" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးကို သူကြောက်တယ်။
" စိန်ခေါ်မှု " ဆိုတဲ့ စကားလုံးအောက်မှာ သူကျရှုံးခဲ့တာ အကြိမ်ကြိမ်။
" စိန်ခေါ်မှု " ဆိုတဲ့ အသံကြားတိုင်း သူ့ကိုတုန်လှုပ်သွားစေတယ်။
" စိန်ခေါ်မှု " ဆိုတဲ့ ခေါင်းစဉ်ဖတ်ပြီး သူစာတွေရေးချင်နေမိပြန်တယ်။ ဒါပေမဲ့ သူ မရေးဖြစ်ခဲ့ဘူး။ တပတ်မှာ တရက်ဘဲရှိတဲ့ အားလပ်ရက်။ ကျန်းမာရေးမကောင်းတဲ့ သူ့အတွက် အဲဒီရက်ဟာ နတ်သုဒ္ဓာလိုဘဲ။ ဒီလိုနဲ့ သူထပ်ခါကျရှုံးရအုန်းမှာလားလို့တွေးရင်း ဒွိဟဖြစ်နေပြန်တယ်။
" စိန်ခေါ်မှု " အောက်မှာ ၁ခါလဲမဟုတ် ၊ ၂ခါလဲမဟုတ် ၊ ၃ခါ ၊ ၄ခါ သူယိုင်နဲ့လာတယ်။
" စိန်ခေါ်မှု " အောက်မှာ သူ့ခန္ဓာကိုယ်လဲလျောင်းနေခဲ့ရတယ်။
သူ့ခန္ဓာရဲ့ " စိန်ခေါ်မှု " ကိုတော့ ငယ်စဉ်တည်းက ဘာမှမသိစွာနဲ့ ရခဲ့တယ်။
ဘဝရဲ့ " စိန်ခေါ်မှု " တခုဖြစ်တဲ့ လူတွေနဲ့စကားပြောဆက်ဆံရာမှာ ဘယ်တုန်းကမှ အဆင်ပြေမှုမရှိခဲ့ပြန်ဘူး။ အဲဒီအတွက် သူ သိမ်ငယ်ရတယ်။ ဘယ်လောက်ဘဲ ကြိုးစားဆက်ဆံ ၊ အချိန်တန်ရောက်ရင် လူတွေက သူ့ကို မခေါ်တော့ပြန်။ ဒါ ဝဋ်ကြွေးလား??
အလုပ်တဖက် ၊ ကျောင်းတဖက် ရဲ့ " စိန်ခေါ်မှု " ကလဲ သူ့ရဲ့ကျန်းမာရေးကို ချို့တဲ့စေခဲ့ပြန်တယ်။
နှစ်ပတ်အတွင်းဆိုတဲ့ " ဘီပီပီ စိန်ခေါ်မှု "ကို ဖျားနာခြင်းရဲ့နောက်ကွယ်မှာ သူအနိုင်ရလိုက်ချင်တယ်။
ဒီတခါရဲ့ " စိန်ခေါ်မှု " ကို သူအရှုံးခံရင် တသက်လုံး ဘလော့ပေါ် သူ မတက်လာတော့ဘူးဟု သူ့ကိုယ်သူ ပြောနေမိပြန်တယ်။
၃ပတ်ထဲမှာမှ " ဘီပီပီ စိန်ခေါ်မှု " ရေးတဲ့အတွက် ဒီ " စိန်ခေါ်မှု " မှာ သူ ရှုံးနေပြီလား မသိတော့ပါ။
" ဘီပီပီ စိန်ခေါ်မှု " အတိုင်း
၁။ တီတင့်
၂။ (တုံးဖလား) သူကြီးမင်း
၃။ ပစ်ပစ်
၎။ အမမဒမ်ကိုး
၅။ မစံပယ်ချို
၆။ မကြီးလွမ်း ( အလွမ်းမြို့လေး )
၇။ မနော်ဖော
၈။ မရွှေစင်ဦး
၉။ မိုးညချမ်း
၁၀။ ကိုလွင်ပြင်လှိုင်းငယ်
သူ အတွေးသိပ်များတယ်နော်။
လေးစားစွာဖြင့်
လရိပ်အိမ်
စိန်ခေါ်မှုကို စိန်ခေါ်မှုဆိုတဲ့ စကားလုံးတွေနဲ့ တုန့်ပြန်ပြီး စိန်ခေါ်မှုတွေအပေါ် စိန်ခေါ်မှု ထပ်လုပ်လိုက်တာကတော့ လူလည်မကျလွန်းပေဘူးလား မွန်းရှဲဒိုးဟောက်စ်။း)
ReplyDeleteကောမက် အရှည်ကြီးရေးထားတယ်..publish လည်းလုပ်ရော..ပျောက်သွားရော လရိပ်ရေ...
ReplyDeleteပစ် ကွန်မန့်တွေပျောက်သွားရင် ပြန်ရေးပေးအုန်းနော်။ အာဟာရတွေပါတယ်မလား?
Deleteပျော်ရွှင်ကျန်းမာပါစေညီမလေးရေ...
ReplyDeleteချစ်ခင်စွာဖြင့်
မနော်ဖော
ကြမ္မာရဟတ်ဆိုတာ တစ်ပတ်လည်စမြဲမို့ ကိုယ့်အလှည့်ရောက်ရင် မနွဲ့စတမ်းပေါ့ လရိပ်ရယ်... ဟာဟဟ
ReplyDeleteအခြေအနေ ခက်ခဲတဲ့ကြားကနေ မဖြစ်မနေ စိန်ခေါ်ပို့စ်လေးကို စိန်ခေါ်မှုအမျိုးမျိုးနဲ့ စီကုံးရေးသားသွားခဲ့လို့ ကျေနပ်တယ် ကျေးဇူးတင်တယ် ♥♥♥
အဲတော့ သူကလဲထပ်ပြီးစိန်ခေါ်နေပါပြီ
ReplyDeleteကိုလွင်ပြင်တောင်ပါသေး............စိန်ခေါ်တော့လဲ မတတ်နိုင်ဘူးလေ ရေးကြတာပေါ့နော်
လရိပ်လေး အသစ်တက်လာတာကိုပဲဝမ်းသာလှပြီ
အဲ သူကကိုယ့်ပြန်စိန်ခေါ်နေတယ် :P
ReplyDeleteစိန်ခေါ်မှုတွေထဲက ထပ်ဆင့်စိန်ခေါ်မှုကို ရေးဖို့ အားမွေလိုက်အုံးမယ်နော် မမ ... :)
ReplyDeleteပစ်ပစ်ကိုပြန်ရေးခိုင်းတဲ့ ကွန်မန့်လေး ဒီမှာပြန်တင်လိုက်တယ်နော်။
ReplyDeleteတခါတလေမှာဘဲဖြစ်ဖြစ် ၊ အမြဲတမ်းဖြစ်ဖြစ် စိန်ခေါ်မှုကို ကြောက်တတ်သူများရှိရင် အာဟာရဖြစ်စေမဲ့စာသားလေးတွေမို့ပါ။
လရိပ်တင်လိုက်တဲ့
post ကိုဖတ်ပြီးတော့ပစ်စိတ်ထဲမကောင်း ဖြစ်မိတယ်..
လရိပ်စိန်ခေါ်မှု့ဆိုတာကို မကြောက်ပါနဲ့..
စိန်ခေါ်မှု့ကိုကြောက်နေရင် တသက်လုံးရှုံးနေရလိမ့်မယ်..
ဘဝဆိုတာစိန်ခေါ်မှု့တွေနဲ့ ပြည့်နေတတ်လို့...
စိန်ခေါ်မှု့ကနေရာတိုင်းမှာရှိတယ်လရိပ်..
ကိုယ်က သတ္တိ ရှိဖို့ဘဲလိုတာ..
နောက်ပြီး အပေါင်း အသင်းဆိုတာလည်း
အပြန်အလှန်လေးစားမှု့နဲ့ ဆက်ဆံရတာ..
လရိပ်က လူတယောက် အပေါ် လေးလေးစားစား
အရေးတယူနဲ့ဆက်ဆံပေမဲ့အဲဒီလူက လရိပ်အပေါ်ကို
ပြန်လည်လေးစားမှု့ မ၇ှိရင် ဘာလို့သူ့ကို ဆက်ပြီး ခင်မင်နေတော့
မလည်းလေ.. ကိုယ့်စိတ်ကို အပင်ပန်းခံပြီး လူတွေက ငါစကားပြော
မတတ်လို့ ငါ့ကိုစကားပြန် မပြောကြဘူးလို့တွေးနေတာထက်...
သူမခင်ချင်လို့ဘဲ ငါလည်း မခင်ရုံဘဲလေ ဆိုပြီး
တွေးလိုက်တာက ပိုမကောင်း ဘူးလား...
နောက်တခုက တခါတလေမှာ လရိပ်က စကားပြောလိုက်ပေမဲ့
တဘက်က မအားတာလည်း ဖြစ်နိုင်တယ်..
သူ့ကိစ္စနဲ့သူ ရှုပ်နေတဲ့ အချိန် မှာ လရိပ်ကို သူအချိန်ပေးပြီး
အပြန်အလှန် ပြန်ပြောနေမှာ မဟုတ်ဘူး..
အဲလိုမျိုးဆိုရင်လည်း ကိုယ်ကအားပေမဲ့ သူ မအားဘူးလေ လို့
နားလည်ပေးလိုက်ပါ...
တဘက်က ကိုယ့်ကို တမင်တကာ အေ၇း မလုပ်တဲ့ပုံစံမျိုးဆို
လရိပ်ကရော သူ့ကို စိတ်ထဲဝမ်းနည်း ပမ်းနည်း နဲ့ ဆက်ခင်နေ
ဦးမလို့လား.. အဲလိုမျိုးကိုယ့်ကို လာဆက်ဆံတဲ့ သူတယောက်အတွက်
ဝမ်းနည်းစိတ်မကောင်းဖြစ်နေလို့ မလိုပါဘူး...
ပြောချင်တာကတော့ ဒီလောက်ဘဲ လရိပ်ရေ..
စိတ်ထဲ အားငယ်နေမယ်ဆိုတာ သိလို့ အားပေးလိုက်တဲ့သဘောပါ
ဆရာကြီးလေသံနဲ့ လူတတ်လုပ်ပြီးပြောတာတော့ မဟုတ်ရပါဘူး..
ဘယ်အရာမဆို ကိုယ့် သာလျှင် အဓိက ဆိုတဲ့ စိတ်နဲ့
ရှေ့ဆက်ပါ သူငယ်ချင်း...
ကျန်တဲ့ကိစ္စ တွေ အတွက်နဲ့ စိတ်အပင်ပန်းမခံပါနဲ့
ခင်မင် လျှက်..ပစ်ပစ်