Saturday, April 21, 2012

ဝေးလွင့်အမုန်း

ငါမလွမ်းဘူးလို့
အားတင်းရင်းနဲ့
သူ့ကိုသတိရနေမိတယ်။

ငါမရှုံးဘူးလို့
ကြွေးကြော်ရင်းနဲ့
ဒူးညွှတ်ခွေကျနေတယ်။

တိတ်ဆိတ်ကြေကွဲ
အလွမ်းတွေကြားမှာ
ငါလေနင့်ကို
မုန်းမိတယ်။

ပိုင်ဆိုင်မှုတွေကြားမှာ
ငါလေရင်နာတယ်
အဆုံးသတ်မှာ
နမ်းရှိုက်ခွင့်မရှိတော့ပါလေ။

လေးစားစွာဖြင့်
လရိပ်အိမ်

8 comments:

  1. ငါမလွမ်းဘူးလို့
    အားတင်းရင်းနဲ့
    သူ့ကိုသတိရနေမိတယ်။

    ငါမရှုံးဘူးလို့
    ကြွေးကြော်ရင်းနဲ့
    ဒူးညွှတ်ခွေကျနေတယ်။

    ကောင်းတယ်ဗျို့-------ငါ နေမကောင်းဘူး
    ဘလော့တွေ မလည်တော့ဘူး
    မနေနိုင်----ထပြီးလည်မိတယ် (ဘာမှဆိုင်ဘူးနော်)

    ReplyDelete
  2. ငါမလွမ်းဘူးလို့
    အားတင်းရင်းနဲ့
    သူ့ကိုသတိရနေမိတယ်..
    အရမ်းကြိုက်တယ်ကွယ်..
    ထိတယ် လန်းတယ် မိုက်တယ်။။

    ReplyDelete
  3. ဆန္ဒနဲ့လက်တွေ့ ကွာခြားမှုလေးပေါ့ လရိပ်အိပ်ရေ။
    ကဗျာကောင်းလေး ဖတ်သွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကဗျာလေးအရမ်းကောင်းတယ်။သူများတွေရေးတတ်လိုက်တာ အားကျထှာနော်

    ReplyDelete
  5. သတိရတယ်လဲပြောသေး..၊ မုန်းမယ်လဲ ပြောသေး...
    မသိတော့ ဘူး....။

    ReplyDelete
  6. ခံစားချက်ချင်းတူလို့လားတော့မသိဘူး ကဗျာလေးကအရမ်းကောင်းပါတယ် ^_^

    ReplyDelete
  7. ကဗျာလေးကအရမ်းကောင်းပါတယ်။

    ReplyDelete
  8. အားတင်းရင်းနဲ့ကို လွမ်းနေတာခက်တာပဲ။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်