစ်သည်။ အဒေါ်ကိုဖုန်းဆက်ရန်အတွက် သူအိမ်ပြန်မှဖြစ်မည်။ ဖိနပ်ပြတ်ကြီးနှင့်ပြေးသည်။ ပြေးရင်းနှင့်သူသတိရသွားသည်။ ဖုန်းကို သူ့အိတ်၏ဘေးအိတ်တွင်သူထည့်ထားသည်ဘဲ။ နှိုက်ကြည့်လိုက်တော့ ဖုန်းက ရှိနေသည်။ သူပျော်သွားသည်။
ကုန်တိုက်ဆက်ပတ်သည်။ ဝေဖာ ၁ ဗူး ၊ အိုဗာတင်းတစ်ဗူးဝယ်ပြီး အဝတွင် ထီးရောင်းနေ၍ သူကြည့်လိုက်သည်။ ပေါ့ပြီးသယ်ရလွယ်ကူသောထီးများကို သူကြိုက်သည်။ တစ်ချောင်းဝယ်လိုက်သည်။ ပိုက်ဆံအိတ်ကိုလက်တွင်ဒီတိုင်းချိတ်ပြီးကိုင်လာသည်။ ပြီးတော့ အိမ်ပြန်ရန် စက်လှေကားနှင့်အပေါ်တက်သည်။ အပေါ်ရောက်တော့ သူလိုချင်သောအနွေးထည်ကို ထပ်သွားကြည့်သည်။ ဈေးထပ်ကျသွားသည်။ ဝယ်သင့်မဝယ်သင့် သူမသိ ၊ ကြိုက်တာတော့ အရမ်းကြိုက်သည်။ ဒီတလောအကုန်အကျတွေအရမ်းများသည်။ သွားသွားကြည့်တာတော့ ၅ခါလောက်ရှိပြီ။ သူ့မှာ ၂ ဖက်ဝတ်လို့ရသောအနွေးထည်မရှိပါ။ ၂ဖက်ဝတ်လို့ရသောအနွေးထည်ကို သူလိုချင်နေခဲ့မိတာကြာနေပြီဖြစ်သည်။ ပိုက်ဆံအိတ်ဘေးချပြီး အင်္ကျီကို ဖြန့်ကြည့်လိုက်သည်။ ဈေးမေးသည်။ ဘယ်ရက်ထိလျှော့မလဲမေးသည်။ မနက်ဖြန် ထိဘဲလျှော့မည်တဲ့။ ပြီးတော့ သူထွက်သွားသည်။ အင်တာနက်အတွက်ဆောင်ရန် Bill ရောက်နေပြီဖြစ်သောကြောင့် သူ 7-11 မှာသွားဆောင်သည်။ ဆောင်မည်လုပ်တော့ သူ့လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကိုရှာသည်။ မတွေ့တော့ ၊ သူ တော်တော်ထူပူသွားသည်။ အထဲတွင် အင်တာနက်ဆောင်ရန် ပိုက်ဆံ ၊ ဆရာဝန်ပြရင် သုံးသောကတ် ၊ အရေးကြီးဆုံးက ပိုက်ဆံထုတ်သောကတ် ဒါတွေအကုန်လုံး အဲဒီပိုက်ဆံအိတ်ထဲမှာ။ သူ ထီးဆိုင်ကိုပြေးသည်။ အောက်ကို တစ်ခါဆင်းရသည် ၊ လူတွေက တော်တော်များသည်။ တိုးဝှေ့ပြီး သွားရသည်။ တောင်းပန်ပါတယ် သွားခွင့်ပေးပါ အော်သွားရသည်။ ထီးဆိုင်ရောက်တော့ ပိုက်ဆံအိတ်ကမရှိ။ ခေါင်းထဲမှာ တော်တော်စဉ်းစားလိုက်မှအဖြေပေါ်သွားသည်။ အင်္ကျီကြည့်သည့်ဆိုင်တွင်ဖြစ်ရမည်။ အပေါ်ကိုပြန်ပြေးတက်ပြန်သည် ၊ ရမှရပါတော့မလားစိတ်ပူမိသည်။ အင်္ကျီဆိုင်ရောက်တော့ အင်္ကျီပေါ်မှာမရှိတော့။ ဆိုင်ကကောင်လေးကိုမေးကြည့်သည်။ သိမ်းထားပါတယ်တဲ့၊ တော်ပါသေးရဲ့။ ကျေးဇူးအထပ်ထပ်တင်မိသည်။ ဟတ်ပီးနယူးရီးယားပါပြောသည်။
ချမ်းစိမ့်နေသောရာသီဥတုက သူ့အတွက် နွေရာသီဖြစ်နေသည်။ ချွေးတွေ အသားကုန်ထွက်နေသည်။ အင်တာနက်ခဆောင်ပြီးအပြန် အပြင်ကလေအေးတိုက်တာတောင် သူအိုက်နေသေးသည်။
အိပ်ရေးမဝလို့လား ၊ အမှိုက် ၆နာရီခွဲသွန်ရမှာလောနေလား မသိ။ သူဒီနေ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းလေး ရိုက်ခဲ့သည်။
သတင်းကောင်းပြောပါမည် ၊ အမှိုက်တွေအကုန်သွန်ပြီး ရေချိုးပြီး ၉နာရီမှ ထမင်းစားဖြစ်သည်။ ထီဂဏန်းထွက်လာသည် ၊ မပေါက်ပါ။ :D ဒီနေ့ထိုးသောထီသည် ဈေးကြီးပါသည်။ ခါတိုင်းဈေးပေါတာဘဲထိုးသည်။ ဈေးကြီးသောထီသည် ပေါက်လျှင် ပိုက်ဆံအများဆုံးဖြစ်ပါသည်။
အားလုံးသော ဘလော့ဂါမိတ်ဆွေများ , ဘလော့လေးကိုလာရောက်အားပေးကြသောမိတ်ဆွေများ "ဟက်ပီးနယူးရီးယား ၂၀၁၃ မှာ တောင်းတဲ့ဆုတွေ အားလုံးပြည့်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်"
လေးစားစွာဖြင့်
လရိပ်အိမ်
Wednesday, December 26, 2012
ထွက်ပေါက်ခွင့်လေး ............. ပေးပါ
ပေါ့ပျက်ပျက်အချစ်တွေနဲ့
ငါ့နှလုံးသားကို
မလှည့်စားပါနဲ့တော့လား
သူ့အတွက်နဲ့ကျခဲ့ရတဲ့
မျက်ရည်တွေမနဲတော့ပါဘူး။
သင့်မှာ
နူးညံ့တဲ့ နှလုံးသားရှိရင်
ငါ့ ရင်ခွင်ထဲ
ခဏလောက်တော့
ဝင်ကြည့်ခဲ့ပါ။
နင်နဲ့ငါကြားက
ဆက်ဆံရေးတွေက
ဒီလောက်တောင်
စုတ်ပြတ်နေပြီလား။
ဆက်ဆံရေးက
စုတ်ပြတ်သတ်ရုံဘဲ
ဒါပေမဲ့
ငါ့နှလုံးသားက
ဖာထေးလို့မရအောင်
ပေါက်ပြဲနေပြီ။
နင့်နှလုံးသားက
အမြဲအနိုင်ရသူလေ။
ငါက နင့်ရဲ့နှလုံးသား
ဟိုး အောက်ဆုံးမှာ
ကျွံနေလို့
ခြေထောက်နဲ့ခွပြီး
ကျော်တက်ရမလား
ဓားနဲ့ခွဲပြီး
ထွက်လာရမလားလို့
စဉ်းစားနေမိတယ်။
နင့်ရဲ့
နှလုံးသားအောက်ဆုံးမှာ
ကျွံနေရတဲ့အကြောင်းက
ငါ့ပေါ်ကို ငါ့ထက်
သံယောဇဉ်ရှိတဲ့သူကို
နင့်နှလုံးသားထဲမှာ
ထည့်ထားလို့ပေါ့။
နှလုံးသားကို
သိမ်းပိုက်သွားသောသူများ
တဆိတ်လောက်တော့
ထွက်ပေါက်ခွင့်လေး ..... ပေးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်
Thursday, December 13, 2012
သူငယ်ချင်းနှင့်မိတ်ဆွေကွာခြားပုံ
တန်ဖိုးထားခြင်း၏နောက်ကွယ်တွင်.....ပိုစ့် ကိုဖြုတ်ထားပါတယ်။
ကိုယ့်အပေါ်ဒီလိုလုပ်ထားပေမဲ့ ကိုယ်က လူတစ်ယောက်ကို အပုတ်ချသလို ရေးထား ၊ သူ့ရဲ့အီးမေးကိုလဲ ကိုယ့်ဟာမှတ်ပြီး တင်လိုတင်(လူ့စည်းကမ်းကိုဖောက်ဖျက်နေသလို)ဖြစ်နေတဲ့အတွက်ကြောင့် မတင်ချင်တော့လို့ပါ။(ဖတ်ပြီးသွားသောသူများ ၊ သူ့ကိုသံယောဇဉ်ရှိနေသေးတယ်လို့တော့ မထင်စေချင်ပါ)
ကွန်မန့်ပေးခဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်။
ဒါကြောင့် ကိုဏီလင်းညို နဲ့အမေးအဖြေလုပ်ထားတာလေးရယ် ၊ ကဗျာလေးရယ် ကိုဘဲ ပြန်တင်လိုက်ပါတယ်။ ကွန်မန့်ပေးသွားသူများကိုလဲလေးစားတဲ့အနေနဲ့ကွန်မန့်တွေပြန်တင်ပေးလိုက်ပါတယ်။
မေးသူက ဘလော့ဂါလရိပ်အိမ်ဖြစ်ပြီး ဖြေသူက သက်တံဆယ်စင်းမှဘလော့ဂါစာရေးဆရာ ကိုဏီလင်းညို ဖြစ်ပါတယ်။
သူငယ်ချင်းနဲ့ မိတ်ဆွေ ဘာကွာလဲ။ ကျေးဇူးပြုပြီးဖြေပေးပါ။
သူငယ်ချင်းဆိုတာ... ငယ်ငယ်လေးကတည်းက အတူတူ ယှဉ်တွဲကြီးပြင်းပြီး ရင်းနှီးခင်မင်ခဲ့တဲ့သူလို့ ကျွန်တော်ထင်ပါတယ်...
မိတ်ဆွေကတော့ ကြီးမှ တွေ့ဆုံခင်မင်ကြတဲ့ သူမျိုးတွေလို့ ယူဆမိတယ်...
အဲ့ဒီတော့ ရင်းနှီးတဲ့ နက်ရှိုင်းမှုပမာဏတစ်ခုတော့ ကွာမယ်ထင်ပါတယ်...
ဒါဆို ဒီမိတ်ဆွေတွေကို သူငယ်ချင်းလိုပေါင်းလို့မရဘူးေ ပါ့ အဲလိုလား
အဲ့ဒီလိုလည်း မဟုတ်ပြန်သေးဘူးဗျ...
ရင်းနှီးတဲ့ နက်ရှိုင်းမှုပမာဏတစ်ခုရောက်ရင် သူငယ်ချင်းလုပ်လို့ရပြီပေါ့ အဲလိုလား
ဟုတ်တယ်...
ကျွန်တော်ဆိုလည်း...ငယ်သူငယ်ချ င်းတွေ ရှိခဲ့တယ်...။
ပြည်ပထွက်ဖြစ်တော့ ဝေးသွားတယ်...
သူတို့နဲ့ပြန်တွေ့တဲ့အချိန်မှာ အခြေအနေ၊ အတွေးခေါ်ယူဆပုံတွေ နည်းနည်း ကွာသွားတယ်...
ဒါပေမယ့် စိတ်ထဲမှာ သူတို့ကို နေရာပေးနေမိဆဲပဲ
ကြီးမှတွေ့ဖြစ်ကြပေမယ့်လည်း... တစ်ယောက်နဲ့တစ်ယောက်ကြားမှာ၊ နားလည်မှုတွေ အားကောင်းလာတာနဲ့အမျှ၊ သူငယ်ချင်းတွေလို ခင်မင်လာနိုင်တာပဲလေ...
ပြောရင်းနဲ့ ရှုပ်ကုန်ပြီထင်တယ်... :D
ဟင့်အင်း မရှုပ်ပါဘူး။ သဘောပေါက်သွားပြီ။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့
နောက်တစ်ခုမေးချင်တယ်။ ဒီလိုမိတ်ဆွေတွေကို ကိုယ့်ဘက်က သူငယ်ချင်းလို သဘောထားပေမဲ့ သူ့ဘက်က မိတ်ဆွေလိုသဘောထားတော့ နားလည်မှုတွေလွဲတတ်တာပေါ့ ဟုတ်လား
ကိုယ့်အပေါ်မှာ မနက်ရှိုင်းတဲ့ မိတ်ဆွေတွေကို ကိုယ်က သူငယ်ချင်းလို့ သဘောထားမိရင်... ထားမိတဲ့သူဟာ... စိတ်ပင်ပန်းရမှာ အမှန်ပါပဲ
ဟုတ်ကဲ့ခုလိုဖြေပေးတဲ့အတွက်
အများကြီး ကျေးဇူးတင်ပါတယ်ကိုဏီလင်းညို
လရိပ်ရေးထားတဲ့ ကဗျာ ပါ။
လူကြီးမိတ်ဆက်ပေးတိုင်း
သူငယ်ချင်း
မဖြစ်ရတော့ဘူးလား။
သူငယ်ချင်း မဟုတ်ရင်
နင်ကဘာကိုထင်တာလဲ။
ငါကတော့
လူကြီးမိတ်ဆက်ပေးတာ
သူငယ်ချင်းလို့ဘဲထင်ခဲ့တာ။
တကယ်တော့
ဒါဟာ
မိတ်ဆွေတဲ့။
ငါဟာ နင့်ရဲ့
သူငယ်ချင်း
မဟုတ်ဘူးဆိုတာ
သိပါပြီ။
သူ့ဘက်က
မိတ်ဆွေလဲ
မဟုတ်ဘူးဆိုဘဲ။
မိတ်ဆွေမကျ
သူငယ်ချင်းမကျသူနဲ့
ဆက်ဆံရတာ
ငါဘာဖြစ်သွားပြီလဲ။
ရင်ထဲမှာ တကယ်
ထိခိုက်မိပါတယ်။
လေးစားစွာဖြင့်
လရိပ်အိမ်
ကွန်မန့်တွေ
ရိုးမြေကျ said...
ရှည်ရှည်ရေးထားလိုက်တာ..၊
သူငယ်ချင်း လို့  သတ်မှတ်ရင်လည်းသူငယ်ချင်း
ပေါ့ ၊ သူဘယ်လိုပဲ ပြင်ပြင် ကိုယ်မပြင်ပဲ
အခင်အမင်မပျက်နေလို့ ရမယ်ထင်တာပဲ။
မရေးတာ ကြာသွားလို့  တွေးတာလည်း
ချာ သွားနိုင်ပါတယ်နော..။
မေမေကမပေါင်းရဘူးဆိုတာတောင်ခိုးပြီးပေါင်းတယ်
ခုမှပဲ မိတ်ဆွေနဲ့ သူငယ်ချင်းဆိုတာလေးခွဲခြားပြီးမြင်လိုက်ရတယ်
ဖုန်းနံပါတ်ပြောင်းသွားပြီနော် နောက်ရက်ပေးထားအုန်းမယ်
အရင်နံပါတ်ပျက်သွားလို့ပါ
ချစ်တဲ့ sis jasmine
ယောက်ကျားလေးအချင်းချင်းအနေနဲ့ကြည့်ရင် ဒါဟာဘာမှမဖြစ်လောက်တဲ့ကိစ္စ။
လရိပ်မှာလဲ မိန်းကလေးသူငယ်ချင်း အဲလိုတွေရှိတာဘဲ။ ဒါပေမဲ့ ကိုယ်ကဒီလိုဘဲအောင့်အီးသည်းညည်းခံပြီးပေါင်းတယ်။ ကိုယ့်ကိုလာကြောတာသိရက်နဲ့ပေါင်းတာ။ အခင်အမင်မပျက်ချင်လို့လေ။
ခုက အဲလိုမဟုတ်ဘူးလေ ၊ လရိပ်ကမိန်းကလေး ၊ သူက ယောက်ကျားလေးလေ။ ကိုယ်ကသူငယ်ချင်းလိုဘဲဆက်ဆံတာ ၊ သူ့ဘက်က သူငယ်ချင်းလိုလဲမဆက်ဆံ၊မိတ်ဆွေလိုလဲ မဆက်ဆံတော့ လရိပ်ကခံစားတတ်တဲ့သူဆိုတော့ ဒီလိုအပြုအမူမျိုးတွေ လရိပ်မခံစားနိုင်ဘူး။ လရိပ်က စာရေးဆရာမဟုတ်သေးတော့စာရေးဆရာလိုတော့ မရေးတတ်တာအမှန်ပါ။ လရိပ်ဝတ္ထုရေးနေတာမဟုတ်ပါဘူး။လေဘယ်မှာလဲ ဝတ္ထုလို့မတပ်ထားပါဘူး။ လရိပ်ရဲ့မကျေနပ်ချက်တွေကို ဒိုင်ယာရီအနေနဲ့ဘဲရေးတာပါ။ စာအုပ်ထဲမှာမဟုတ်ဘဲ အင်တာနတ်မှာ ပေါ်တင်ရေးတဲ့အတွက် ယောက်ကျားလေးတွေဘက်ကကြည့်ရင် ဒီကိစ္စဟာမရေးသင့်ဘူးလို့ထင်ကြမှာအမှန်ဘဲ။
"သူဘယ်လိုပဲ ပြင်ပြင် ကိုယ်မပြင်ပဲ အခင်အမင်မပျက်နေလို့ ရမယ်ထင်တာပဲ။" လို့မိန်းကလေးဘက်က(ညီမလေးတစ်ယောက်အနေနဲ့) မခံစားပေးနိုင်ဘဲနဲ့ပြောဖို့မသင့်ပါဘူး။ ကိုယ်က သူငယ်ချင်းလိုဘဲ ဆက်ဆံပေမဲ့ သူ့ဘက်က သူ့ကိုလိုက်နေတယ်လို့ထင်မှာ အမှန်ပါဘဲ။ လရိပ်မကြိုက်တဲ့ယောက်ကျားလေးတစ်ယောက်(ဆရာဝန်)ကို အဲဒီဆရာဝန်က အဲလိုအနေနဲ့ထင်ရင် လရိပ်သိက္ခာကျတယ်လို့ခံစားရပါတယ်။ အဲဒါကြောင့် လရိပ်ဘက်က သူ့ကို သူငယ်ချင်းအနေနဲ့စွန့်လွှတ်ပါတယ်။
ခင်မင်မှုတစ်ခုထဲနဲ့ ပြန်ရကောင်းစေရယ်လို့
မသတ်မှတ်ပဲ ကူညီပေးသူ ...
ကိုယ့်အကျိုးကို အမြဲလိုလားတတ်သူ ...
မိမိကွယ်ရာမှာ ဖြစ်စေ ဘယ်သောအခါမှ
ကိုယ့်မကောင်းကြောင်း မပြောတတ်သူ ... ဟာ
မိတ်ဆွေစစ်တစ်ယောက်ရဲ့ ရှိသင့်တဲ့
ဂုဏ်အင်္ဂါတွေနဲ့ ညီညွတ်သူလို့
ကျွန်တော် အကြမ်းဖျင်း မှတ်သားဖူးပါတယ် ။
မိတ်ဆွေစစ်တွေရဲ့ မေတ္တာအရိပ်ကိုသာ
ထာဝရ ရရှိ ပိုင်ဆိုင်နိုင်ပါစေ ညီမလေး ။
လရိပ်ခံစားချက်လေးသေချာဖတ်သွားတယ် သူငယ်ချင်းကောင်းနဲ့ ဆုံစည်းနိုင်ပါစေ
Tuesday, December 4, 2012
လိုက်လေ........ ဝေးလေ
ကိုယ့်ဘက်က စပြီးချစ်ရတဲ့
တစ်ယောက်သောသူကို
ဘယ်တော့မှလဲ မမျှော်နဲ့
ဘယ်တော့မှလဲ ချစ်ဖို့မကြိုးစားနဲ့။
သူတစ်ခုခုပြောတိုင်း
ကိုယ်ခံစားရတယ်။
ငါ နင့်ကို
တကယ်တော့
မချစ်ခဲ့တာ မဟုတ်ဘူး။
မသိစိတ်ကချစ်ခဲ့ပြီး
သိစိတ်မှာမုန်းနေမိတာ။
အမုန်းမရှိတဲ့
အချစ်မရှိတဲ့
နှလုံးသားမပါတဲ့သူ
ဖြစ်ချင်တယ်။
ဒါမှ
ငါ့နှလုံးသားမှာလဲ
ဒဏ်ရာဆိုတာ
မရှိတော့ဘူးပေါ့။
ဒဏ်ရာမရှိရင်
ခွဲစိတ်စရာလဲ
မလိုတော့ဘူး။
ခုတော့
ငါ့မှာ နှလုံးအတုနဲ့
အသက်ဆက်ရှင်နေရပါလား။
နှလုံးအတုနဲ့ဆိုရင်တော့
အချစ်တု အမုန်းတုတွေများ
ထွက်ပေါ်လာမလားဘဲ။
အချစ်စစ် အချစ်မှန်
မရှိအောင်
နင်လုပ်ခဲ့တာဘဲလေ
ခုချိန်မှာ
ငါဘာတတ်နိုင်မှာလဲ။
I Miss U လို့
မပြောဖြစ်တာ
ကြာခဲ့ပေမဲ့
ငါခုထိ နင့်ကို
လွမ်းဆဲပါဘဲ။
သတိရခြင်း
တမ်းတခြင်း
လွမ်းဆွတ်ခြင်းတွေ
ခံစားရခြင်းမှ
ကင်းလွတ်ခွင့်ရချင်တယ်။
အလွမ်းတွေရယ်
ချုပ်ငြိမ်းပေးပါတော့နော်။
လေးစားစွာဖြင့်
လရိပ်အိမ်
Subscribe to:
Posts (Atom)
