Sunday, March 16, 2014

သူငယ်ချင်း

သူငယ်ချင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ
ပျော်ရွှင်ယုယမှုတွေရှိတယ် 
ဟန်ဆောင်ပေါင်းသင်းမှုတွေရှိတယ်။
ကိုယ်ကျိုးအတွက်
ခုတုံးလုပ်တဲ့သူတွေရှိတယ်။

သူငယ်ချင်းဆိုတဲ့
စကားလုံးအောက်မှာ
ညှာတာကင်းမဲ့တဲ့
မျက်လုံးအစုံပေါင်းနဲ့
ဒုက္ခရောက်နေတာကို
မိန့်မိန့်ကြီးကြည့်နေတဲ့သူတွေရှိတယ်။

သူငယ်ချင်းဆိုတဲ့
မျက်ဝန်းတွေအောက်မှာ
ကိုယ်ဟာ ..........
ယောင်နနဖြစ်ခဲ့ရဖူးတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်