Monday, April 1, 2013

တချို့လူတွေများ


တချို့လူတွေများ ----- အမြင့်ရောက်သွားပြီးရင် ပြန်မဆင်းတတ်ကြတော့ဘူး။ လှေကား သူများယူသွားလို့ဖြစ်မယ်။
ဘဝင်လေဟပ်နေသူများအားလုံးကို တည့်တည့်ပြောပါတယ်။
အရင်တုန်းကတော့ တန်းတူဆက်ဆံခဲ့ကြတာဘဲ။ ခုကျတော့သူတို့ကဘဲ လူအချင်းချင်း စကားပြောရတာ မတူသလို ၊ မတန်သလို။  ဒီလိုလူမျိုးကိုလဲ ဘယ်သူကမှခေါ်ချင်ပြောချင်မှာမဟုတ်ပါဘူး။
ဒီလိုစိတ်ထားမျိုးရှိသူတွေဟာ ရှေးဘဝက ပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကံကြောင့် မပြုတ်ကျတတ်ပါဘူး။ အထိလဲမနာတတ်ပါဘူး။ တက်ပြီးရင်းတက်ပါဘဲ။
ရှေးဘဝက ကုသိုလ်ကံမကောင်းခဲ့ဘူးဆိုရင်တော့  ဒီအမြင့်(နာမည်မဟုတ်)ဘဝမှာ ကြာကြာမခံပါဘူး။ ပြုတ်ကျသွားရင်တော့ ဟိုးအောက်ဆုံးထိပါဘဲ။
ဘဝင်လေဟပ်နေသူများ ၊ ဘဝင်မြင့်နေသူများ စိတ်ထားကောင်းကောင်းထားကြပါလို့ ၊ တနေ့တော့ ဘယ်လမ်းကိုသွားရမလဲဆိုတာ အားလုံးသိပါရဲ့လား။

တချို့လူတွေများ ----- သစ္စာဖောက်သောသူငယ်ချင်း ၊ ပိုက်ဆံမက်ပြီး လှေနံ၂ဖက်မက နင်းချင်သောသူများ ၊ နင်းထားရက်နှင့်မနင်းဘူးလို့ဗြောင်ညာသူများ ၊ ပစ္စည်းပိုင်ဆိုင်မှုကိုဘဲမက်မောသောသူများ ၊ အွန်လိုင်းမှာ အချောင်ရတိုင်း , သူငယ်ချင်းမြှောက်ပေးတိုင်း တဖက်သားအားမညှာ ရင်ထဲကမပါ ရည်းစားစကားပြောသူများ ၊ ပိန်ပြီးမော်ဒယ်လိုလှပရမည့်အပြင်ပိုက်ဆံရှိသောသူကိုဘဲ ရွေးချင်သူများ ၊ သူများဖေ့ဘုတ်သူငယ်ချင်းများ ကြားထဲဝင်ပါပြီး ညတိုင်းညတိုင်း အရည်မရအဖတ်မရ ဖုန်းနှင့်သူ၏ချစ်လှစွာသောသူငယ်ချင်းကို ပြန်ပြန်ပြောပြပြီး ရန်တိုက်သောသူများ ၊ ဒီစာတွေကိုဖတ်ပြီး ကိုယ့်လိပ်ပြာကိုယ်မလုံသောသူများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အထောင်းခံရမှာစိုးလို့ စိတ်ထဲမှရေးချင်တာများကို ဧပရယ်ဖူးလ် နေ့မှာ တချို့လူတွေများကို ရေးသားလိုက်ပါတယ်။
မည်သူ့ကိုမှမရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိသွားပါက ဧပရယ်ဖူးလ် ဟု မှတ်ယူကြပါ။ :)))

လေးစားစွာဖြင့်
လရိပ်အိမ်

6 comments:

  1. ဟုတ်ပါ့လရိပ်လေးရယ် တစ်ချို့များဆို ရှေးရှးဘ၀က ကုသိုလ်လေးကောင်းတဲ့အရှိန်နဲ့ ဘ၀မြင့်နေတာကို မထိန်းသိမ်းတက်ကြဘူး သိပ်ပြီးဘ၀င်မြင့်နေလိုက်တာ အဲ့လိုလူမျိုး ကုသိုလ်ကံရဲ့ အရှိန်ကုန်လို့ ပြုတ်ကျရင် မရှုမလှပဲ အဲ့လိုလူမျိုးတွေ လောကကြီးမှာများပါ့... အသိနဲ့ သတိလက်လွတ်နေတဲ့သူတွေပေါ့။

    ReplyDelete
  2. မှန်လိုက်လေ ..လရိပ်ရယ်...
    အခုတလော ပစ်ပစ်လည်း မျက်စိထဲအဲလိုထောင်ထောင်
    ထောင်ထောင်နဲ့ ကိုယ့်ကိုကိုယ် ဘဝင် လေဟပ်နေတဲ့သူတွေ
    တွေ့နေရလို့ တော်တော်မြင်ပြင်းကပ်နေတာ...
    ကြည့်တော့သာ ဘာမှမဟုတ်တယ်..
    နဲနဲလေး အနေအထားလေးတခုရှိလာတယ်ဆိုတာနဲ့ဘဲ
    မိုးပေါ်ကမဆင်းချင်းတော့တဲ့ပုံစံ...

    ReplyDelete
  3. ဟဟဟ မမလရိပ် ပေါက်ကွဲထားပါလား xD

    ReplyDelete
  4. ဧပရယ်လ်ဖူးဒေး ရေးတာ အခုမှ ဖတ်ဖြစ်တယ်..
    မမလရိပ် ပေါက်ကွဲနေတာပဲ
    ငြိမ်ငြိမ်လေးဖတ်သွားရယ်
    :D :D

    ReplyDelete
  5. အရာရာအဆင်ပြေပါစေ ညီမလေး ....

    စိုက်တဲ့အတိုင်းပဲ ရိတ်သိမ်းရတာမို့

    ကိုယ်စိုက်ပျိုးတဲ့အပင်ကို

    တန်ဖိုးရှိတဲ့အပင်ပဲ ဖြစ်စေချင်ပါတယ်။

    လူအမျိုးမျိုး စိတ်အထွေထွေမို့

    မေတ္တာတရားနဲ့ ခွင့်လွှတ်နိုင်ပါစေဗျာ။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်