Friday, November 9, 2012
မျှော်လင့်ခြင်း
ဘဝ ပင်ပန်း ကြမ်းတမ်းလွန်းတော့
ကောင်းကင်ကိုလဲ မော့မကြည့်အားဘူး
ပူလောင်လွန်းတဲ့ဘဝအတွက်
လေပြေညင်းတွေ
ကြယ်စင်တွေ ကောင်းကင်မှာ
ရှိတာသူမသိခဲ့ဘူးလေ............
မျှော်လင့်မထားပဲ
အဲဒီပေါ်ရောက်သွားဖူးတယ်
ကြယ်စင်တွေက လှတယ်နော်
လေပြေအေးရယ်တန်ဖိုးရှိလိုက်တာ
လမင်းရဲ့အလင်းနဲ့လောကကိုအပေါ်ဆီးက
လှပစွာမြင်ခဲ့ဖူးတယ်...............
ကျနော်လေ ဘဝတောင်မေ့ခဲ့တယ်
ဟိုး~~~~အမြင့်ကြီ:ရောက်မှ
ဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်
အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်
မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်
လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်
မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
Subscribe to:
Post Comments (Atom)
ဟိုး~~~~အမြင့်ကြီ:ရောက်မှ
ReplyDeleteဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်
အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်
မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်
လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်
မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ။
အချိန်ကတော့ပေးရမယ်လေ အချိန်ဆိုတဲ့ အရာက
ဘ၀ရဲ့ တစိတ်တပိုင်းကိုပြောင်းလဲစေမှာပါ
ခင်တဲ့ sis jasmine
ကဗျာလေး လှတယ် မမလရိပ်
ReplyDeleteလဲကျနေရာကပြန်ထဖို့ အချိန်မယူနဲ့။ ချက်ချင်းပြန်ထနော်။မထရင် ရိုက်မှာနော်။ကြိမ်လုံးနဲ့။
ReplyDeleteကဗျာလေးကောင်းလိုက်တာ
ReplyDeleteလဲကျနေရာမှ ပြန်ထဖို့ အချိန်ယူရတယ်ဆိုပေမယ့် အမြန်ဆုံး ပြန်လည်ထပါလို့ .. တိုက်တွန်းရင်း
ReplyDeleteကဗျာလေးကို အားပေးသွားပါတယ်။
ခင်မင်လျက်
မြတ်ပန်းနွယ်
ကဗျာလှလှလေးခံစားခဲ့တယ်မရေ..
ReplyDeleteခင်တဲ့..မိုးနတ်
အမလရိပ်ရေကဗျာလေး
ReplyDeleteခံစားသွားပီနော်။
မျှော်လင့်ခြင်းရဲ့ အဆုံးသတ်မှာ ဆန္ဒဆိုတာ ပြည့်ဝလေ့ရှိပါတယ် လရိပ်ရေ။ ရင်တွင်းဖြစ် ကဗျာလေးအားပေးသွားတယ်နော်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးဖတ်ပြီအတွေးများစေခဲ့တယ် အားပေးခဲ့ပါတယ်လရိပ်ရေ
ReplyDeleteဟိုး... အမြင့်ကြီးကို ရောက်ပြီးမှ
ReplyDeleteဟိုး... အောက်ဆုံးကို ပြန်ပြုတ်ကျသွားတယ်တဲ့လား...
ဒါဆိုရင် ခံနိုင်ရည် ရှိဖို့ တော်တော်ကို ကြိုးစားလိုက်ရမယ်...
ကဗျာလေးကို အားပေးသွားပါတယ်ဗျာ...