Wednesday, November 20, 2013

အတွေးလေး


ဆောင်းကအေးပေမဲ့
နှလုံးသားက
မလောင်ကျွမ်းနေခဲ့ဘူး။

ဆောင်းကအေးသလို
နှလုံးသားက
အေးခဲနေခဲ့တာ
ကြာခဲ့ပါပြီ။

ရင်ထဲမှာ
အလွမ်းတွေလဲ
မသိုသိပ်ထားချင်တော့ဘူး။
ကိုယ့်ရဲ့နှလုံးသားလေး
ပုပ်သွားမှာစိုးလို့ပါ။

ဆေးတွေဆိုတာ
ကောင်းတဲ့အရာတော့မဟုတ်ဘူး။
တစ်စုံတစ်ယောက်ကြောင့်
မပုပ်မသိုးဆေးတွေ
ကိုယ့်ရဲ့နှလုံးသားလေးထဲ
အဝင်မခံချင်တော့တာပါ။

လေးစားစွာဖြင့်
လရိပ်အိမ်

P.S  စာမရေးတာ တော်တော်ကြာသွားခဲ့တယ်။ မရေးချင်တာမဟုတ်ပါဘူး ၊ မအားလို့ပါ။   ကျန်းမာရေးမကောင်းပေမဲ့လဲ အသက်ရှင်နေသရွေ့ကြိုးစားနေရအုန်းမယ်။