Saturday, August 18, 2012

အတွေးခက်ခက်

စကားသံကို ကြားရတာ
လေပြည်အေး တိုက်ခတ်နေသလိုပါ
မျက်နှာကို မြင်တွေ.ရတော့
နှလုံးသားထဲ စိမ့်ဝင်လျက်ပါ
အပြုအမူတွေဟာ
ကမ္ဘာကြီးကို
ဇောက်ထိုးဖြစ်စေခဲ့တာ
နောက်ဆုံးတော့လဲ
ဒါဟာ........
လူသား ၁ယောက်ပါဘဲလား။


လေးစားစွာဖြင့်
လရိပ်အိမ်

8 comments:

  1. ကဗျာလေးခံစားရင်းအတွေးများသွားတယ် ။အားပေးလျက်ပါ

    ReplyDelete
  2. စာသားတွေလှပပြီး ခံစားလို့ကောင်းတဲ့ ကဗျာလေးကိုအားပေးသွားတယ်နော်

    ReplyDelete
  3. ကောင်းတယ် အားပေးခဲ့ပါတယ်

    ReplyDelete
  4. နူးညံ့တဲ့စာလုံးလေးတွေနဲ့ စီခြယ်ထားတဲ့ ကဗျာတိုလေး တစ်ပုဒ်အားပေးသွားတယ် လရိပ်အိမ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကဗျာက တိုတယ်.. ရိုးရှင်းတယ်.. ခံစားဖို့လွယ်ကူတယ်.. အဆင်ပြေတယ်.. ရင်ထဲကို ထိရောက်နိုင်လွန်းပါတယ်.. လရပ်အိမ်..။

    ReplyDelete
  6. လိုရင်းတိုရှင်း ကြိုက်၏ :D

    ReplyDelete
  7. လိုရင်း တိုရှင်း ထိထိမိမိလေးကို စူးစူးစိုက်စိုက် ခံစားသွားတယ်။



    ခင်တဲ့
    အလွမ်း

    ReplyDelete
  8. ကဗျာလေးးး လှလိုက်တယ် ညီမလေးရေ..။
    ရိုးရိုးလေး တိုတိုလေး ရှင်းရှင်းလေး။
    ကဗျာလေးကို ချစ်လိုက်တာကွယ်။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်