Monday, September 3, 2012

သက်ရှိသက်မဲ့

ကောင်းကင်ပြာပြာအောက်မှာ
စိမ်းလန်းနေတဲ့
သစ်ပင် ၊ မြက်ခင်းပြင်တွေရှိတယ်။

ကောင်းကင်ပြာပြာအောက်မှာ
နွေးထွေးကြင်နာတတ်တဲ့
နှလုံးသားတစ်စုံရှိတယ်။

ကောင်းကင်ပြာပြာအောက်မှာ
အရောင်အဆင်းမရှိတဲ့
လေပြေလေညင်းတွေရှိတယ်။

ကောင်းကင်ပြာပြာအောက်မှာ
သံယောဇဉ်ကင်းမဲ့နေတဲ့
လူသားတွေရှိတယ်။

ကောင်းကင်ပြာပြာအောက်မှာ
မျှော်လင့်ချက်ကင်းမဲ့တဲ့
နှလုံးသား ရှိတယ်။


လေးစားစွာဖြင့်
လရိပ်အိမ်

12 comments:

  1. " ကောင်းကင်ပြာပြာအောက်မှာ
    မျှော်လင့်ချက်ကင်းမဲ့တဲ့
    နှလုံးသား ရှိတယ်။ "
    အဲဒါက ကျွန်တော်ပေါ့ ဟိ
    ကဗျာလေးကိုအားပေးသွားတယ်နော် . . . .

    ReplyDelete
  2. ကဗျာလေးက တိုတိုလေးနဲ့ ကောင်းတယ်.. ကောင်းကင်ပြာပြာအောက်မှာ ရက်စက်တတ်တဲ့ နှလုံးသားတွေရှိသလို ကြင်နာတတ်တဲ့ နှလုံးသားတွေလည်း ရှိပါတယ် :)

    ReplyDelete
  3. ကောင်းကင်ပြာပြာအောက်မှာ
    အရောင်အဆင်းမရှိတဲ့
    လေပြေလေညင်းတွေရှိတယ်။
    မှန်၏.. လေပြေလေညှင်းလေးတွေကို ချစ်၏
    အရောင်အဆင်းမရှိတာလေးကိုလည်း မြတ်နိုး၏
    အားပေးခဲ့ပါတယ် လရိပ်ရေ...
    ခင်တက်တဲ့
    လေပြေချို

    ReplyDelete
  4. ဟုတ်တယ်
    ကောင်းကင်ပြာပြာအောက်မှာ
    မျှော်လင့်ချက်ကင်းမဲ့တဲ့
    နှလုံးသား ရှိတယ်။
    တကယ်ကို မျှော်လင့်ချက်ကင်းမဲ့နေတာပါမမရယ်

    ReplyDelete
  5. အားလုံး တမိုးအောက်တည်းမှာပါ ^_^

    ReplyDelete
  6. တမိုးအောက်ထဲ**

    ReplyDelete
  7. ကဗျာကောင်းလေးခံစားသွားတယ်နော်
    ခင်တဲ့..မိုးနတ်

    ReplyDelete
  8. ကောင်းကင်ပြာပြာအောက်မှာ သက်ရှိသက်မဲ့ အရာအားလုံးနဲ့အတူ ဆန့်ကျင်ဘက်အရာများရှိတာ မှန်တာပေါ့ လရိပ်အိမ်ရေ။
    ကဗျာလေးအားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ကောင်းကင်ပြာပြာကြီးအောက်မှာ
    စံပယ်လဲရှိနေပါတယ်လရိပ်ရေ

    ReplyDelete
  10. ကောင်းကင်ပြာပြာအောက်မှာ
    ဒီကဗျာလေးကို ရေးခဲ့တဲ့
    လရိပ်အိမ် လဲ ရှိနေတယ်...

    ReplyDelete
  11. ကောင်းကင်ပြာပြာအောက်မှာ
    အရောင်အဆင်းမရှိတဲ့
    လေပြေလေညင်းတွေရှိတယ်။


    လေပြေလေညင်းနဲ့အတူ မင်းကိုယ်ရနံ့လေး
    ပါလာတယ်။ ကောင်းပြင်ပြာကြီးအောက်က
    ခံစားတတ်သူတစ်ယောက် ခံစားရရှိတယ်...

    ကောင်းလိုက်တဲ့ ကဗျာလေး...
    အားပေးသွားတယ်။
    လက်ခုပ်တီးပြီး အားပေးမယ်။ ဖြောင်း ဖြောင်းဖြောင်း


    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်