Tuesday, April 10, 2012

I miss U

လွမ်းတယ် သင်္ကြန်ရယ်
သူငယ်ချင်းကပြောတယ်
သင်္ကြန်ကကိုယ်နဲ့
မဆိုင်တော့ဘူးတဲ့
သူနဲ့လဲမဆိုင်တော့ဘူးတဲ့
သူနဲ့တော့မဆိုင်ပေမဲ့
ကိုယ်နဲ့တော့ဆိုင်ချင်သေးတယ်
သင်္ကြန်က ကိုယ်နဲ့ဝေးကွာခဲ့တာ
၆နှစ်ရှိခဲ့ပေမဲ့
ဆိုင်ချင်နေသေးတယ်ကွယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

4 comments:

  1. အင်း..
    သင်္ကြန်က ဘယ်သူမှ မူပိုင်လုပ်လို့ မရဘူးလေ...
    အများနဲ့ ဆိုင်တဲ့ အများပိုင်ပဲဟာ...
    သူ့ ကို ချစ်ရင် သူကလည်း ချစ်ပြပါလိမ့် မယ်...
    ပါချင်ရင် လာချင်မှရမှာပေါ့ ....
    ကဲ....
    ဘယ်လိုလဲ...။

    ReplyDelete
  2. အမလည်းသင်္ကြန်နဲ့ဝေးနေတာကြာပြီ
    ဒါပေမယ့်ဆိုင်ချင်သေးတယ်..ပေါ့ :P

    ReplyDelete
  3. အော်... လရိပ်အိမ်က သင်္ကြန်နဲ့ဆိုင်ချင်ပါတယ်ဆိုမှ လမင်း-ချစ်စံအိမ်လေးကလည်း ပါလာသကိုး။
    မူပိုင်မရှိတာမို့ ဆိုင်ခွင့်ရှိကြပါတယ်။
    တရားသူကြီး အလွမ်းအမိန့်ချပေးလိုက်တယ်..
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ.


    ခင်မင်တဲ့
    အလွမ်း

    ReplyDelete
  4. လွမ်းနေရတာနဲ့စာရင် မဆိုင်သလိုနေလိုက်တော့ နဲနဲသက်သာမလားပဲ
    ဆိုင်တယ်ဆိုရင်ပိုပြီးခံစားရတယ်လေ

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်