Thursday, February 23, 2012

အလွမ်းသင့်မိုးစက်များ

အရာရာဟာ
ဆွေးမြေ.ကြေကွဲလို့ နေတယ်။
ကွန်ပျူတာသုံးတိုင်း
နင့်ကိုသတိရမိတယ်။
တကယ်တော့
နင်ဟာငါ့ဘဝမှာ
အရေးပါဆုံးဘဲ။
ငါမရှိလို့
နင်နေတတ်ပေမဲ့
နင်မရှိလို့
ငါနေတတ်အောင်
ကြိုးစားမယ်။
ငါ ...............
ကိုယ့်ကိုယ်မြတ်နိုးတဲ့လူတစ်ယောက်
အချစ်စစ်ကိုပေးဖို့
ကြိုးစားရင်း
ဘဝကိုရေစုန်မမျှောပစ်ဖို့
ကြိုးစားရင်း
ဒွိဟတွေကြားမှာ
မောပန်းခဲ့တယ်။
နင် .................
ငါ့ကိုမရှာပါနဲ့ တော့
ငါလဲနင့်ကိုမရှာတော့ဘူး။
ဒီလိုနဲ့ ဘဲ
အဆုံးသတ်ရအောင်။


လေးစားစွာဖြင့်
လရိပ်အိမ်

6 comments:

  1. ဒီလိုနဲ့ပဲ အဆုံးသတ်လိုက်တော့မှာလား.....

    ReplyDelete
  2. သံယောဇဉ်တွေ ကုန်သွားရင်တော့
    အဆုံးသတ်နိုင်သွားမှာပါ ..း))
    အားပေးသွားတယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  3. တစ်ကယ်ပဲ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပြီလားသူငယ်ချင်းရေ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  4. ဟင်.. ဒီလိုနဲ့ပဲ အဆုံးသတ်ပြီလား..
    မလုပ်ပါနဲ့.. :P

    ReplyDelete
  5. ဟင်.....
    ဖြစ်နိုင်ပါ့ မလား၊
    “တွယ်တာ” မိခဲ့ တယ်ဆိုရင် မေ့ ချင်ရောင်ဆောင်လို့ မရသလို...
    ချစ်ခဲ့ မိပါတယ်ဆိုရင်လည်း.. မသိချင်ရောင် ဆောင်လို့  မရနိုင်တော့ သလို..
    စ,ကတဲက မချစ်မိဘို့  ကြိုးစားခဲ့ ရင်း .. ချစ်မိခဲ့ တာပဲမလား.....။
    ရို..မေ့ ရို....

    ReplyDelete
  6. အခုတလေအဆွေးလူဖြစ်နေတော့ အလွမ်းကဗျာတွေပဲသီးသန့်အားပေးသွားတယ်။

    ReplyDelete

လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါတယ်။
အားပေးမှုအတွက် ကျေးဇူးပါ။
လေးစားစွာဖြင့်
လရိပ်အိမ်