Monday, October 1, 2012

I like U, LOVE U !

အရင်တုန်းကဘလော့မှာတင်ထားတဲ့ post လေးဖြစ်ပါတယ်။ ပင်လယ်ထဲကရေကို ဆားချက်ခြင်းဖြစ်ပါတယ်။း))
ဝင်းနီပူးဘယ်လောက်ကြိုက်လဲလို့ အိမ်မှာဘယ်နေရာကြည့်လိုက်ကြည့်လိုက် ဝင်းနီပူးချည်းဘဲ။ ဒါပေမဲ့ ဘေဘီပူး တော့မကြိုက်ဘူး။

ဝင်းနီပူးစတစ်ကာဆိုလဲဝယ်တာဘဲ ၊ ဝင်းနီပူးကွန်ပါဗူး ၊ဓာတ်ဗူး ၊ အရုပ် ၊ ဖိနပ် ၊ ခဲဖျက် ၊ လွယ်အိတ် ၊ မာဖလာ ၊ ဦးထုပ် ၊ ဘောပင် ၊ ယပ်တောင် ၊ အင်္ကျီ၊ဘောင်းဘီ၊ စောင် ၊ ဖုန်းချိတ် ၊ သော့ချိတ် ၊ နာရီ ၊ ပိုက်ဆံအိတ်၊ ခြေစွပ် ၊ သိပ်မဝတ်ရက်ဘူး။ သနားလို့။ ခြေသုတ်တဲ့ဟာလေး အမေဝယ်လာတယ် ၊ မနင်းရက်ဘူး ၊ ချစ်တာကိုး။  ရှိရှိသမျှ winnie pooh အသုံးအဆောင်ကြိုက်တာတွေ့ ရင်ဝယ်ဘဲ။

အိမ်ကလဲမျက်ခုံးလှုပ်နေရတယ်။ ဒီလောက်ဝယ်တာရင်တထိတ်ထိတ်နဲ့ ပေါ့။ အရမ်းကြိုက်ရင်နှစ်ခုဝယ်ပစ်လိုက်တယ်။ တစ်ခုသုံးပြီးတစ်ခုကသိမ်းထားတယ်။

ကြွားတာမဟုတ်ဘူး ၊ အရမ်းကြိုက်တာပါ။ ဖြစ်နိုင်ရင်တစ်ကိုယ်လုံးကိုဝင်းနီပူးနဲ့ ခြုံထားလိုက်ချင်တယ်။
ဟောင်ကောင်သွားလည်တဲ့နှစ်ကဆိုရင် winnie pooh ပုံအတိုင်း တကိုယ်လုံးညဝတ်အင်္ကျီရောင်းတယ်။ အရမ်းဈေးကြီးလို့ မဝယ်ခဲ့ရဘူး။ :( အရမ်းကြိုက်တယ်။

ဒီမှာကဝင်းနီပူး အင်္ကျီတွေ ဝယ်လို့ ရတယ်။ ဒစ်စနီး ကုမ္မဏီ က ထုတ်တာ။ ဈေးလဲသိပ်မကြီးပါဘူး။ တန်တာပေါ့ ၊ ကိုယ်ကြိုက်လို့ လားမသိဘူး ၊ အကုန်လုံးတန်နေတာဘဲ။

အဲဒါနှစ်တိုင်းဝယ်တယ်။ အဲဒါ ဒီနှစ်( ကြာခဲ့ပြီတဲ့နှစ်ပေါ့နော် post က အဟောင်းဆိုတော့ ) ဟိုတပတ်ကဝယ်မယ်ဆိုပြီး အင်္ကျီဆိုင်ကိုသွားတော့မရှိတော့ဘူး။ ကုမ္မဏီက သိမ်းသွားပြီတဲ့ ၊ စိတ်မကောင်းလိုက်တာ။ အိမ်ပြန်ရောက်တော့ပြောတယ်။ ဒါဆိုကိုယ့်မှာရှိတဲ့အင်္ကျီတွေလေလံတင်လို့ ရပြီလို့ ။ ဟဲဟဲ ၊ မတင်ပါဘူးနော် ၊ နောက်တာ။

ခုနေကောင်းသွားလို့ အလုပ်သွားလုပ်ရင် winnie pooh လော့ကတ်လေး ဝယ်မလားစိတ်ကူးတယ်။

မျက်လုံးအညောင်းခံဖတ်ပေးတဲ့အတွက်ကျေးဇူး။

လေးစားစွာဖြင့်
လရိပ်အိမ်

12 comments:

  1. အရင်ကဖတ်ခဲ့ဖူးတယ် ကြာခဲ့ပြီလေ ဒါပေမယ့်မှတ်မိနေတယ်
    ဘာကြောင့်လဲ ဆိုတော့ pooh ကြောင့်ပေါ့
    ဂျက်လဲကြိုက်တယ် အရမ်းကြီးတော့မဟုတ်ဘူးလေ
    ကာတွန်းပုံလေးတွေဆိုအားလုံးကိုကြိုက်တာ
    pooh လေးတွေမြင်တော့လဲ လရိပ် ရဲ့ အကြိုက်ဆိုပြီး
    သတိရနေတာပါ မေးလ်ပို့ပေးလို့ကျေးဇူးနော်လရိပ်ရေ
    တခါလောက်တော့ အပြင်မှာတွေ့ချင်မိတယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. ဝင်နီပုလေးက ချစ်စရာကောင်းတယ်....၊အရုပ်တွေကို
    ချစ်လှတယ်မဟုတ်ပေမယ့်.....အဲ့ဝင်နီပုလေးကိုတော့
    သဘောကျသားးးးးး

    ReplyDelete
  3. ၀င်နီပုကြိုက်တာချင်း တူနေပြီ ... ဒါပေမယ့် အသုံးအဆောင်ပစ္စည်းလေးတွေကျတော့ ငယ်ငယ်တုန်းက Hello Kitty လေးတွေ ကိုင်ဖြစ်တာများတယ်

    ReplyDelete
  4. ကိုယ်ကြိုက်လို့ ဝယ်တာဝယ်တာဝယ်လရိပ်

    ReplyDelete
  5. လရိပ်လေးက Pooh အလေးတွေကိုကြိုက်တယ်ဆိုတော့
    အကြိုက်ချင်းတော့ တူနေပြန်ပြီနော်လရိပ်လေးရေ
    ငယ်ငယ်ကတည်းက Pooh အရုပ်လေးတွေကို အရမ်းကြိုက်တာ အခုထိ Pooh ကာတွန်းပုံလေးတွေကိုလည်း ဆွဲနေတုန်းပဲ လရိပ်လိုချင်တယ်ဆိုရင်တော့ ဆွဲထားတာတွေကို Mail နဲ့ပို့ခဲ့ပေးမယ်လေ လှတော့မလှဘူးပေါ့ ^_^
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  6. အစ်မလရိပ်နဲ့အနော်နဲ့တော်တော်တူတယ်။ အရင်ဘ၀က အမွှာများလားဟိဟိ

    ReplyDelete
  7. မြတ်နိုးသူ(MUFL)October 2, 2012 at 5:35 PM

    အကြိုက်ချင်းတူတယ်အမလရိပ်ရေ
    အရုပ်တွေဆိုအကုန်ကြိုက်တယ်
    winnie poohရုပ်လေးကိုပိုကြိုက်တယ်
    အားပေးသွားပါတယ်အမ

    ReplyDelete
  8. သူငယ်ချင်းတစ်ယောက်က Pooh အရုပ်လေးပါတဲ့အိတ်လေး လက်ဆောင်ပေးပြီးကတည်းက အရမ်းကြိုက်သွားတာ.. Shopping ထွက်တိုင်း ၀ယ်ဖြစ်တယ်.. အိမ်မှာကပ်ရင် လူကြီးတွေမျက်စိနောက်မှာဆိုးလို့ မှန်တင်ခုံမှာ စိတ်ကြိုက်ကိုကပ်ထားတာ. အပြည့်ပဲ..:)
    ခင်တဲ့
    လေပြေ

    ReplyDelete
  9. တူတူပဲ...မိုးနတ်လဲ pooh လေးကို အားကြီးချစ်တာပဲ
    တော်တော်များများလဲ သူ့ကိုချစ်ကြပါတယ်လေ...
    သိပ်အပြစ်ကင်းတာပဲ...pooh လေးက...

    ReplyDelete
  10. အားပေးသွားပါတယ်လရိပ်ရေ

    ReplyDelete
  11. လရိပ်လေးရေ
    လူတိုင်းမှာအစွဲလန်းအကြိုက် တစ်ခုစီရှိပါတယ်။
    ကိုယ်ကြိုက်တာလုပ်ရရင် ပျော်နေတာဘဲမို့လား။
    ကိုယ်ပျော်ဖို့က အရေးကြီးပါတယ်။
    လောကမှာနေတတ်မှ ပျော်မှာကိုး။
    ပျော်ဖို့အတွက်လည်းနေတတ်အောင်နေရပြန်တာပေါ့။

    ပျော်ရွှင်ပါစေ။။။

    များများလည်း ဝယ်နိုင်ပါစေ...အဟီးးး


    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
  12. ဒီလိုဘဲ ကိုယ်နှစ်သက်တဲ့ ပစ္စည်းဆိုရင် မသုံးရဲ မဝတ်ရဲနဲ့ ဟောင်းနွမ်းပျောက်ပျက်သွားမှာကိုတောင် စိုးရိမ်တတ်ကြတာ သဘာဝပေါ့... ရှော့ပင်းထွက်ရင်လဲ ကိုယ်နှစ်သက်တဲ့ ပစ္စည်းလေးတွေကို ရှာရ ကြည့်ရတာလဲ အမောဘဲ...

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်