Tuesday, January 8, 2013

အကြောင်းကြားခြင်း


လရိပ် ခရီးသွားစရာရှိလို့ ဘာမှရေးဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့အကြောင်းလေးပြောချင်တာပါ။ ဒီလ၂၁ ရက်နေ့မှ ပြန်ရောက်ပါမယ်။ အစကတော့ နှစ်သစ်မှာ တင်စရာ တခုရှိတယ်။ လုံးဝမအားဘူးဖြစ်သွားလို့ပါ။ ကွန်ပြူတာမယူသွားတော့ တင်ဖြစ်မှာမဟုတ်ပါဘူး။ ဘယ်ဘလော့ကိုမှလဲ လည်နိုင်မယ်မထင်ပါ။ ပြန်လာမှဘဲလာလည်ပါတော့မယ်။ဒီစာကိုတောင်မှ ရတဲ့အချိန်လေးမှာ ရေးလိုက်တာပါ။ 

လရိပ်ဇန်နဝါရီ၂ရက်နေ့ ဆေးထိုးပြီးပြန်လာတည်းက နေလို့သိပ်မကောင်းဘူး။ လူကအားမရှိသလိုခံစားရတယ်။ ခရီးသွားမှာမို့ လက်ဆောင်ပစ္စည်းတွေဝယ်ရ၊ မြန်မာကနေလာတဲ့ မိတ်ဆွေတစ်ယောက်ကိုလဲ ကူညီရ၊ ပစ္စည်းတွေကိုလဲ ဘတ်ဂေ့ထဲထည့်ရ၊ ကောင်းကောင်းမအိပ်ရ။ မနေ့က ဆေးရုံမှာ သွား သွား ပြတယ်။ အမေ့အကိုရဲ့အမျိုးသမီး (လရိပ်အဒေါ်ပေါ့နော်) ကလဲ လရိပ်ပြတဲ့ဆေးရုံမှာ သွေးဖောက်ရမယ်တဲ့။ အဲဒါ ဆေးရုံနားမှာချိန်းထားတာ ၊ သူက MRT စီးဖို့လမ်းလျှောက်လာတာ လမ်းမှာ ချော်လဲပြီး ခြေထောက်ကျိုးသွားလို့ အရေးပေါ်ရောက်သွားတယ်။ လရိပ်က မနေ့ကညနေသွားကြည့်ချင်တာ ၊ လူက မနိုင်တော့ဘူး။ ပစ္စည်းကလဲထည့်ထားတာ ကီလိုကျော်နေတယ်။ အဲဒါပြန်လုပ်ရ။ ဒီနေ့သူက ခြေထောက်ခွဲရမယ်။ စတီးချောင်းထည့်ရမယ်။ အသက်ကြီးပြီဆိုတော့ အရိုးပွတာထင်တယ်။ ၃ ဆစ်လောက် ကျိုးသွားတယ်။ ဒီနေ့ညနေတော့ သွားကြည့်လိုက်မယ်။ ခရီးမထွက်ခင်လေး သွားကြည့်လိုက်မယ်။ အရမ်းစိတ်မကောင်းဖြစ်တာဘဲ။ စိတ်လဲပူတယ်။ မနက်အစောကြီးခွဲမှာဆိုတော့ လရိပ်မသွားနိုင်ဘူးဖြစ်နေတယ်။ အိပ်ချင်လို့။ ခု မနက် ၂နာရီထိုးပြီ။ ပင်ပန်းလွန်ပြီး အိပ်မပျော်ဖြစ်နေတယ်။ 


လေးစားစွာဖြင့်
လရိပ်အိမ်