Monday, September 17, 2012

ရက်စက်တဲ့ ..... လောက

ခြေတစ်လှမ်းလှမ်းတိုင်း
ခြေရာတစ်ခု
ကျန်ထင်နေတဲ့
ဘဝလေးကို
လွမ်းဆွတ်မိတယ်။
~~~~~~~~~~~~~~~
ရက်ဆိုတာ
သူ့ဘာသာသူ
သတ်မှတ်ထားတဲ့
ရက်တွေဘဲ။
ဘာလို့ငါတို့
လုပ်ချင်တာကို
လုပ်ခွင့်မရတာလဲ။
ရက်တွေရဲ့အလိုကျ
သတ်မှတ်ခြင်းခံနေရတဲ့
စက်ရုပ်တရုပ်လိုပဲလဲ။

လေးစားစွာဖြင့်
လရိပ်အိမ်

9 comments:

  1. ဟင်ဒါဆို အနော်လဲ စက်ရုပ်ပဲ။
    မိုးလင်း အိပ်ယာထ မျက်နှာသစ်သွားတိုက် အ၀တ်လျှော် ရုံးသွား ရုံးပြန် အိမ်ရောက် ဇာတ်ကားခဏကြည့် စာကြည့် နောက်တော့ အိပ်
    ဒီအတိုင်းပဲ ပျင်းစရာကြီးနော်။
    ကျောပိုးအိတ်တစ်လုံး၊ကင်မရာတစ်လုံးနဲ့ ခရီးတွေထွက်ပြီး စာရေးချင်လိုက်တာ။

    ReplyDelete
  2. အမှန်တရားကိုရေး ထားတဲ့
    ကဗျာကောင်းလေးတစ်ပုဒ်ပါလား
    မှန်ပါတယ် လူသား တိုင်း မိုးစင်စင်လင်းတာနဲ့
    နေ့တိုင်း လုပ်ငန်းခွင်ကိုဝင်လိုက် အိပ်လိုက်နဲ့ သည်လိုပဲ
    လည်ပတ်နေတာ လရိပ်ပြောတဲ့ စက်ရုပ်လေးလိုပေါ့
    အားပေးသွားတယ်နော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  3. လူတစ်ယောက်ရဲ့ဘ၀ကို သူ့ရဲ့ကံတရားက တစ်ခါတည်း သက်မှတ်ပေးထားတာလေ။ သူ့အလိုကျပေါ့...တစ်ခါတလေစဉ်းစားမိရင် စိတ်ညစ်ရတယ်..လောကကြီးမှာ ရတာမလို လိုတာမရ..သူ့အပြစ်လား ကိုယ့်အပြစ်လား..သူမှားတာလား.. ကိုယ်မှားတာလား..ဒွိဟ..နောက်ဆုံးတော့လည်း???
    ခင်တဲ့
    လေပြေ

    ReplyDelete
  4. ရက်တွေရဲ့ ပိုင်းဖြတ်ခြင်းကို ခံနေရတဲ့ စက်ရုပ်လူသား
    တွေပေါ့လေ......မှန်ပါ့ဗျား....၊ကဗျာလေး လှတယ်ဗျိုးးးးး

    ReplyDelete
  5. လရိပ်ရေးထားသလိုဖြစ်နေပါတယ်..
    အားပေးသွားပါတယ်။

    ReplyDelete
  6. ခြေတစ်လှမ်းလှမ်းတိုင်း
    ခြေရာတစ်ခု
    ကျန်ထင်နေတဲ့
    ဘဝလေးကို
    လွမ်းဆွတ်မိတယ်------
    အတွေးလေးတွေ ကောင်းကောင်းလာတယ်လရိပ်ရေ--
    (ကွန်မကောင်းလို့ မရောက်ဖြစ်တာ ကဗျာလေးတောင်မနဲတင်ရတယ် ကိုယ်ပြောင်းသုံးတဲ့လိုင်း
    အရမ်းညံ့လို့ပါ)

    ReplyDelete
  7. ဘဝဆိုတာကို ပီပီပြင်ပြင် သရုပ်ဖော်သွားတဲ့ လောကပေါ့ လရိပ်ရေ။ ကဗျာကောင်းလေးအားပေးသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အော် ကိုယ်လဲ စက်ရုပ်တွေထဲက စက်ရုပ်တစ်ရုပ်ပဲပေါ့လေ :)

    ReplyDelete
  9. ဒီမှာလည်း ဘွ တူ :D

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်