Monday, July 23, 2012

ဟင်းလင်းပြင်

သူကလူကြီးဆန်တယ်လို့
မင်းပြောခဲ့ဘူးတယ်။

သူကသဘောမကောင်းဘူးလို့
မင်းပြောခဲ့ဘူးတယ်။

သူကအလုပ်ရှုတ်ချင်ဟန်ဆောင်တယ်လို့
မင်းပြောခဲ့ဘူးတယ်။

သူကမင်းနဲ့ မထိုက်တန်ဘူးလို့
မင်းပြောခဲ့ဘူးတယ်။

နောက်ဆုံးတော့
ငါ့ရင်ဘတ်ထဲက မင်းကို
ဆွဲထုတ်သွားတာ
"သူ" ပါပဲ။


လေးစားစွာဖြင့်
လရိပ်အိမ်

12 comments:

  1. ကိုယ်ကကျူးရင်ကိုယ့်ဒူးတောင်မယုံနဲ့တဲ့ လရိပ်အိမ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. နောက်ဆုံးတော့
    ငါ့ရင်ဘတ်ထဲက မင်းကို
    ဆွဲထုတ်သွားတာ
    "သူ" ပါပဲ-------------------

    ReplyDelete
  3. အဟဲ....ဘယ်သူ ထုတ်ဆွဲ အယ်မွှားလို့ ဘယ်သူ ဆွဲထုတ် သွားတာလဲပြော။
    လာရောက် အားပေးသွားပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  4. ဒီလိုလည်း ဖြစ်တတ်တာပဲကိုးးး

    ReplyDelete
  5. အားပေးသွားပါတယ်..ရှင်..

    ReplyDelete
  6. အပြောနဲ့ အလုပ် လက်တွေ့မကျသူပါလားနော်။

    နောက်ဆုံးတော့
    ငါ့ရင်ဘတ်ထဲက မင်းကို
    ဆွဲထုတ်သွားတာ
    "သူ" ပါပဲ။

    ခံစားသွားပါတယ် ။

    ReplyDelete
  7. ကိုယ်ကကျူးရင်ကိုယ့်ဒူးတောင်မယုံနဲ့တဲ့ လရိပ်အိမ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ကဗျာလေးက ထိတယ် :)

    ReplyDelete
  9. ဒီလို အဖြစ်မျိုးလေးတွေကို တခါတခါမှာ မြင်တွေ့ ရလေ့ရှိတယ်...

    ReplyDelete
  10. ဟင်းလင်းပြင်ဆိုတော့လည်း
    ဘာမှမကျန်တော့ဘူးဖြစ်သွားတာပေါ့
    ဟုတ်တယ်
    လူတယောက်ထွက်သွားပြီဆိုရင်
    သူနေခဲ့ဖူးတဲ့နေရာလေးက
    ဟင်းလင်းပြင်လေးဖြစ်သွားတော့တာပါဘဲလေ

    ReplyDelete
  11. နောက်ဆုံးတော့
    ငါ့ရင်ဘတ်ထဲက မင်းကို
    ဆွဲထုတ်သွားတာ
    "သူ" ပါပဲ။

    သူဆိုတာဘယ်သူပါလိမ့် ^_^
    ကဗျာလေးကိုအားပေးသွားတယ်နော်

    ReplyDelete
  12. ကဗျာလေးက
    ရိုးရိုးရှင်းရှင်းနဲ့ ရိုက်ချက်က ပြင်းတယ်နော် ...
    ကြိုက်တယ်ဗျာ...
    (http://alinyinne.blogspot.com)

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်