Wednesday, August 1, 2012

ရင်နင့်သူ

မင်းကိုတွေ့ တာ
ငယ်ငယ်တည်းက

ခင်လာခဲ့တာ
နှစ်တွေကြာ

ငါအဝေးကိုထွက်ချိန်
မင်းရင်တွေအက်နေ

ခုချိန်ကျတော့
ငါ့အလှည့်ဘဲ

ရင်တွေဟတ်တက်ကွဲတော့
မင်းသိမှာစိုးလို့
ငါမြိုသိပ်ခဲ့တယ်

ဘာကိုပြောချင်နေမှန်း မသိတဲ့
ထုထည်၁ခုက
ငါ့ရင်ကိုလာတားဆီးတယ်။

# အချစ်ဆုံးသူငယ်ချင်း၁ယောက်ဆီသို့


လေးစားစွာဖြင့်
လရိပ်အိမ် 

9 comments:

  1. ဘာကိုပြောချင်နေမှန်း မသိတဲ့
    ထုထည်၁ခုက
    ငါ့ရင်ကိုလာတားဆီးတယ်။

    ReplyDelete
  2. လူတိုင်း ချစ်သူနဲ့ဝေးနေတဲ့အချိန်
    ရင်တွေအက်တတ်တာပေါ့နော်
    ဖြစ်ခဲ့ဖူးပါတယ်

    ReplyDelete
  3. ငယ်ငယ်ကတည်းကဆိုတဲ့ သံယောဇဉ်က တော်တော်ကြီးမားတယ်နော် ။

    ReplyDelete
  4. ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာသည်တဲ့ လရိပ်အိမ်ရေ။
    ကဗျာလေး အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. သိတယ်နော်.. အဟဲ..
    လာရောက်အားပေးတွားတယ်။
    ငယ်သူငယ်ချင်းရေ ခုတော့ငယ်ချစ်တွေ...အယ်မွှားလို့



    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
  6. ဘာကိုပြောချင်နေမှန်း မသိတဲ့
    ထုထည်၁ခုက
    ငါ့ရင်ကိုလာတားဆီးတယ်။
    အဲစာသားလေးကြိုက်တယ်..

    ReplyDelete
  7. ကဗျာလေး ခံစားသွားတယ်..... :D

    ReplyDelete
  8. ဖွင့်ပြောလိုက်ပါလို့အကြံပေးပါရစေ..

    ReplyDelete
  9. သည်လိုခံစားနေရတာ သူသိရင်ကောင်းမှာပဲနော် အဟိ
    လာအားပေးသွားပါတယ်

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်