Wednesday, November 21, 2012

အတွေးများနေသော...


အမေပြန်သွားပြီးတည်းက ဝမ်းနဲတဲ့စိတ်နဲ့စာတွေမရေးဖြစ်ခဲ့ဘူး။
ရေးထားတာတော့ရှိတယ်။ တဝက်တဝက်တွေနဲ့။
သူငယ်ချင်းတစ်ယောက်က ဆရာဝန်ပါ။ သူက မနှစ်တည်းကလာတာပါ။
သူငယ်ချင်းဆိုပေမဲ့ မြန်မာမှာ တခါဘဲတွေ့ဖူးတာပါ။ အမေရဲ့သူငယ်ချင်းက မိတ်ဆက်ပေးတာပါ။
လရိပ်ညီမဝမ်းကွဲလေးနဲ့နေတဲ့မြို့တူပါတယ်။ အိမ်နီးပါတယ်။ သူတို့က ညကျောင်းတက်တော့ ကိုယ့်ထပ်ပိုရင်းနှီးခင်မင်ပါတယ်။
လရိပ်ကအဲဒီမြို့နယ်မှာနေချင်တာ ၊ ဟိုးအထက်တန်းကျောင်းမတက်ခင်တည်းက။ အဲဒီအထက်တန်းကျောင်းကအဲမှာမဟုတ်ဘူး။ လရိပ်က အဲဒီမြို့နယ်ကညဈေးနားမှာ အိမ်ငှါးနေချင်တာ၊ခုတော့ အလုပ်မလုပ်နိုင်လို့ပိုက်ဆံမရှိလို့ဦးလေးအိမ်မှာလာနေတာ။ သူတို့နဲ့မြို့နယ်တူဘူး။
လရိပ်ဆေးရုံတက်ရ နေမကောင်းဖြစ်နေတာနဲ့တလောကမှ တွေ့ဖြစ်တာပါ။
ဒီမြို့နဲ့ဝေးတဲ့နေရာမှာသူ တနှစ် ဟောက်(စ) ဆင်းရမှာဖြစ်ပါတယ်။
အဲဒီအတွက် ထပ်ဝမ်းနဲနေပါတယ်။
လရိပ်နဲ့နေ့လည်တည်းကချိန်းထားတာ ၊ သူကျောင်းပြန်ရင် အွန်လိုင်းမှာတွေ့မယ်ဆိုပြီး ညီမဝမ်းကွဲနဲ့ညဈေးလိုက်သွားတယ်။
ဖုန်းဆက်တော့ သူမဟုတ်ဘူး၊ သူ့အဖေဖြစ်နေတယ်။ စစ်ဆေးမေးမြန်းနေတာနဲ့။ နေမကောင်းတော့ အသံကဘာဖြစ်နေမှန်းမသိဘူး။ အဲဒါသူ့အဖေက ဘာသံလဲတဲ့။ ဘာပြောတာလဲ ၊ ဘယ်သူလဲနဲ့ စုံသွားတာဘဲ။
အဲဒါနဲ့ ညီမဆီဆက်ကြည့်တော့ ညဈေးသွားတာတဲ့ ၊ သူဖုန်းကျန်ခဲ့လို့တဲ့။
စိတ်မကောင်းတော့ဖြစ်သွားတယ်။ လရိပ်နဲ့အရင်ချိန်းထားတာလေ။ ဘာဖြစ်လို့အဲလိုလုပ်တာလဲ။

တနင်္ဂနွေက လရိပ်ရယ်၊ သူရယ်၊ ညီမဝမ်းကွဲ၂ယောက်ရယ်၊ ညီမဝမ်းကွဲ ၂ယောက်ထဲက သူနဲ့နဲနဲဘဲခင်တဲ့ညီမဝမ်းကွဲတယောက်ရဲ့သူငယ်ချင်းမြေပဲမတယောက်ရယ် ရှော့ပင်းသွားကြတာ။
သူနဲ့ခင်တဲ့ညီမလေးက ၁နာရီခွဲချိန်းတာ။ ဒါပေမဲ့ လရိပ်က မြေအောက်ရထားကိုသွားတဲ့ကားအလကားရလို့မြေအောက်ရထားစီးပြီးလာတာ ပိုစောရောက်တယ်။ ၁နာရီ၁၀မိနစ်ဆိုရောက်ပြီ။
သူတို့၃ယောက်က ၂နာရီမှရောက်တယ်။ အဲဒါ သူနဲ့ခင်တဲ့ညီမလေးကို ဆူတယ်ဗျာ။
ခု သူကျတော့ဘာထူးတုန်း၊ ၉နာရီခွဲကျောင်းဆင်းတာ ၊ ၁၁နာရီခွဲခါနီးမှရောက်လာပြီးစကားလာပြောတယ်။ အိမ်နဲ့ကျောင်းနဲ့နီးနီးလေးကို။ ညဈေးသွားကြတာလေ။
ဒီမှာကဝမ်းနဲလို့မပြီးသေးဘူး။ ၁၂နာရီခွဲတော့ သူအိပ်ချင်ပြီတဲ့။ နေ့လည်ထဲက ချိန်းတာ ကွန်ပြူတာမအားဘူးတဲ့။ လရိပ်လဲစောင့်လိုက်တာ မွန်းကြပ်လာလို့အပြင်ထွက်သွားတယ်။
သူတက်လာရင်ကိုယ်မရှိတော့မကောင်းမှာစိုးလို့ဖုန်းဆက်ပြီးပြောတယ်။ အွန်လိုင်းမတက်လာနဲ့တော့လို့၊အပြင်ရောက်သွားပြီလို့။ သူက ဘာဖြစ်လို့လဲတဲ့။
လရိပ်က ဖုန်းထဲမှာမပြောချင်ဘူးလို့၊ ငိုလိမ့်မယ်လို့ပြောတော့ သူဘဲပြောတာ ကျောင်းဆင်းရင် အွန်လိုင်းတက်ခဲ့မယ်တဲ့။

ပြီးတော့ လရိပ် နေမကောင်းဖြစ်နေပါတယ်။ မအိပ်နိုင်တာ ၂ရက်ရှိပါပြီ။ အိပ်ချင်တယ် ၊ အိပ်လို့မရတာ။
ရင်တုန်ပြီးတော့ တော်တော်မောတယ်လို့ ခံစားနေရပါတယ်။ (mitral valve prolapse) ပါ။
သိပ်အရေးမကြီးဘူးလို့ထင်ပါတယ်။ ဆေးတော့ရှိတယ်။
ဆရာဝန်သွားပြရင်ကောင်းမလားလို့ထလာပြီး အွန်လိုင်းတွန်ကင်လာယူတာ။ ယူမရဘူးဖြစ်နေတယ်။ မနက်မှ တွန်ကင်ယူကြည့်လိုက်အုန်းမယ်။


လရိပ်သိသလောက်ပေါ့လေ ... ညီမဝမ်းကွဲခေါ်တဲ့နေရာတိုင်း သူလိုက်တယ်။ ပြီးတော့ ကျောင်းက ညီမလေးနားမလည်တဲ့စာတွေရှင်းပေးတယ်။
ခုလရိပ်က နက်ဖန် တနင်္ဂနွေတုန်းကသွားတဲ့နေရာသွားမယ် ၊ တယောက်ထဲသွားမှာလဲ သူသိတယ်။ သူဒီတလောအရမ်းအလုပ်များနေပါတယ်တဲ့။
သူကကူညီချင်ပါတယ်တဲ့။ လရိပ်က သူ့ကိုမခေါ်သွားချင်ပါဘူး။ ရှော့ပင်းဆိုတာ ယောက်ကျားလေးတွေ အမုန်းဆုံးနေရာမဟုတ်လား။ ခေါ်ဖို့အစီအစဉ်မရှိပါဘူး။
အဲလိုငြင်းတဲ့အတွက် ထပ်ဝမ်းနဲပါတယ်ကွယ်။
ရှော့ပင်းတော့မကြိုက်ဘူး။ ဒါမဲ့ ညဈေးကိုတော့ သူကပစ္စည်းတွေကြည့်ချင်တယ်ဆိုပြီးအထပ်ထပ်အခါခါပြောသွားတယ်။ သူအဲလိုပြောလိုက်မှ ဆေး၂ခါ ဆက်သောက်ဖြစ်သွားတာ။

ဆေးမသောက်တာကြာသွားပြီမို့ ခုပြန်သောက်နေပါတယ်။  ခုဘဲ သောက်တာ ၂ခါဆက်တိုက်ရှိပြီ။
မနက်ကောင်းသွားရင်တော့ သွားမပြတော့ဘူး။ နောက်အပတ်စောင့်ကြည့်လိုက်အုန်းမယ်။
အားလုံးရဲ့ဘလော့ကိုတော့လာဖြစ်နိုင်အောင်ကြိုးစားပါ့မယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

Friday, November 9, 2012

မျှော်လင့်ခြင်း


ဘဝ ပင်ပန်း ကြမ်းတမ်းလွန်းတော့
ကောင်းကင်ကိုလဲ မော့မကြည့်အားဘူး
ပူလောင်လွန်းတဲ့ဘဝအတွက်
လေပြေညင်းတွေ
ကြယ်စင်တွေ ကောင်းကင်မှာ
ရှိတာသူမသိခဲ့ဘူးလေ............

မျှော်လင့်မထားပဲ
အဲဒီပေါ်ရောက်သွားဖူးတယ်
ကြယ်စင်တွေက လှတယ်နော်
လေပြေအေးရယ်တန်ဖိုးရှိလိုက်တာ
လမင်းရဲ့အလင်းနဲ့လောကကိုအပေါ်ဆီးက
လှပစွာမြင်ခဲ့ဖူးတယ်...............
ကျနော်လေ ဘဝတောင်မေ့ခဲ့တယ်

ဟိုး~~~~အမြင့်ကြီ:ရောက်မှ
ဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်
အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်
မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်
လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်
မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ။


လေးစားစွာဖြင့်
လရိပ်အိမ်