Friday, June 29, 2012

ရင်ထဲရှိတာ...

အင်တာနက်ပြန်ရနေပါပြီ။ အိမ်လဲပြောင်းပြီးသွားပါပြီ။ ဦးလေးအိမ်မှာဘဲနေဖြစ်ပါတယ်။

ရန်ကုန်ကို ၁လ ပြန်သွားဖြစ်ပါတယ်။ နေမကောင်းတော့စိတ်ညစ်စရာကောင်းပါတယ်။ ဘယ်နေရာမှ မသွားနိုင်ပါဘူး။ ဆေးခန်းနဲ့အိမ်နဲ့ဘဲသွားဖြစ်ပါတယ်။ သူငယ်ချင်း ကလေးမွေးတာတောင်သွားမကြည့်ဖြစ်ဘူး။ ဒီ တခေါက်ရန်ကုန်ခရီးစဉ်က ဘာမှ ပျော်ရွှင်စရာ မရှိပါဘူး။ ကိုယ်ကိုးကွယ်တဲ့ ပဲခူးက ဆရာတော်ကြီးဆီကိုဘဲရောက်ဖြစ်ပါတယ်။

ကိုယ့်ရဲ့ခင်မင်ရဆုံးသောအွန်လိုင်းက အကို တယောက်လဲ မေလထဲမှာ မင်္ဂလာဆောင်သွားပြီလို့ သတင်းကြားရပါတယ်။ ပျော်ရမလား ၊ ဝမ်းနဲရမလားမသိပါ။ ကိုယ်က သူ့ကို ချစ်နေတာကို။ တကယ်တော့ ဒီသတင်းက မြန်မာပြည်မပြန်ခင်ထဲက သိနေတာပါ။ အဲဒီတုန်းကလဲ ၁လလောက်ဝမ်းနဲလိုက်ရတယ်။ ခုရန်ကုန်ပြန်သွားတော့လဲ ထပ်ဝမ်းနဲတယ်။ သူက သိပ်နောက်တတ်တော့ ဒီသတင်းက တကယ်လား ၊ တကယ်မဟုတ်ဘူးလားဆိုတာ ကိုယ်လဲမသိဘူး။ သူ့သူငယ်ချင်းမေးကြည့်တော့ ကိုရီးယားမှာတုန်းကတော့ ဟုတ်တယ်တဲ့။ ခုရန်ကုန်မှာတော့ မဟုတ်ဘူးတဲ့။ သတင်းတွေက ဘာတွေလဲ မသိပါဘူး။ အိမ်ထောင်ရှိသွားတော့ မလွမ်းသင့်တော့ဘူးမဟုတ်လား။


လေးစားစွာဖြင့်
လရိပ်အိမ်

4 comments:

  1. ဘလော့မှာပြန်လည်ဆုံရလို့ ရင်ထဲက၀မ်းသာမိတယ်သယ်ရင်းရေ
    ကျန်းမာရေးကိုဂရုစိုက်နော်--ဟုတ်တယ် အိမ်ထောင်ရှိနေရင်မလွမ်းသင့်ဘူး

    ReplyDelete
  2. သတိရ တမ်းတ လွမ်းမိတာတွေဟာ စိတ်ကဖြစ်တာမို့ တားလို့ရမယ်မထင်ဘူး။
    စိတ်ကိုအဖြူစင်ဆုံးထားပြီး လွမ်းခြင်သလောက်လွမ်းပစ်လိုက်ပေါ့ လရိပ်ရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. နေကောင်းသွားပြီလား....၊ကျမ်းမာရေးကို ဂုစိုက်ဗျိုး....။

    ReplyDelete
  4. မကြာခင်အိမ်ထေင်ပြုသွားတော့မယ့်..ရင်ထဲက(ချစ်တယ်လို့ မပြောပါ)တန်ဖိုးအကြီးဆုံးနေရာက သံယောဇဉ်နဲ့ ခင်တွယ်နေမိတဲ့ 
    သူ့ ကို...သေမိန့်ရပြီးသားလူတစ်ယောက်လို အဆစ်ဆစ်နဲ့ တစ်ရက်ပြီးတစ်ရက်ထိုင်ကြည့်နေရတဲ အဝေးကလူတစ်ယောက်လဲရှိသေးတယ်.....

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်